ချေဖျောက်ဖို့ခက်တဲ့ သွားချေးကျောက်တွေကို ရှင်းပစ်နိုင်မယ့် နည်းလမ်း

သွားချေးကျောက်တွေဟာ သွားအပြင်အပေါ်ဘက်နားနှင့် အောက်အတွင်းဘက်တွေမှာ ရှိတတ်ပါတယ်။ဒါတွေကြောင့် ကြည့်ရဆိုးသလို ခံတွင်းနံ့လည်း နံစေပါတယ်။ သွားပုံမှန်တိုက်ပေးရုံဖြင့် သွားချေးကျောက်တွေဟာ မပျောက်သွားပါဘူး ။ အညစ်အကြေးတွေက တင်ရှိနေတုန်းပါပဲ ။ဒါတွေကို ချေဖျောက်နိုင်ဖို့အတွက် ဈေးကြီးပေးကာ သွားဆေးခန်းတွေမှာ ချေဖျက်စရာ မလိုမယ့် အိမ်တွင်းနည်းလမ်းကို ဖော်ပြပေးလိုက်ပါတယ် ။

လိုအပ်သောပစ္စည်းများ

ရေ – လီတာဝက်

သံပုရာသီး – တစ်ခြမ်း

နေကြာဆီ – လက်ဖက်ရည်ဇွန်း ၂ဇွန်း

အသုံးပြုနည်း

ရေလီတာဝက်ဘူးထဲသို့ သံပုရာသီး တစ်ခြမ်းကို အရည်ညှစ်ထည့်ပါ ။ ထို့နောက် နေကြာဆီ ထည့်ပြီး နှံ့အောင် ခလောက်ပေးပါ။ သွားတိုက်ဆေးဖြင့် ပုံမှန်သွားတိုက်ပြီးတိုင်းမှာ ထိုရေဖြင့် ပလုပ်ကျင်းပေးပါ။ ပလုပ်မကျင်းခင် ဘူးကို လှုပ်ပေးဖို့ မမေ့ပါနှင့် ။ ထိုနည်းအတိုင်း တစ်နေ့ ၂ကြိမ်ဖြင့် ၂လတိတိ ပြုလုပ်ပေးပါ။

သိထားသင့်သည့်မှတ်ချက်များ

  • သွားတိုက်လျှင် အနည်းဆုံး ၂မိနစ်ကြာပါစေ။
  • ခံတွင်းရဲ့ pH level ကို ထိန်းညှိပေးနိုင်တဲ့ အရည်အသွေးကောင်းသော သွားတိုက်ဆေးကို ရွေးချယ် အသုံးပြုပါ။
  • သွားကြားညှိပိုးကြိုးကို အသုံးပြုပါ။ သွားကြားထိုးတံ မသုံးပါနှင့် ။
  • Mouthwash ဖြင့် ခံတွင်းဆေးကြောပေးပါ။

CHAN (ရွှေအင်းလေး)

 

Be the first to comment

Leave a Reply

Your email address will not be published.


*