Latest post

ပါကစ္စတန်နိုင်ငံမှာ Valentine’s Day(ချစ်သူများနေ့) ဆင်နွှဲခွင့်ပိတ်ပင်

ဖေဖော်ဝါရီလ ၁၄ရက်နေ့မှာ တစ်ကမ္ဘာလုံးက ချစ်သူစုံတွဲတွေ ပျော်ပျော်ပါးပါးဆင်နွှဲကြတဲ့ Valentine’s Day(ချစ်သူများနေ့)ကို ပါကစ္စတန်နိုင်ငံမှာတော့ ပိတ်ပင်ထားတယ်လို့ သိရပါတယ်။ ပါကစ္စတန်နိုင်ငံမှာ ဗယ်လင်တိုင်းဒေးကို ချစ်သူစုံတွဲတွေ ပါဝင်ဆင်နွဲခွင့်ကို ၂၀၁၇ ခုနှစ်ကတည်းက တားမြစ်ခဲ့တာပဲ ဖြစ်ပါတယ်။

ချစ်သူစုံတွဲတွေအနေနဲ့ လူမြင်ကွင်း၊ အများပြည်သူနဲ့ဆိုင်တဲ့ public နေရာမျိုးတွေမှာ ဗယ်လင်တိုင်းဒေး ဆင်နွှဲမယ်ဆိုရင် လူ့အဖွဲ့အစည်းမှာ ကိုယ်ကျင့်သိက္ခာမဲ့မှု၊ အဖော်အချွတ်များနဲ့ မဖွယ်မရာပြုလုပ်တာတွေ ပြန့်နှံ့စေတဲ့အပြင် အစ္စလာမ်ဘာသာနဲ့ ကိုက်ညီမှုမရှိဘဲ အနောက်တိုင်း ဆန်တဲ့ ယဉ်ကျေးမှုတွေ လွှမ်းမိုးမှု ဖြစ်ပေါ်စေနိုင်တဲ့ အတွက် ၂၀၁၇ ခုနှစ် ဖောဖော်ဝါရီလ ၁၃ ရက်နေ့က ဒီတားမြစ်ချက်ကို ပါကစ္စတန်တရားရုံးက ထုတ်ပြန်လိုက်တာပဲ ဖြစ်ပါတယ်။

ချစ်သူစုံတွဲတွေ ပါဝင်ဆင်နွှဲခြင်း ပိတ်ပင်ခံရရုံသာမက ဗယ်လင်တိုင်းဒေးနဲ့ ပတ်သတ်တဲ့ ကြော်ငြာများ၊ ကုန်ပစ္စည်းရောင်းချမှုများကိုလည်း ထုတ်လုပ်ရောင်းချခွင့် ပိတ်ပင်ထားတယ်လို့ သိရပါတယ်။  ဒီတားမြစ်ချက်က ယခုနှစ်အတွက် ဆက်ပြီးအကျုံးဝင်နေသေးတယ်လို့ တရားရုံးက ဆုံးဖြတ်လိုက်တာ ဖြစ်ပြီး ပါကစ္စတန်နိုင်ငံမှာ ဗယ်လင်တိုင်းဒေး ကျင်းပခွင့်မရတာဟာဆိုရင် ၂နှစ်မြောက်ဖြစ်သွားပါပြီ။

ဒါပေမဲ့ ဒီဆုံးဖြတ်ချက်အပေါ် ဝေဖန်မှုတွေ ဆက်တိုက်ထွက်ပေါ်နေပါတယ်။ လူ့အဖွဲ့အစည်းနဲ့ နိုင်ငံအတွက် တကယ့်ကိုအရေးပါတဲ့ ကိစ္စတွေအပေါ် ဆုံးဖြတ်ချက်တွေ ချမှတ်ရမယ့်အစား အရေးမပါတဲ့ ကိစ္စရပ်တွေကို အာရုံစိုက်နေတယ်လို့ ပါကစ္စတန်လူငယ်များက ဝေဖန်ပြောဆိုခဲ့ကြတာပဲ ဖြစ်ပါတယ်။

နန်း(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*