Girl Generation အဖွဲ့တွင် ယွန်းနာကို အလယ်မှာထားရတဲ့အကြောင်းရင်း

ကေပေါ့အဖွဲ့တွေမှာ အဖွဲ့ဝင်တစ်ယောက်ရွေးချယ်ပြီး အလယ်နေရာထားတာဟာ ယေဘုယျအားဖြင့် အဖွဲ့ဝင်တစ်ယောက်ရဲ့ အောင်မြင်ကျော်ကြားမှုနှင့် ရုပ်ရည်ချောမောမှုတို့ပေါ် အခြေခံတယ်လို့ ယူဆရပါတယ်။ ဒါကြောင့် MBC ရုပ်သံလိုင်းက Girl Generation အဖွဲ့ဝင်ယွန်းနာရဲ့ အဖွဲ့ရဲ့အလယ်နေရာကို ရရှိခြင်းနဲ့ပတ်သက်လို့ အသေးစိတ်ဆွေးနွေးခဲ့ပါတယ်။

အပေါ်မှာဖော်ပြခဲ့တဲ့ အောင်မြင်ကျော်ကြားမှုနှင့် ရုပ်ရည်ချောမောမှုတို့အပြင် ယွန်းနာဟာ အဖွဲ့ဝင်တွေအားလုံးထက် စီနီယာအကျဆုံး ဖြစ်တာကြောင့်လည်း ဖြစ်ပါတယ်။

Girl Generation ကို S.M. Entertainment မှ ၂၀၀၇ ခုနှစ်က ဖွဲ့စည်းပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအဖွဲ့မဖွဲ့ခင် ၂၀၀၂ ခုနှစ်ကတည်းက ယွန်းနာဟာ S.M. Entertainment နဲ့ အလုပ်တွဲလုပ်နေပြီ ဖြစ်ပါတယ်။ S.M. Entertainment အောက်မှာပဲ အသံစစ်ပွဲကအစပြုလို့ သရုပ်ဆောင်၊ ဂီတဗီဒီယိုနှင့် ကြော်ငြာတွေအတွက် အချိန် ၅ နှစ်ကြာ အတူလုပ်ခဲ့ပြီး ၂၀၁၇ အရောက်မှာမှ Girl Generation အဖြစ် လှုပ်ရှားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအချက်တွေအပြင် သူမရဲ့ရုပ်ရည်ချောမောမှုနှင့် ကျော်ကြားမှုကြောင့်လည်း သူမကို အဖွဲ့ရဲ့အလယ်နေရာကို ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။

ခမ်းမူး (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*