Latest post

စေ့စပ်ပြီးနောက် စိတ်ညစ်နေတဲ့ ဂျက်စတင်ဘီဘာရဲ့ဓာတ်ပုံတွေထွက်ပေါ်လာ

ဂျက်စတင်ဘီဘာတစ်ယောက် သူ့ရဲ့စေ့စပ်ပွဲအပြီးမှာ လုံးဝမပျော်ရွှင်ဘူးဆိုတဲ့ ပုံရိပ်တွေထွက် ပေါ်လာပါတယ်။ ရည်းစားဟောင်း ချစ်သူမိန်းကလေး ဟာလေးနဲ့ စေ့စပ်ပြီးနောက် သူ့ရဲ့ခံစား ချက်တွေက သိပ်ကောင်းပုံမရဘူးလို့ပဲ ဆိုရမယ့် ပုံရိပ်တွေပါ။

စေ့စပ်ပြီးတဲ့နောက်မှာ သူတို့နှစ်သားရဲ့ ရိုမန်းတစ်ဆန်တဲ့ ခရီးကနေ နယူးယောက်သို့ ပြန်လာခဲ့ပြီး ပထမဆုံးထွက် ပေါ်လာခဲ့တဲ့ ဂျက်စတင်ဘီဘာရဲ့ ပုံရိပ်တွေဟာ တကယ့်ကို စိတ်မောဖွယ်ရာ၊ စိတ် ရှုပ်စရာတွေ ရှိနေလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းကဆိုရင် ဘီဘာက သူ့ရဲ့စေ့စပ်ထားတဲ့ မိန်းကလေး ဘရွတ်ကလင်းတို့ မိသား စုရဲ့ တိုက်ခန်းအပြင်ဘက် အုတ်ခုံတစ်ခုမှာ ဖုန်းပြောနေခဲ့ပြီး တော့ သူ့ကို မြင်ရတာဆိုရင် တစ်စုံ တစ်ရာအကြောင်းအရင်းကြောင့် စိတ်ရှုပ်ထွေးနေတဲ့ ပုံစံဖြစ်နေခဲ့တာကို တွေ့ရပါတယ်။ ဘီဘာက ချစ်သူမိန်းကလေး ဟာလေးတို့ မိသားစုနဲ့ မိဘတွေကို သွားရောက်တွေ့ဆုံဖို့ဖြစ်ခဲ့ပြီးတော့ သူဟာ ပျော်ရွှင်နေပုံမရပါဘူး။

ဘီဘာဟာ တစ်ခုခုနဲ့ပတ်သက်ပြီး စိတ်ဖိစီးမှုဖြစ်ပေါ်နေသလို ဖြစ်နေခဲ့တယ်လို့ သတင်းတွေက ခန့်မှန်းပြောကြားထားပါတယ်။ ချစ်သူမိန်းကလေး ဟာလေးဘယ်လ်ဝင်းနဲ့ စေ့စပ်လိုက်တာကို ချစ်သူရဲ့ မိဘဖြစ်သူတွေဆီကနေ အသိမှတ်ပြုဆန္ဒမွန် ဆုတောင်းစကားတွေလည်း ရရှိခဲ့ပြီးဖြစ်ပေ မယ့်လည်း ဂျက်စတင်ဟာ အနည်းငယ်စိတ်ရှုပ်ထွေးစရာ၊ စိုးရိမ်ပူပန်တာတွေ ခံစားနေရတဲ့ ပုံရိပ် ဖြစ်ပေါ်နေတယ်ဆိုတာကိုတော့ အတပ်ပြောလို့ရနိုင်ပါတယ်။

မကြာသေးမီတုန်းက သတင်းတွေအရမ်းဟော့ခဲ့တဲ့ ဂျက်စတင်ဘီဘာက လွန်ခဲ့တဲ့ ရက်သတ္တပတ် လောက်တုန်းက ချစ်သူဟောင်း မိန်းကလေး ဟာလေးနဲ့ ဘက်ဟားမတ်စ်မှာ စေ့စပ်ခဲ့ကြတာဖြစ်ပါတယ်။

မေ(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*