လစဉ်ဓမ္မတာလာတဲ့ကြာချိန်ရက်ရှည်ကြီးကို ဒီလိုနည်းနဲ့လျှော့ချမယ်

အမျိုးသမီးများ လစဉ်ဓမ္မတာလာတဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက်ကြာချိန်ရက်က မတူညီကြပါဘူး။ အချို့က ၃ရက်ဖြစ်ပေမယ့် အချို့က ၇ရက်လောက်ထိကို ကြာရှည်တတ်ပါတယ်။ ရာသီလာစဉ်အတွင်းမှာ ဝမ်းဗိုက်နာကျင်တာ၊ ခြေလက်ကိုက်ခဲတာ စတာတွေကို ရက်ကြာရှည်စွာ ခံစားနေသလို ဖြစ်နေပါတယ်။ ဒါ့ကြောင့် ဒီလိုရှည်ကြာလွန်းတဲ့ရက်ကို လျှော့ချချင်တယ်ဆိုရင်တော့ နေထိုင်စားသောက်မှုပုံစံတွေကို ပြုပြင်ဖို့လိုပါတယ်။ အချို့က ရက်ကြာရှည်စွာ ဓမ္မတာလာတာဟာ မျိုးရိုးဗီဇအရဖြစ်တာပါ။ ဒါပေမယ့် အချို့ကျတော့ နေထိုင်စားသောက်မှုပုံစံမမှန်တာကြောင့် ရက်ကြာရှည်နေတာပဲ ဖြစ်ပါတယ်။ ကျန်းမာရေးလိုက်စားမှု မရှိတာကြောင့် အတွင်းဘက်က သွေးတွေစီးဆင်းမှုကလည်း နှောင့်နှေးကြန့်ကြာနေတာပါ။ ၃ရက်နဲ့ပြီးရမယ့်အစား ၅ ရက်၇ရက်လောက်အထိဖြစ်နေတာက နာကျင်မှုကို ကြာရှည်စွာခံစားရသလို လူလည်းပင်ပန်း၊ စိတ်လည်းပင်ပန်းလှပါတယ်။ မျိုးရိုးဗီဇအရ ရက်ရှည်တာက ကျန်းမာရေးကို မထိခိုက်နိုင်ပေမယ့် ကျန်းမာရေးချို့တဲ့မှုကြောင့် ဒီလိုရက်ရှည်ကြီးဖြစ်နေတယ်ဆိုရင်တော့ စိုးရိမ်စရာပါပဲ။ ဒါ့ကြောင့် ၇ရက်ဖြစ်နေတာကို ၃၊ ၄ရက်ထဲနဲ့ အပြီးဖြတ်ချင်တယ် ဆိုရင်တော့ အခုဖော်ပြပေးမယ့် အချက်လေးတွေကို လိုက်နာဖို့ လိုပါတယ်။

(၁) ရေနွေးအိတ်ကပ်ပါ။

ဓမ္မတာလာစဉ်ဗိုက်အောင့်တာ၊ ခါးအောင့်တာက သဘာဝပါပဲ။ ဒါပေမယ့် ရက်ကြာရှည်စွာဒီလိုဖြစ်နေတယ်ဆိုရင် သွေးစီးဆင်းမှုနှောင့်နှေးနေတာကြောင့်ပါ။ အတွင်းဘက်မှ အေးခဲနေတာမျိုးမဖြစ်အောင် ရေနွေးအိတ်ကပ်ပေးပါ။ နာကျင်မှုကိုလည်း သက်သာစေသလို သွေးစီးဆင်းမှုကိုလည်း လျင်မြန်စေပါတယ်။

(၂) ဆီမွှေးနဲ့ပွတ်လိမ်းပေးပါ။

ဝမ်းဗိုက်ကြောတစ်လျှောက်နဲ့ သားအိမ်အတွင်းသွေးလည်ပတ်မှု ကောင်းမွန်စေဖို့အတွက် ဆီမွှေးသုတ်လိမ်းပြီး massage သဘောမျိုး ညင်သာစွာပွတ်လိမ်းပေးရမှာပဲ ဖြစ်ပါတယ်။ ဆီမွှေးပြုလုပ်ရာမှာ အပူပေးထားတဲ့ ဗာဒံအဆီလက်ဖက်ရည်ဇွန်း၃ဇွန်းနဲ့ လာဗင်ဒါဆီမွှေး ၆စက်ရောစပ်ပြီး ဝမ်းဗိုက်ပေါ်ကို ညင်သာစွာပွတ်လိမ်းပေးပါ။ ဒီအဆီက သားအိမ်တွင်းမှာ ခဲကျန်နေမယ့်အရာတွေကို အလျင်မြန်ဆုံးစီးဆင်းစေပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေတာကြောင့် ရက်တိုအတွင်းသွေးများကင်းစင်စေမှာပါ။

(၃) ဗီတာမင်စီဓာတ်မှီဝဲပါ။

ဗီတာမင်စီဓာတ်က သွေးသားသန့်စင်စေတဲ့ ဆေးလို့ပြောရင်လည်း မမှားပါဘူး။ ဒါ့အပြင် ဓမ္မတာလာစဉ်အတွင်း နာကျင်ကိုက်ခဲတာကိုလည်း သက်သာစေနိုင်ပါသေးတယ်။ ဗီတာမင်စီဆေးဝါးတွေကို မသောက်သုံးချင်ဘူးဆိုရင် ဗီတာမင်စီဓာတ်ပါဝင်တဲ့ အစားအစာများကို ရွေးချယ်စားသုံးနိုင်ပါတယ်။ သင်္ဘောသီး၊ ပန်းဂေါ်ဖီပွင့်၊ စပျစ်သီး၊ ခရမ်းချဉ်သီး၊ ဘယ်ရီသီး၊ ကီဝီသီး စတာတွေက ဗီတာမင်ဓာတ်ကြွယ်ဝစွာပါဝင်ပါတာကြောင့် စားသုံးလို့ရပါတယ်နော်။

(၄) လေ့ကျင့်ခန်းပြုလုပ်ပါ။

ပြင်းထန်တဲ့လေ့ကျင့်ခန်းမျိုးမဟုတ်ဘဲ သွေးလည်ပတ်မှုကောင်းမွန်စေတဲ့ ယောဂကျင့်စဉ်ကို ပြုလုပ်ဖို့ လိုပါတယ်။ ရက်ကြာရှည်စွာဓမ္မတာလာတဲ့ အမျိုးသမီးများအနေနဲ့ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးရင် ရက်ခဏအတွင်း သွေးများကင်းစင်စေပါတယ်။ သွေးများထိန်ချန်နေပြီး ရက်ကြာရှည်စွာဖြစ်နေတာအတွက် စိတ်ပူစရာမလိုတော့ပါဘူး။ ဒါ့အပြင် နာကျင်မှုကိုလည်း သက်သာစေတာကြောင့် ရက်ကြာရှည်စွာလာတဲ့ အမျိုးသမီးများအတွက် ရက်လျှော့ချနိုင်တဲ့ နည်းလမ်းကောင်းလေးပါပဲ။

စံပယ်(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*