ယောက်ျားနှင့်အတူနေပြီးတိုင်း သေချာပေါက် လိုက်နာဆောင်ရွက်ရမယ့် အချက်များ

အမျိုးသမီးရောဂါများ အဖြစ်များရတဲ့ အကြောင်းအရင်းတွေကတော့ အများအားဖြင့် လိင်ဆက်ဆံပြီးချိန် နေထိုင်မှုပုံစံတွေ မှားယွင်းနေလို့ပဲ ဖြစ်ပါတယ် ။ အမျိုးသမီးများအနေဖြင့် မိန်းမကိုယ်ကျန်းမာရေးကို ဂရုတစိုက် ရှိဖို့ လိုအပ်ပါတယ် ။ ဒါကြောင့် လိင်ဆက်ဆံပြီးချိန်မှာ ပြုလုပ်ရမယ့် အဆင့်ဆင့်လုပ်ဆောင်ချက်တွေကို ဖော်ပြပေးလိုက်ပါတယ် ။

၁။ ဆီးသွားပါ။

ဆီးသွားခြင်းကိုတော့ မမေ့မလျော့ လုပ်ဆောင်ပေးပါ ။ ဆီးသွားချင်ချင် ၊ မသွားချင်ချင် သွားဖြစ်အောင် သွားပါ ။ ဒါဟာ လိင်ဆက်ဆံရာမှ ဆီးလမ်းကြောင်းမှတဆင့် ဘတ်တီးရီးယားပိုးများ မဝင်ရောက်နိုင်အောင် ပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။

၂။ခြောက်သွေ့အောင်ပြုလုပ်ပါ။

ဆီးသွားပြီးပြီဆိုလျှင်တော့ ရေဖြင့် စင်ကြယ်အောင် ဆေးကြာပါ ။ ဆေးကြောပြီးလျှင်လည်း မဖြစ်မနေ ခြောက်သွေ့အောင် ပြုလုပ်ဖို့ လိုအပ်ပါတယ်။ စိုစွတ်နေလျှင် ဘတ်တီးရီးယားများ ခိုအောင်းလာနိုင်ပါတယ် ။ ဒါ့ကြောင့် မိမိရဲ့ အမျိုးသမီးအင်္ဂါကို သေချာခြောက်သွေ့အောင် ပြုလုပ်ပါ ။ လိုအပ်လျှင် dryer အသုံးပြုပါ ။ လိင်ဆက်ဆံခြင်းအတွက်သာမက အမျိုးသမီးများအနေဖြင့် အိမ်သာဝင်ပြီးတိုင်း မိန်းမကိုယ်ကို ခြောက်သွေ့အောင် သုတ်ဖို့ လိုအပ်ပါတယ်။

၃။ အောက်ခံဘောင်းဘီမဝတ်ပါနှင့်။

လိင်ဆက်ဆံထားသူ အမျိုးသမီးအနေဖြင့် အချိန်အနည်းငယ်ကြာမှ အောက်ခံဘောင်းဘီ ဝတ်သင့်ပါတယ် ။ချက်ချင်း မဝတ်သင့်ပါဘူး ။ လိင်ဆက်ဆံထားခြင်းကြောင့် မိန်းမကိုယ်ဟာ နာကြင်မှုတစံတရာ ရှိနေနိုင်ပြီး အောက်ခံဘောင်းဘီဖြင့် ချက်ချင်း ပိတ်လှောင်ထားတာမျိုး မပြုလုပ်ရပါဘူး ။ဒီလိုဝတ်လိုက်မယ်ဆိုလျှင် မိန်းမကိုယ် အဖြူစွဲခြင်း ၊ ယားယံခြင်းနှင့် ပိုးဝင်ခြင်းများ ဖြစ်လာနိုင်ပါတယ်။  မိန်းမကိုယ်ကို လေဝင်လေထွက် ကောင်းမွန်အောင် ထားဖို့ လိုပါတယ် ။

၎။သွေးဆုံးနေသူလား ။

အကယ်၍ သွေးဆုံးနေသူ (သို့) သွေးဆုံးချိန်နီးသူတစ်ယောက် အနေဖြင့် လိင်ဆက်ဆံမယ်ဆိုလျှင် သာမန် အမျိုးသမီးထက် ပိုပြီး နာကြင်မှု ၊ ယားယံမှု ၊ယောင်ရမ်းမှု နှင့် အရေပြား ပိုးဝင်မှုများ ပိုပြီး ဖြစ်နိုင်ပါတယ် ။ ဖော်ပြခဲ့သော အထက်ကအချက်တွေကို လိုက်နာမယ်ဆိုလျှင်တော့ ပြည့်စုံကောင်းမွန်တဲ့ အိမ်ထောင်မှုသုခကို ရရှိမှာပါ။

၅။ဂရုစိုက်ပါ။

ဟုတ်ပါတယ် ။ အမျိုးသမီးများ အနေဖြင့် မိမိရဲ့  အမျိုးသမီးအင်္ဂါကို ဂရုတစိုက် ရှိနေဖို့လိုပါတယ် ။ မူမမှန်သော လက္ခဏာ တစုံတရာ ဖြစ်ပါက နီးစပ်ရာ ဆေးရုံ ၊ ဆေးခန်းသို့ သွားရောက်ပြသပါ ။ ရှက်ရွံပြီး ဆေးမြီးတိုများနှင့် ကြိတ်မကုပါနှင့် ။

ကာကွယ်ခြင်းက ကုသခြင်းထက် ပိုပြီး ထိရောက်ပါတယ် ။ ကိုယ့်ရဲ့ အမျိုးသမီး အင်္ဂါဟာ ကျန်းမာသန့်ရှင်းနေမှ ရောဂါပိုးအန္တရာယ်တွေကနေ ကင်းဝေးမှာပါ ။

CHAN (ရွှေအင်းလေး)

 

Be the first to comment

Leave a Reply

Your email address will not be published.


*