လေယာဉ်ပေါ် ဆိုးရွားတဲ့လေလည်အနံ့ကြောင့် ခရီးသည်တွေအသက်ရှူမရပဲ လေယာဉ်အရေးပေါ်ဆင်းသက်ခဲ့ရ

ဒူဘိုင်းကနေ အမ်စတာဒန်ကို ပျံသန်းနေတဲ့ လေယာဉ်တစ်စီးပေါ် ခရီးသည်တစ်ဦးမှ အလွန်ပြင်းထန် ဆိုးရွားတဲ့ အနံ့ထွက်ပေါ် လာအောင် လေလည်ခဲ့မိလို့ လေကြောင်းပျံသန်းမှု အရေးပေါ်ဆင်းသက်ခဲ့ ရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်တုန်းကဆိုရင် တရန်ဆားဗီးနား လေကြောင်းလိုင်းလေ ယာဉ်ပေါ်လိုက်ပါစီးနင်းလာတဲ့ ခရီးသည်တွေအကြား ဒက်ရှ်နိုင်ငံသားအမျိုးသားနှစ်ဦးရဲ့ ဘေးဘက် က ခရီးသည်အမျိုးသားတစ်ဦးဟာဆိုရင် အနံ့အသက်ဆိုးရွားလွန်းစွာ လေလည်ခဲ့လို့ တခြားသော ခရီးသည်တွေမှာ အသက်ရှူမရတော့ပဲ အရေးပေါ်အသက်ရှူပိုက်တွေ အသုံးပြုခဲ့ရကာ လေယာဉ်မှာ လည်း အရေးပေါ်ဆင်းသက်ခဲ့ရတာဖြစ်ပါတယ်။

လေကြောင်းလိုင်းက တာဝန်ရှိသူတွေနဲ့ စက်မောင်းနှင်ဝန်ထမ်းတွေဟာ ဒီလိုမျိုး ခရီးသည်လူအများ ကြားထဲ ဒီလိုမျိုး အရှက်မဲ့စွာအား မနာတဲ့လုပ်ရပ်နဲ့ ပတ်သက်ပြီးတော့ သတိပေးမှုတွေပြောကြားခဲ့ပေ မယ့်လည်း ခရီးသည်အချင်းချင်းမှာတော့ သည်းခံနိုင်ခြင်းမ ရှိခဲ့ တာကြောင့် စကားအချေအတင်များ ခိုက်ရန်ဖြစ်ပွားမှု တွေဖြစ်လာပါတယ်။ ဒီ့အတွက်ကြောင့် တစ်ဦးနဲ့တစ်ဦး ထိုးကြိတ်ရိုက်နှက်မှုတွေ ဖြစ်ခဲ့လို့ လေကြောင်းပျံသန်းမှုကို အရေးပေါ်ရပ်နားပြီး ဗီနားလေဆိပ်မှာလွှဲပြောင်းပြီး ပျံသန်းမှုပြု လုပ်ခဲ့တယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေကတော့ လေလည်ခြင်းကနေ အစပြုပြီးဖြစ်ပေါ်လာတဲ့ လေယာဉ်ပေါ်က ခိုက်ရန်ဖြစ် ပွားခြင်းနဲ့ပတ်သက်ပြီးတော့ ညီအစ်မနှစ်ဦး၊ အမျိုးသားနှစ်ဦးနဲ့ ခေါ်ဆောင်လာတဲ့ ခွေးတွေကို လေ ယာဉ်ပေါ်ကနေ ဖယ်ရှားပစ်ခဲ့တယ်လို့ သိရပါတယ်။ အသက် ၂၅ နှစ်အရွယ် ဥပဒေကျောင်းသူတစ် ဦးနဲ့ အစ်မဖြစ်သူတို့ကို ဖယ်ရှားပစ်ခဲ့လို့ အဆိုပါအမျိုးသမီးတွေမှာ လေယာဉ်ပေါ် အမှားအယွင်းတစ် စုံတစ်ရာ မပြုလုပ်ခဲ့ပါပဲ ဖယ်ရှားခြင်းခံခဲ့ရလို့ တရားရုံးတော်တက် တရားစွဲဆိုခြင်းတွေလည်း ပြုလုပ်ခဲ့ ကြပါတယ်။

မေ(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*