၂၀၂၀ တွင် ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှုစနစ် တွင်ကျယ်လာစေရန် ရည်ရွယ်ပြီး MPT မှ မိုဘိုင်းငွေကြေးဝန်ဆောင်မှုစနစ်ကို စတင်မိတ်ဆက်

MPT Mobile Money သည် မိုဘိုင်းငွေကြေးဝန်ဆောင်မှုစနစ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင်းရှိ သုံးစွဲသူပြည်သူများအတွက် မိုဘိုင်းငွေကြေးဝန်ဆောင်မှုပေါင်းများစွာကိုပေးနိုင်ရန် ရည်ရွယ်သောစနစ်ဖြစ်သည်။ ရန်ကုန်မြို့ Pan Pacific Hotel တွင် စက်တင်ဘာလ (၁၈)ရက်မှ (၁၉)ရက်နေ့ထိကျင်းပခဲ့သော Myanmar Connect 2108 အခမ်းအနားသို့ MPT Mobile Money မှတာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး စကားဝိုင်းဆွေနွေးပွဲများတွင်လည်း ပါဝင်ဆွေးနွေးခဲ့ကြသည်။
 
Myanmar Connect သည် နှစ်စဉ်ကျင်းပသောပွဲဖြစ်ပြီး ၎င်းပွဲသို့ ဘဏ္ဍာရေးဆိုင်ရာနယ်ပယ်အသီးသီးမှ ကိုယ်စားလှယ်များ၊ ဆက်သွယ်ရေးနှင့် နည်းပညာနယ်ပယ်များမှ တာဝန်ရှိသူများ၊ ကိုယ်စားလှယ်များ အသီးသီးတက်ရောက်ခဲ့ကြပြီး စကားဝိုင်း ဆွေးနွေးပွဲများတွင် အသီးသီးဝင်ရောက်ဆွေးနွေးခဲ့ကြသည်။
စကားဝိုင်းဆွေးနွေးမှုများတွင် အဖွဲ့အစည်းအချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ကောင်းမွန်စွာယှဉ်ပြိုင်ခြင်းများမှတစ်ဆင့် မြန်မာနိုင်ငံ၏ မိုဘိုင်းငွေကြေး ဝန်ဆောင်မှုစနစ်တိုးတက်အောင် ဆောင်ရွက်သွားနိုင်မှာဖြစ်ကြောင်း MPT Mobile Money မှ CEO ဖြစ်သူ Mr. Rozano Planta က ဆွေးနွေးခဲ့သည်။
 
“ဝန်ဆောင်မှုပေးတဲ့သူတွေအနေနဲ့ တစ်ဦးနဲ့တစ်ဦးယှဉ်ပြိုင်မှုကနေ အကျိုးဖြစ်ထွန်းမှု ရလဒ်ကောင်းတွေရမယ်။ အသိပညာ၊ အရင်းအမြစ်တွေကို ယှဉ်ပြိုင်တာက ပိုကောင်းမွန်ပြီး မတူတဲ့ကွဲပြားမှုကိုဖြစ်စေနိုင်ပါတယ်။ ဝန်ဆောင်မှုပေးတဲ့သူတွေအနေနဲ့ လုပ်ငန်းလည်ပတ်မှုကို ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာ လေ့လာလို့ရသွားမယ်။ အတူတကွ ပူးပေါင်းဆောင်ရွက်မှုကနေ စိတ်တူ ကိုယ်တူ မိတ်ဖက်ဆက်ဆံရေးတွေ ဖြစ်ထွန်းလာမယ်။ နည်းပညာတွေ အပြန်အလှန်ဖလှယ်ခြင်းကနေ ဈေးကွက်တစ်ခုလုံးကို တူတူတိုးချဲ့နိုင်မယ် သုံးစွဲသူတွေကို အသိပညာပေးတဲ့နေရာမှာ အတူတူ ပူးပေါင်းဆောင်ရွက်နိုင်လာမယ်” ဟု၎င်းက ပြောကြားခဲ့သည်။
 
MPT Mobile Money သုံစွဲသူများအား အသိပညာပေးမှုအပိုင်းနှင့်ပတ်သက်ပြီး Mr.Planta က “သုံးစွဲသူတွေအနေနဲ့ မိုဘိုင်းငွေကြေးစနစ်ကို မှန်မှန်ကန်ကန်သုံးတတ်စေဖို့ အသိပညာပေးနိုင်ခြင်းက Consumer behavior ကို ပြောင်းလဲတာရဲ့ အဓိကအချက်ပါပဲ။ အဲဒီလိုပဲ သုံးစွဲသူကို ဗဟိုပြုတဲ့ချဉ်းကပ်မှုမျိုး (Consumer Centric) ဖြစ်ဖို့လိုပါတယ်။ ဝန်ဆောင်မှုပေးတဲ့သူ တွေအနေနဲ့ သုံးစွဲသူတွေ စိတ်ချယုံကြည်မှု ရရှိနိုင်ဖို့ ကြိုးစားရင်းနဲ့ ပြိုင်ဆိုင်မှုတွေကို ရင်ဆိုင်သွားသင့်ပါတယ်။ နောက်ဆုံးမှာ ကိုယ့်လုပ်ငန်း ကိုယ့်ဝန်ဆောင်မှုကို တိုးတက်စေမလား ကျဆုံးသွားစေမလားဆိုတာ ပြိုင်ဘက်ကဆုံးဖြတ်ပေးတာမဟုတ်ပါဘူး ။ သုံးစွဲသျူတွေကသာ အဆုံးအဖြတ်ပေးသွားမှာပါ” ဟုဆက်လက်ပြောကြားခဲ့သည်။
 
MPT Mobile Money ၏ အကြောင်း
MPT Mobile Money သည် မကြာမီ စတင် အကောင်အထည် ဖော်တော့မည့် မိုဘိုင်းလ်ငွေကြေး ဝန်ဆောင်မှုလုပ်ငန်း (Mobile Financial Services) လုပ်ငန်းတစ်ခုဖြစ်သည်။ MPT Mobile Money အနေဖြင့် လျှင်မြန်စွာ တိုးတက်ပြောင်းလဲနေသည့် မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းနှင့် အခြားငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများကို အသုံးပြုရန် လက်လှမ်းမမှီသေးသည့် လူအများအတွက် အလွန်အကျိုးရှိုပြီး လိုအပ်လျက်ရှိနေသည့် မိုဘိုင်းလ်ငွေကြေး ဝန်ဆောင်မှုမျာ ပေးအပ်သွားရန် ရည်ရွယ်ထားပါသည်။ သန်းပေါင်းများစွာသော ပြည်သူ အများအနေဖြင့် MPT Mobile Money ဝန်ဆောင်မှုများကို အသုံးပြုပြီး မိမိတို့၏ ငွေကြေးသုံးစွဲမှုနှင့် စီမံခန့်ခွဲမှုများကို မိမိ၏ မိုဘိုင်းလ်ဖုန်းများမှတစ်ဆင့် အချိန်မရွေး၊ နေရာမရွေး လုံခြုံစိတ်ချ၊ လွယ်ကူလျှင်မြန်စွာ လုပ်ဆောင်သွားနိုင်မည် ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*