Motorola Moto E5 Play ၏ ဒီဇိုင်းဓာတ်ပုံထွက်ပေါ်လာ

ယခုနှစ်အစောပိုင်းတုန်းက  Motorola ရဲ့စမတ်ဖုန်းသစ်တစ်လုံးဖြစ်တဲ့ Moto E5 ရဲ့ ဓာတ်ပုံ တစ်ပုံ ပေါက်ကြားခဲ့ဖူးပါတယ်။ ဒီနေ့မှာ တော့ Moto E5 ရဲ့Play ဗားရှင်းရဲ့ မျက်နှာပြင် ဓာတ်ပုံ ထွက်ပေါ်လာခဲ့ပါတယ်။ စမတ်ဖုန်းသတင်းတွေကို ဖွင့်ချလေ့ရှိတဲ့ @evleaks က တွစ်တာမှာ တင်လာခဲ့တာလည်း ဖြစ်ပါတယ်။

ယခု ထွက်ပေါ်လာတဲ့ ဓာတ်ပုံက Moto E5 Play ရဲ့မျက်နှာပြင်ကို အဓိကထားတဲ့ ဓာတ်ပုံ ဖြစ်ပါတယ်။ မျက်နှာပြင်မှာ လက်ဗွေရာစနစ် မတွေ့ရပါဘူး။ ကျောဘက်မှာ ထည့်သွင်းလာဖို့ ရှိပါတယ်။ ကျောဘက်ကင်မရာရဲ့အောက်မှာ ထည့်သွင်းလာနိုင်ပါတယ်။ ဖုန်းအောက်ဘက်မှာ Motorola ရဲ့လိုဂိုကို ထည့်သွင်းထားပါတယ်။ မျက်နှာပြင်၅လက်မဖြစ်နိုင်ပြီး  အချိုးကတော့ လက်ရှိ trend ဖြစ်နေတဲ့ 18:9 ကိုမသုံးထားဘဲ 16:9 လာမှာဖြစ်ပါတယ်။

Motorola ဟာ ဒီဖုန်းကို အမေရိကန်စမတ်ဖုန်းဈေးကွက်မှာ Verizon ၊ Cricket တို့မှ တစ်ဆင့် ရောင်းချသွားမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ Moto E5 Play မှာ အသုံးပြုလာမယ့် စနစ်များနှင့် ဈေးနှုန်းကို မသိရသေးပါဘူး။ ဒီသတင်းက Moto E5 Play နှင့်ပတ်သက်ပြီး ပထမဆုံးထွက်ပေါ်လာတဲ့သတင်းလို့တောင် ဆိုနိုင်ပါတယ်။

ကေကေ(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*