မီးပူပေါ်က အပူကျွမ်းထားတဲ့ အစွန်းအထင်းတွေကို ဖယ်ရှားနိုင်တဲ့နည်းလမ်း

မီးပူက အသုံးပြုရင်း ကြာလာတဲ့အခါ ၊ အပူကျွမ်းမိတဲ့အခါ မှာ ဒီလို အစွန်းအထင်မျိုးတွေ ကျန်ရစ်နေတတ်ပါတယ် ။ တစ်ခါတစ်ရံမှာ အဲ့အစွန်းအထင်းတွေမှ တဆင့် အဝတ်အစားများပေါ်သို့ ကပ်ကျန်ရစ်ကာ အဝတ်အစားများ ပျက်စီးတတ်ပါတယ် ။ ဒီလိုမဖြစ်ရအောင် မီးပူပေါ်မှာရှိတဲ့ ထိုအစွန်းအထင်းတွေကို ဖယ်ဖျောက်ပြီး အသစ်အတိုင်း တောက်ပြောင်စေနိုင်တဲ့ နည်းလမ်းကောင်းကို ဖော်ပြပေးပါမယ် ။

၁။ရှာလကာရည်

အဝတ်ပါးပါး (သို့) လက်ကိုင်ပုဝါကို ရှာလကာရည် အတန်အသ့င့်စွတ်ပြီး မီးပူရဲ့ မျက်နှာပြင်တစ်လျှောက် မိနစ်အနည်းငယ်ကြာ ပွတ်ပေးပါ ။အစွန်းအထင်းများ အဝတ်မှာ ကပ်ပါလာတာကို မြင်တွေ့ရပါလိမ့်မယ် ။  ပြီးနောက် ၅မိနစ်ခန့်ထားပြီးလျှင် အဝတ်ကို ရေဖြင့်စွတ်ပြီး ပြန်ပွတ်ပေးပါ ။ ထိုအတိုင်း အနည်းဆုံး ၃ကြိမ်ခန့် ပြုလုပ်ပြီးလျှင် မီးပူပေါ်ရှိ အစွန်းအထင်းများ အတော်အတန် ပြောင်စင်သွားတာကို မြင်တွေ့ရမှာပါ ။

အကယ်၍ အစွန်းအထင်းများ ကျွတ်မလာဘဲ ခက်ခဲနေတယ်ဆိုလျှင်တော့ ရှာလကာရည်ထဲသို့ baking soda တစ်ဇွန်းထည့်ပြီး ပျော်ဝင်သွားအောင်လုပ်ပါ ။ ဆိုဒါမှုန့်များ ရှာလကာရည်အတွင်း ကောင်းစွာပျော်ဝင်သွားပြီဆိုလျှင် အဝတ်ကို စိမ်ပြီး မီးပူမှ အစွန်းအထင်းများ ကျွတ်လာသည်အထိ ပွတ်သုတ်ပေးပါ ။ အားလုံးပြီးဆုံးသွားလျှင်တော့ မီးပူကို သေချာခြောက်သွေ့အောင် ပြန်လည်သုတ်ဖို့ မမေ့ပါနှင့် ။

၂။ဆား

မီးပူတိုက်ရကောင်းတဲ့ နူးညံ့တဲ့ ခပ်ဟောင်းဟောင်း အဝတ်တစ်ခုပေါ်သို့ ဆားများ ဖြူးထားလိုက်ပါ ။ ထို့နောက် မီးပူကို ပလပ်တပ် အပူပေးပြီး  ပူလာလျှင် ထိုဆားဖြူးထားသော အဝတ်ပေါ်သို့ အထက်၊အောက် ပွတ်ဆွဲတိုက်ပေးပါ ။ အစွန်းအထင်းများ ပျောက်သွားလျှင် ပလပ်ဖြုတ်ကာ အအေးခံထားလိုက်ပါ ။ ပြီးနောက်တွင်တော့ ထိုမီးပူကို အဝတ်သန့်သန့်ဖြင့် ပြန်လည် ပွတ်တိုက်ပေးလိုက်ပါ ။

၃။ပန်ကန်ဆေးဆပ်ပြာရည်

ရေထဲသို့ ပန်းကန်ဆေးဆပ်ပြာရည် ထည့်ပြီး ဖျော်ပါ ။ ထို့နောက် အဝတ်ကို စိမ်ပြီး ထိုအဝတ်ဖြင့် စွန်းထင်းနေသော မီးပူပေါ်သို့ ပွတ်ပေးပါ ။ အစွန်းအထင်းများ ကုန်စင်သွားတဲ့အခါ ခြောက်သွေ့သွားအောင် ပြန်လည်သုတ်ပေးရုံပါပဲ ။

၎။baking soda

ဒီနည်းလမ်းမှာ လိုအပ်တဲ့ အဓိက ပါဝင်ပစ္စည်းကတော့ ဆိုဒါမှုန့် လက်ဖက်ရည်ဇွန်း ၁ဇွန်းနှင့် သံပုယိုသီး တစ်ခြမ်းပဲ ဖြစ်ပါတယ် ။ ခွက်တစ်ခုထဲသို့ ဆိုဒါမှုန့် တစ်ဇွန်းထည့်လိုက်ပါ ။ ထို့နောက် သံပုယိုသီးတစ်ခြမ်းကို အရည်ညှစ်ထည့်လိုက်ပါ ။ ပြီးလျှင် မွှေပေးပြီး မီးပူပြားပေါ်သို့ သုတ်ပေးပါ ။ သုတ်ပြီး ၅မိနစ် ၊ ၁၀ မိနစ်ခန့်ကြာလျှင် အဝတ်ဖြင့် ပြောင်စင်အောင် ပွတ်လိုက်ပါ ။ အစွန်းအထင်းများ ကွာသွားတာကို မြင်တွေ့ရပါလိမ့်မယ် ။ ဒီနည်းလမ်းကို အစွန်းအထင်းများ အကုန်မရှိတော့သည်အထိ မိမိအဆင်ပြေသလို ပြုလုပ်နိုင်ပါတယ် ။

CHAN (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*