Latest post

ထမင်းစားပြီးပြီးချင်းမှာ လုံးဝ လုံးဝ မလုပ်သင့်တဲ့ အရာ ၅မျိုး

လူတော်တော်များများဟာ ထမင်းစားပြီးတာနဲ့ လဲလျောင်းတာ ၊ TV ကြည့်တာမျိုးတွေကို လုပ်တတ်ပါတယ် ။ ဒီလိုအကျင့်ဆိုးတွေဟာ ကြာလာလျှင် ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ် ။ ဒီလိုအကျင့်ဆိုးတွေထဲကမှ အောက်ဖော်ပြပါ အရာ ၅မျိုးကိုတော့ ထမင်းစားပြီးပြီးချင်းမှာ လုံးဝမလုပ်မိစေဖို့ သတိပေးလိုပါတယ်။

ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်းက ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်တာကို သိသော်လည်း ဒီအကျင့်ကိုတော့ အတော်များများ မစွန့်ပစ်နိုင်ကြပါဘူး ။ အထူးသဖြင့် ထမင်းစားပြီးတာနှင့် ချက်ချင်း ဆေးလိပ် သောက်တတ်ကြပါတယ် ။ ထမင်းစားပြီးချိန်နှင့် အနည်းဆုံး ၁နာရီ ၊ ၂နာရီခန့် ကြာပြီးမှသာ ဆေးလိပ်သောက်သုံးသင့်တယ်ဆိုတာကို အထူးသတိပြုဖို့ လိုပါတယ် ။ စီးကရက်မှာပါဝင်တဲ့ နီကိုတင်းဓါတ်က အစာခြေစနစ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အောက်ဆီဂျင် ပိုကဲမှုကို ချုပ်နှောင်ထားနိုင်ထားနိုင်သောကြောင့် ခန္ဓာကိုယ်တွင်းသို့ carcinogens ဓါတ်တွေကို ပုံမှန်ထက်ပိုပြီး စုပ်ယူစေပါတယ် ။ လေ့လာတွေ့ရှိမှုတွေအရ ထမင်းစားပြီးပြီးချင်း စီးကရက် ၁လိပ်သောက်ခြင်းက သာမန်ချိန်မှာ စီးကရက် ၁၀လိပ် တပြိုင်တည်းသောက်ခြင်းနှင့် ညီမျှတယ်လို့ ဆိုပါတယ် ။ ဒါ့အပြင် အဆုတ် နှင့် အူမကြီးကင်ဆာ ဖြစ်ပွါးနိုင်မှုကိုလည်း မြင့်မားစေနိုင်ပါတယ်။

အသီးများစားခြင်း

အများစုဟာ ထမင်းစားပြီးတာနှင့် အသီးများကို အချိုတည်းစရာအဖြစ် စားသုံးတတ်ကြပါတယ် ။ အသီးစားမယ်ဆိုလျှင် ထမင်းမစားခင် စားသုံးတာက ပိုပြီး ကောင်းမွန်ပါတယ် ။ အသီးတွေဟာ အစာခြေနိုင်ဖို့အတွက် မတူညီတဲ့ အင်ဇိုင်းတွေကို လိုအပ်ပါတယ် ။ အသီးမှာပါဝင်တဲ့ သကြားဓါတ်တွေကို ကောင်းမွန်စွာ စုပ်ယူနိုင်ဖို့အတွက် အချိန်လိုအပ်ပါတယ် ။အသီးမှာပါဝင်တဲ့ အာဟာရဓါတ်၊ အမျှင်ဓါတ် နှင့် သကြားဓါတ်တွေဟာ အစာအိမ်တွင်း ဘာမှမရှိချိန်တွင်သာ ကောင်းကောင်းစုပ်ယူနိုင်ပါတယ် ။ အစာစားပြီးမှ စားသုံးလျှင် အစာမကြေခြင်း ၊ ရင်ပူခြင်း နှင့်  လေပျို့လေချဉ်တက်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

အိပ်စက်ခြင်း

ထမင်းစားပြီးပြီးခြင်း အိပ်စက်ခြင်းက ဗိုက်ပူခြင်း ၊ ခန္ဓာကိုယ် သက်တောင့်သက်သာ မဖြစ်စေခြင်းနှင့် အိပ်စက်ခြင်းဆိုင်ရာ ပြဿနာတွေကို ခံစားရနိင်ပါတယ် ။ အိုင်အိုနီးယား ဆေးတက္ကသိုလ်ရဲ့ လေ့လာတွေ့ရှိမှုတွေအရ ထမင်းစားပြီး အချိန်အတော်ကြာမှ အိပ်စက်တတ်သူတွေဟာ လေဖြတ်မှုအန္တရာယ်မှ ပိုပြီး လျော့နည်းနိုင်တယ်လို့ ဆိုပါတယ် ။ ဒါ့ကြောင့် ထမင်းစားပြီးလျှင် ချက်ချင်းမအိပ်သေးဘဲ အနည်းဆုံး ၁နာရီခန့်ကြာမှ အိပ်သင့်ပါတယ်။

ရေချိုးခြင်း

အစာစားပြီးပြီးချင်း ရေတန်းချိုးခြင်းက လက်နှင့်ခြေထောက်တွေကို သွေးစီးဆင်းမှု မြင့်တက်စေကာ အစာအိမ်တွင်းတော့ သွေးလည်ပတ်မှု လျော့ကျသွားစေပါတယ် ။ ဒ့ါကြောင့်ပင် အစာအိမ်နာခြင်း နှင့် အစာမကြေခြင်းတို့ကို ဖြစ်စေနိုင်ပါတယ် ။

လက်ဖက်ရည်  ၊ ရေနွေးကြမ်းသောက်ခြင်း

ထမင်းစားပြီးပြီးချင်း လုံးဝ လက်ဖက်ရည် ၊ ရေနွေးကြမ်း မသောက်ပါနှင့် ။ လက်ဖက်ရည်မှာ ပါဝင်တဲ့ tannic acid က ခန္ဓာကိုယ်ရဲ့  သံဓါတ်စုပ်ယူမှုကို အနှောင့်အယှက်ကောင်းကောင်း ပေးနိုင်ပါတယ် ။ လေ့လာမှုတွေအရ ထမင်းစားပြီးပြီးချင်း လက်ဖက်ရည်သောက်ခြင်းက သံဓါတ်ကို  ၈၇ ရာခိုင်နှုန်းထိ လျော့ကျသွားစေတယ်လို့ ဆိုပါတယ်။ ခန္ဓာကိုယ်မှာ သံဓါတ်နည်းတဲ့အခါ သွေးအားနည်းရောဂါ ဖြစ်စေရုံသာမက အစားစားချင်စိတ်လျော့နည်းခြင်း ၊ အသားအရေဖြူလျော်ခြင်း ၊ ရင်ဘတ်နာခြင်း ၊ ခြေလက်များအေးစက်ခြင်း ၊ ခေါင်းမူးခြင်း နှင့် အလွန်အကျူး မောပန်းခြင်းများကိုပါဖြစ်စေနိုင်ပါတယ်။

အထက်ဖော်ပြပါ ၅ချက်ကို နေ့လည်စာ ၊ ညစာ စားပြီးပြီးချင်းတိုင်းမှာ  မလုပ်မိစေဖို့ အတွက် မိတ်ဆွေ၊မိသားစုများကိုလည်း ကျန်းမာရေးအသိလေး မျှဝေပေးဖို့ တိုက်တွန်းရင်း….

CHAN (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*