ဆေးရုံတတ်နေရတဲ့ လူနာကလေးတွေကို ငွေကြေးတစ်ချို့ လှူဒါန်းခဲ့တဲ့ သရုပ်ဆောင်သဉ္ဇာနွယ်ဝင်း

ဖေဖော်ဝါရီလ ၁၇ရက် (ဒီနေ့)မှာ သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းတို့ မိသားစုကတော့ ဆေးရုံမှာရှိတဲ့ မပြေလည်တဲ့ ကလေးငယ်တွေအတွက် ငွေကြေးထောက်ပံ့ပေးမှုအဖြစ် ပရဟိတအလှူ ပြုလုပ်ခဲ့ပါတယ်။

Image may contain: 2 people, people sitting and people standing

Image may contain: 1 person, sitting, wedding and child

Image may contain: 2 people, people sitting and indoor

“မျက်ရည်လည် ၀မ်းသာကြည်နူးဖြစ်ရတဲ့ အလှူဒါနလေးပါ ဆေးရုံအသီးသီးမှာ မပြေလည်တဲ့ ကလေးငယ်တွေကို တဦးလျှင် ၅ သောင်းကျစီ လှူဒါန်းဖို့ ရည်ရွယ်လာခဲ့ပေမယ့် ကလေးငယ်များကိုလဲ မြင်ရော ညီမလေးဟာ သူ့ အမျိုးသားဆီ တိုးတိုးလေးကပ်ပြောလိုက်တယ် ခဏနေတော့ အိတ်အနီနဲ့ ထုပ်ထားတဲ့ ကြွတ်ကြွတ်အိတ်ကို ဖြေပြီး ငွေကိုအုပ်လိုက်စီ လှူပါလေရော ခင်ဗျာ ကလေးတဦးကို ၅ သောင်းကနေ 1 သိန်းခွဲထိ ရသွားကြတယ် ကလေးတွေကတော့ ဦးနှောက်အကြိတ်တည်၊ ခေါင်းရေအိတ်တည်၊ အဓမ္မပြုကျင့်ခံရမှု၊ မီးလောင်ပြင်းထန် ၂ ဦး ကို ၂ ခါ ထပ်လှူ၊ အူကျ ၊ အသည်း ၊ ကျောက်ကပ် ၂ ဦး၊ သွေးကင်ဆာ ၊ ရင်ခွင်မဲ့ကလေးတဦး ၊ သက်ကြီးတဦး ၊ ရတဲ့အချိန်လေးမှာ သနားကရုဏာစိတ်အပြည့်နဲ့ လှူဒါန်းလိုက်တာများ မြင်ရသူရော လက်ခံရရှိသူရော အတိုင်းမသိကြည်နူးဝမ်းသာကြတယ် ညီမလေးတို့ မိသားစု အမြဲတမ်းကျန်းမာချမ်းသာ ရှိပါစေ ခင်ဗျာ” ဆိုတဲ့ ကိုဖိုးဇော်ရဲ့ facebook စာမျက်နှာကနေတဆင့် ပုံနှင့်တကွ ပြောထားတာကိုလည်း တွေ့ရပါတယ်။

Image may contain: 7 people, people sitting and people standing

Image may contain: 9 people, wedding and child

အခုဆိုရင် ပျော်ရွှင်စရာမိသားစုတစ်ခုအဖြစ် သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းတို့ ဇနီးမောင်နှံကတော့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး တရုတ်နှစ်သစ်ကူးလေးမှာ ကောင်းမွန်တဲ့အလှူဒါနကို ပြုလုပ်လိုက်တာပဲ ဖြစ်ပါတယ်။

Image may contain: 3 people, people standing

Source: Phoe Zaw’fb

KM (ShweInnLay)

 

Be the first to comment

Leave a Reply

Your email address will not be published.


*