တရုတ်နှစ်သစ်ကူးအတွက် အထူးထုတ် Razer စမတ်ဖုန်း

2018 ခုနှစ်ဟာ တရုတ်ပြက္ခဒိန်အရကြည့်မယ်ဆိုရင် ခွေးနှစ်ကျရောက်ပါတယ်။ Razer က တရုတ်နှစ်သစ်ကူးအတွက် သူယခင်နှစ် နိုဝင်ဘာလမှာ ရောင်းချထားခဲ့တဲ့ Razer Phone ရဲ့ အထူးထုတ် မော်ဒယ်ကိုကြေညာလိုက်ပါတယ်။ သူ့ရဲ့ အမည်ကRazer Phone 2018 Gold Edition ဖြစ်ပြီးရွှေရောင် Razerစတစ်ကာများပါတဲ့ အထူးထုတ် ဘူးခွံထဲမှာထည့်ပေးထားပါတယ်။ စမတ်ဖုန်းရဲ့ အနောက်ဘက်မှ ခေါင်းသုံးလုံးပါတဲ့ လိုဂိုကိုရွှေဖြင့် သွန်းလောင်းထားပါတယ်။ ဒီဇိုင်း၊ Specifications များနဲ့ ဈေးနှုန်းများဟာမူလမော်ဒယ်နဲ့ တူညီပါတယ်။ သူ့ကိုဒေါ်လာ 700 ဖြင့် ရောင်းချပေးနေပါတယ်။

Razer Phone မှာ 5.7 လက်မ QHD IGZO LCD Display တပ်ဆင်ထားပြီးဂိမ်းကစားရာမှာ လျှင်မြန်စေဖို့ 120Hz Refresh Rate ကိုအသုံးပြုထားပါတယ်။ GPU နဲ့ Display ကို Sync လုပ်ပေးတဲ့ Adaptive Refresh နည်းပညာပါပါတယ်။ဒီနည်းပညာကို Qualcomm နဲ့ ပူးပေါင်းထုတ်လုပ်ထားတာဖြစ်ပြီး UltraMotionလို့ အမည်ပေးထားပါတယ်။ သူ့ကိုအလူမီနီယမ်ကိုယ်ထည်ဖြင့် ဖန်တီးထားပါတယ်။ အရှေ့ဘက်မှ စပီကာနှစ်လုံးမှာ Dolby Atmos Sound ပါတဲ့အတွက် အသံအရည်အသွေးအလွန်ကောင်းမွန်ပါတယ်။ သူ့မှာယခင်နှစ်ထုတ် စွမ်းဆောင်ရည်မြင့် Chipset ဖြစ်တဲ့ Qualcomm Snapdragon 835 Chipset မောင်းနှင်ထားပါတယ်။ Dual ကင်မရာတပ်ဆင်ထားတဲ့ဖုန်း ဖြစ်ပြီးအနောက်ဘက်မှာ 12 Megapixel နဲ့ 13 Megapixel Camera နှစ်လုံး တပ်ဆင်ထားပါတယ်။

အရှေ့ဘက်မှာ 8 Megapixel Camera တစ်လုံးပါပါတယ်။ ဂိမ်းများကစားရာမှာ လျှင်မြန်စေဖို့အတွက် 8GB RAM ထည့်ပေးထားပါတယ်။ ဘေးဘက်မှ ပါဝါခလုတ်အောက်မှာ လက်ဗွေရာအာရုံခံကိရိယာကို မြှပ်နှံထားပါတယ်။ လက်ရှိမှာ Android 7.1.1 Nougat ထည့်ပေးထားပြီးယခုနှစ်အစောပိုင်းမှာ Android Oreo ကိုအဆင့်မြှင့်ပေးမှာပါ။ ဘက်ထရီက4000mAh ဖြစ်ပြီး Storage က 64GB ဖြစ်ပါတယ်။ 7 နာရီကြာဂိမ်းများတောက်လျှောက်ကစားနိုင်ပါတယ်။

ကေကေ(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*