မိတ်ကပ်မဖျက်ဘဲ အိပ်တဲ့အခါ မျက်နှာမှာ ဘာတွေဖြစ်လာနိုင်လဲ..

မိတ်ကပ်လိမ်းရတာ မပျင်းပေမယ့် မိတ်ကပ်ဖျက်ဖို့တော့ အလွန်ပျင်းတဲ့ မိန်းမလှလေးတွေ ရှိပါတယ်။ အထူးသဖြင့် ညဘက်အိပ်တဲ့အခါ တစ်နေကုန်လိမ်းထားတဲ့ မိတ်ကပ်ကို ကုန်စင်အောင် ဖျက်ပစ်ဖို့ လိုပါတယ်။ ဓါတုပစ္စည်း အနည်းနှင့်အများ ပါဝင်သော cosmetics ပစ္စည်းတွေကို မိမိမျက်နှာပေါ်မှာ တစ်ညလုံးထားပြီး အိပ်မယ်ဆို တခြားနောက်ဆက်တွဲဆိုးကျိုးတွေများစွာ ရှိလာနိုင်ပါတယ်။

၁။ယားယံခြင်း

မိတ်ကပ်မဖျက်ဘဲအိပ်ခြင်းကို သင့်ကို အရေပြားယားယံမှုတွေ ဖြစ်လာစေနိုင်ပါတယ်။

၂။ညိုမည်းလာခြင်း

Cosmetics တွေမှာပါဝင်တဲ့ ပစ္စည်းတွေဟာ ချွေးပေါက်တွေကို ပိတ်ဆို့စေပြီး အရေပြားကို ညိုမည်းစေတဲ့ ဓါတ်တွေကို ထွက်ပေါ်စေပါတယ်။ မျက်နှာအသားအရေဟာ ကြည်လင်မှုမရှိဘဲ ညိုညစ်နေတယ်ဆိုလျှင်တော့ ညဘက်တိုင်း မျက်နှာကို သန့်စင်ပြီးမှ အိပ်ပါ။

၃။အရေးအကြောင်းများဖြစ်ခြင်း

နောက်ထပ်ပြဿနာတစ်ခုကတော့ အရေးအကြောင်းတွေကို မြန်မြန်ဖြစ်စေတာပါပဲ။ ညဘက်မှာ မိတ်ကပ်မဖျက်ဘဲ မျက်နှာသန့်စင်မှုမရှိတဲ့အခါ အလွန်မှုန်မွှားသေးငယ်သော ဇီဝရုပ် နှင့် ပိုးမွှားငယ်လေးများဟာ မျက်နှာပေါ်မှာ ကျန်ရှိနေပြီး ထိုအရာတွေက အရေးအကြောင်းဖြစ်ဖို့ကို အားပေးနေပါတယ်။

၎။အရေပြား ပျက်စီးစေခြင်း

မိတ်ကပ်မဖျက်ဘဲ အိပ်စက်ခြင်းကြောင်း အရေပြားကို ပျက်စီးစေတာကြောင့် ဝက်ခြံများ ပေါက်လာတတ်ပါတယ်။ အရေပြား ကျန်းမာမှုမရှိသောကြောင့် အခြားသော အရေပြားဆိုင်ရာ ပြဿနာရပ်များလည်း လွယ်ကူစွာ ဖြစ်ပေါ်လာတတ်ပါတယ်။

၅။အရေပြားပိုးကူးစက်မှုဖြစ်ခြင်း

မိတ်ကပ်မဖျက်ခြင်းကြောင့် အရေပြားယားယံမှုကို ဖြစ်စေပြီး ထိုယားယံမှုမှတဆင့် အရေပြားပိုး ကူးစက်ခြင်းတွေ ဝင်ရောက်လာနိုင်ပါတယ်။

၆။နီးမြန်းရောင်ရမ်းစေခြင်း

အလှကုန်ပစ္စည်းတွေဟာ အရေပြားဆဲလ်တွေကို တုန့်ပြန်သက်ရောက်မှုရှိနိင်ပြီး ယားယံမှုတွေဖြစ်စေကာ မျက်နှာပြင်တစ်ခုလုံး နီးမြန်းကာ ရောင်ရမ်းခြင်းတွေထိ ဖြစ်လာစေနိုင်ပါတယ်။

ကဲ..မိန်းကလေးတို့ရေ လှပဖို့မိတ်ကပ်လိမ်းသလို အရေပြားကျန်းမာလှပဖို့အတွက်လည်း ညမအိပ်ခင်မှာ လိမ်းထားတဲ့ မိတ်ကပ်တွေကို သန့်စင်ပစ်ဖို့ လိုပါတယ်နော်။

CHAN (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*