တစ်ကိုယ်လုံးခွဲစိပ်ပြုပြင်ထားတဲ့ အမျိုးသမီးက အခေါင်းလှလှတစ်လုံးရှာနေတယ်လို့ ဖွင့်ဟလာ

ပေါင်တစ်သိန်းဖိုးလောက် ပလက်စတစ်ဆာဂျရီ ခွဲစိပ်ကုသမှု ပြုလုပ်ထားတဲ့ ကလေးအမေတစ်ဦးဟာ သူမရဲ့ ဒီလိုခွဲစိပ်ကုသပြုပြင် မှုတွေမှာ စွဲလမ်းရူးသွပ်နေခြင်းက သူမကို သေစေနိုင်ပြီးတော့ သိပ်မကြာ ခင်ပဲ အခေါင်းလှလှတစ်လုံးကို ကြိုတင်ပြင်ဆင်ထားရဖို့ ရှိနေတယ်လို့ ဖွင့်ဟပြောလာပါတယ်။

အမေရိ ကန်ပြည်ထောင်စု၊ အရှေ့ဆာဆက်စ်မှာ နေထိုင်တတဲ့ အသက် ၄၃ နှစ်အရွယ် မိခင်အမျိုး သမီး အီမီဗီနက်စ်ဆိုသူဟာ သူမရဲ့ မျက်နှာနဲ့ ခန္ဓာကိုယ် နေရာအနှံ့ကို အပ်ကျစရာ မရှိတော့လောက် အောင်ကိုပဲ တစ်ကိုယ်လုံး ခွဲစိပ်ပြုပြင်ထားတယ်လို့ သိရပါတယ်။

ဘိုတောက်စ်နဲ့ ထိုးပြီးတော့ နှာ ခေါင်းပြုပြင်ထားတာက ပေါင် ၃၅၀၀၊ မျက်ရစ်ခွဲစိပ်ထားတယ်။ နှုတ်ခမ်းထိုးထားတယ်။ နောက်ပြီး မျက်လုံးအောက်က ခွဲစိပ်ပြုပြင်ထားတဲ့ ကုသမှု ပေါင်၄၀၀၀ တန် စရိတ်အ ကုန်ကျခံပြီးပြုပြင်ထား တယ်လို့ သိရပါတယ်။

ဒါ့အပြင် သူမဟာ တရားမဝင်တဲ့ ဆေးဝါးကုသမှု ဟော်မုန်းထိုးသွင်းခြင်းတွေနဲ့ သူမရဲ့အရေပြားခန္ဓာ ကိုယ်အရွယ်တင်နုပျိုအောင်ပြု လုပ်ထားလို့ နာကျင်မှုဝေဒနာနဲ့ ကာလကြာဖျားနာခြင်း၊ မကျန်းမာခြင်း ဝေဒနာကိုလည်း ခံစားနရတယ်လို့ သိရပါတယ်။

သူမရဲ့ ရင်ဘတ်အရွယ်အစားကိုလည်း ကြီးမားတဲ့ ဆီလီကွန်ထိုးသွင်းခြင်းတွေ လုပ်ဆောင်ထားလို့ တင်းရင်းပြီး လှပနေပေမယ့်လည်း သူမမှာ နာကျင်တဲ့ ဝေဒနာကို ခံစားနေရတယ်လို့ ပြောပြပါတယ်။

ဒီလိုမျိုး စိတ်ကျေနပ်ပြည့်ဝစေတဲ့ ခန္ဓာကိုယ်အလှအပ ခွဲစိပ်ပြုပြင်ခြင်းတွေ လုပ်ထားလို့ နာကျင်မှုဝေဒ နာတွေ၊ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်ပေမယ့်လည်း သူမက ကျေနပ်တယ်လို့ ဆိုပါတယ်။

ကြည့် ကောင်းပြီး လှပနေတဲ့ သူမရဲ့ခန္ဓာကိုယ်အလှအပအတွက် တစ်ချိန်မှာလိုအပ်လာမယ့် အခေါင်းလှလှ တစ်လုံးကိုလည် သူမရှာဖွေရအုန်းမယ်လို့ ပြောထားပါတယ်။

မေ(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*