ဒေါ်လာ ၁၀၀အောက် စမတ်ဖုန်း Nokia 2

HMD Global အနေနဲ့ သူတို့ရဲ့ Entry-level အဆင့်ရှိတဲ့ စမတ်ဖုန်း Nokia 2 ကိုအောက်တိုဘာလမှာ တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ တကယ်ကို ဈေးသက်သာတဲ့ Android စမတ်ဖုန်းလို့ ဆိုနိုင်ပါတယ်။ စမတ်ဖုန်းသစ်ကို ရုရှားနဲ့ တောင်အာဖရိက ဈေးကွက်မှာ စတင်ဖြန့်ချိပေးခဲ့ပြီး အမေရိကန်နဲ့ တခြားဈေးကွက် တွေကိုတော့ နောက်ပိုင်းမှ ဖြန့်ချိပေးမယ်လို့ ဆိုခဲ့ပါတယ်။

ဒီနေ့မှာတော့ Nokia 2 ကိုအမေရိကန် အွန်လိုင်းအရောင်းဆိုင်တွေဖြစ်တဲ့ Amazon, B&H နဲ့ Best Buy တို့မှာ ကြိုတင်မှာယူမှု ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။  ဖုန်းဟာ စွမ်းအားအလွန် ကောင်းမွန်တဲ့ ဘက်ထရီနဲ့ ပွဲထွက်ထားတာ ဖြစ်ပါတယ်။ သင့်ရဲ့တရက်တာလုံးကို အပြည့်အဝ အသုံးပြုနိုင်မယ့် 4,100 mAh နဲ့ ဖြစ်ပြီး ဒါဟာအတော်ကြီး အသုံးခံနိုင်တဲ့ ပမာဏလို့ ဆိုနိုင်ပါတယ်။

Nokia 2 မှာ အခြားလုပ်ဆောင်ချက်တွေ အနေနဲ့  ၅လက်မ မျက်နှာပြင်မှာ 720p display နဲ့ဖြစ်ပါတ်။ အချက်အလက်သိုလှောင်နိုင်မှုအတွက် 1GB RAM မှာ 8GB သိုလှောင်နိုင်မှုနဲ့ဖြစ်ပြီး ထပ်မံတိုးချဲ့လို့လည်း ရနိုင်ပါတယ်။ ပရိုဆက်ဆာပိုင်းမှာတော့ Snapdragon 212 chipset တပ်ဆင်ပေးထားမှာဖြစ်ကာ၊ အဓိက ကင်မရာလုပ်ဆောင်ချက် ကတော့ 8 MP မှာ LED flash တပ်ဆင်ပေးထားပါတ်။ Selfies ကင်မရာကိုတော့  5 MP အဆင့်သာ ပေးထားပါတယ်။ ဒီဖုန်းဟာ အမေရိကန်နိုင်ငံရဲ့ GSM-based အော်ပရေတာတွေဖြစ်တဲ့ AT&T နဲ့ T-Mobile ကွန်ရက်တွေသာ သင့်တော်မှာဖြစ်ပါတယ်။ အခြားကွန်ရက် ချိတ်ဆက်သူတွေဖြစ်တဲ့ Sprint သို့ Verizon ကွန်ရက်မှာတော့ အလုပ်လုပ်မှာ မဟုတ်ဘူးလို့ သိရှိရပါတယ်။

KK(shweinnlay)

 

Be the first to comment

Leave a Reply

Your email address will not be published.


*