သင့်လက္ခဏာကိုကြည့်ပြီး ပြောနိုင်တဲ့ အချစ်ရေး နဲ့ အိမ်ထောင်ရေး

အခုဖော်ပြပေးသွားမယ့် အကြောင်းလေးကိုတော့ အမျိုးသမီးတော်တော်များများ စိတ်ဝင်စားကြမယ် ထင်ပါတယ် ။ ကိုယ့်ရဲ့ အချစ်ရေး ၊ အိမ်ထောင်ရေးအကြောင်းကို လက္ခဏာဆရာဆီ သွားစရာမလိုဘဲ ကိုယ့်ဘာကိုယ် ကြည့်နိုင်လို့ ရတဲ့ အလွယ်နည်းလမ်းလေးပါ ။ ပုံမှာဖော်ပြထားတဲ့ အနီရောင်လမ်းကြောင်းက အိမ်ထောင်ရေး လမ်းကြောင်းဖြစ်ပြီး သင့်ရဲ့အနာဂတ်အချစ်ရေးနဲ့ပတ်သတ်လို့ အနည်းငယ်ပြောပြနိင်ပါတယ်။ ပုံပါအတိုင်း လက်သန်းထိပ်ဆုံးအဆစ်နဲ့ ညှိပြီး ဘယ်လက်နဲ့ညာလက်ကို ညီအောင်ညှိပါ ။ ညှိပြီးပြီဆိုရင်တော့ အိမ်ထောင်ရေးလမ်းကြောင်းကို ကြည့်လို့ရပါပြီ။

၁။ လမ်းကြောင်းနှစ်ဖက်လုံးက တတန်းတည်းညီနေရင် သင့်ရဲ့ ချစ်သူကို သင့်ရဲ့မိသားစုရော အသိုင်းအဝိုင်း ၊ အပေါင်းအသင်းများက လက်ခံသဘောတူကြည်ဖြူပြီး သူ့ကိုလည်း ချစ်ခင်နှစ်သက်ကြပါလိ့မ်မယ် ။

၂။ ညာဘက်လမ်းကြောင်းက အနည်းငယ်မြင့်နေတယ်ဆိုရင်တော့ ကိုယ့်ထက်အသက်ကြီးသူနဲ့ အိမ်ထောင်ကျနိုင်ပြီး ပတ်ဝန်းကျင်ရဲ့ ဝေဖန်မှုတွေကို ဂရုမစိုက်ဘဲ ကိုယ့်ဆုံးဖြတ်ချက်အတိုင်း ရဲဝံ့စွာ ပြုမူတတ်ကြပါတယ် ။

၃။ဘယ်ဘက်လမ်းကြောင်းက မြင့်နေတယ်ဆိုရင်တော့ သင်ဟာ အချစ်အတွက် သတ္တိရှိသူ ၊ ရဲရင့်သူကြီးလို့ ပြောလို့ရပါတယ် ။ အခက်အခဲတွေကြုံနေရင်တောင် အချစ်အတွက် အရာရာကို ရင်ဆိုင်ရဲတဲ့စိတ်အပြည့်ရှိတဲ့ သူမျိုးတွေဖြစ်ပါတယ် ။ ဒီလိုလက္ခဏာပိုင်ရှင်တွေဟာ ရုပ်ရည်အားဖြင့် ချောမောလှပတတ်ပြီး ကျောင်းသား/သူ (သို့) foreigner တို့နှင့် အိမ်ထောင်ကျတတ်တာမျိုးလည်း ရှိပါတယ်။
အားလုံးပဲ ပျော်ရွှင်ကြပါစေ..

CHAN (ရွှေအင်းလေး)

 

Be the first to comment

Leave a Reply

Your email address will not be published.


*