မကြာခင် ရုံတင်ပြသတော့မယ့် “မုဒြာရဲ့ ခေါ်သံ” ရုပ်ရှင်ဇာတ်ကား

ပရိသတ်တွေ တခဲနက်အားပေးခဲ့ကြတဲ့ “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားရဲ့ ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ နောက်ထပ်လက်ရာတစ်ခုဖြစ်တဲ့ ပရိသတ်အများအပြား မျှော်လင့်စောင့်စားနေကြတဲ့ “မုဒြာရဲ့ခေါ်သံ” ရုပ်ရှင်ဇာတ်ကားရဲ့ Red Carpet Show ကို မတ်လ ၁၂ရက်နေ့က ရန်ကုန်က JCGV ရုပ်ရှင်ရုံတွေမှာ ကျင်းပသွားခဲ့တာပဲ ဖြစ်ပါတယ်။ “မုဒြာရဲ့ခေါ်သံ” ဇာတ်ကားကိုတော့ ၂၀၁၄က စတင်ရိုက်ကူးခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမှာ ရုံတင်ပြသခွင့်ရဖို့ ၄နှစ်တာ စောင့်ဆိုင်းခဲ့ရတယ်လို့ သိရပါတယ်။

Image may contain: 2 people, people standing, mountain and nature

 

Image may contain: 6 people, people smiling, text

Image may contain: 1 person, smiling, standing

Image may contain: 3 people, people standing

ဒီဇာတ်ကားမှာတော့ မြန်မာနိုင်ငံရဲ့ အလှအပတွေကို ရင်သက်ရှုမောဖွယ်မြင်တွေ့ရမယ့်ဇာတ်ကားပါ “မုဒြာရဲ့ခေါ်သံ”ဟာ နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ ပြသခွင့်ရပြီး ဆုတွေ အများကြီး သိမ်းပိုက်နိုင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားလည်း ဖြစ်ပါတယ်။

Image may contain: 4 people, people standing

Image may contain: 4 people, people smiling, people standing and text

Image may contain: 2 people, people sitting, night and text

“မုဒြာရဲ့ခေါ်သံ” ကတော့ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ၉ခုမှာ ပြသခွင့် ရခဲ့ပြီး Mexico International Film Festival 2017 မှာ Silver Palm Award ဆု ၊ International Student Newcomer Woman Film Festival 2017 မှာ Platinum Award ဆုတို့ကို ရရှိထားခဲ့တာပဲ ဖြစ်ပါတယ်။ နောက်ပြီး ဒီဇာတ်ကားရဲ့ ဒါရိုက်တာကတော့ ခရစ္စတီးနားခီ ဖြစ်ပြီး မင်းသား ဇာဏ်ခီ နဲ့ မင်းသမီး လှယဉ်ကျေးတို့က အဓိက ပါဝင်ထားပါတယ်။ မတ်လ ၁၆ ရက်နေ့မှာလည်း “မုဒြာရဲ့ခေါ်သံ” ကိုရုံတင်ပြသသွားမှာလည်း ဖြစ်ကာ ဆက်လက်ပြီး ဒီဇာတ်ကားကလည်း “ဥပါတ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားတုန်းကလိုပဲ အောင်မြင်မှုမှတ်တိုင် ထပ်ပြီး စိုက်ထူနိုင်မလားဆိုတာကို မကြာခင် ပရိသတ်တွေ အကဲဖြတ်ပေးနိုင်တော့မှာပဲ ဖြစ်ပါတယ်။

Image may contain: 2 people, people smiling, closeup

Image may contain: 3 people, people smiling, people sitting

Image may contain: 1 person, smiling, sitting and indoor

Source: Mudras Calling’s page

KM (ShweInnLay)

Be the first to comment

Leave a Reply

Your email address will not be published.


*