Latest post

လူသူမသိဖုံးကွယ်ထားတဲ့ ဗြိတိန်တော်ဝင်မင်းသား ဝီလျံနဲ့ဟယ်ရီတို့ရဲ့ မွေးချင်းအစ်မတော်စပ်သူ

ဗြိတိန်တော်ဝင် ချားလ်စ်မင်းသားနဲ့ မင်းသမီး ဒိုင်ယာနာတို့ကနေ မွေးထားတဲ့ မင်းသားဝီလျံနဲ့ မင်းသား ဟယ်ရီ သားနှစ်ယောက်ကို အားလုံးက သိကြမှာပါ။ ဒါပေမယ့် သူတို့ဆီမှာ ညီအစ်ကိုနှစ်ဦး အပြင် အခြားသွေးနီးတော်စပ်တဲ့ ညီအစ်ကိုမောင်နှမမရှိ တော့ဘူးလို့ သိထားပေမယ့်လည်း သတင်းတွေနဲ့ တော်ဝင်မိသားစုထဲမှာ မြင်တွေ့လေ့ရှိမရှိတဲ့ မင်းသားနှစ်ဦးစလုံးနဲ့ မွေးချင်းတော်စပ်သူ အစ်မတစ် ယောက်လည်း ရှိနေပါသေးတယ်။

တော်ဝင်မိသားစုဝင်တစ်ဦးဖြစ်ပေမယ့်လည်း တော်ဝင်အသိုင်းအဝိုင်းကော၊ သတင်းတွေရှေ့မှာ လုံးဝ တွေ့ရလေ့ရှိတဲ့ ဝီလျံနဲ့ ဟယ်ရီတို့ရဲ့ အစ်မဖြစ်သူဟာ လာရာလု လို့ အမည်ရပါတယ်။ အသက် ၄၀ နှစ် အရွယ်ရှိပြီးတော့ ဖအေတူအမေကွဲ အစ်မတော်စပ်သူ လည်းဖြစ်ပါတယ်။ ချားလ်စ်မင်းသားနဲ့ ဒုတိယ ဇနီးသည် ကမီလာပါကာဘိုရယ်နဲ့ ရပြီး မွေးလာတဲ့ သမီးဖြစ်သူလည်း ဖြစ်ပါတယ်။

ဗြိတိန်တော်ဝင် မင်းသမီး တစ်ပါးအနေနဲ့မဟုတ်ပဲ ကိုယ်ပိုင်ဘဝနဲ့ ဖြတ်သန်းနေခဲ့တဲ့ လာရာဟာ ဒေါ် ဇက်က ခရစ်ယာန်မိန်း ကလေးကျောင်းမှာ ပညာသင်ကြားကြီးပြင်းခဲ့ပြီး အောက်စ်ဖို့ဒ် ဘရွတ်ကီးစ် တက္ကသိုလ်ကနေ အနုပညာသမိုင်းကျောင်း ဘာသာရပ်ကို လေ့လာသင်ယူခဲ့ပါတယ်။ သူမဟာဆိုရင် တော်ဝင်မိသားစုတွေနဲ့ အဆက်အဆံနည်းပါးပြီး မိသားစုရှေ့ထွက်ပြတဲ့အချိန်တွေဟာလည်း နည်းပါး လို့ တော်ဝင်မိသားစုဝင်တစ်ဦးဖြစ်တာကို သိတဲ့သူနည်းပါးပါတယ်။

လန်ဒန်က အနုပညာပြခန်းတစ်ခုကို ဦးစီးလုပ်ကိုင်နေပြီးတော့ မိခင်ဖြစ်သူ တော်ဝင်မိဖုရား မင်းသမီး ကမီလာရဲ့ လူရှေ့သိုသိပ် သိပ်နေထိုင်ဖို့ ညွှန်ကြားဆုံးမထားခဲ့လို့ ဘယ်တော့မှ လူရှေ့ထွက်ပြလေ့ရှိ ဘူးလို့ သိရပါတယ်။ မင်းသားဝီလျံနဲ့ မင်းသမီးကိတ်တို့ လက်ထပ်ထိမ်းမြားချိန်တုန်းကတော့ တော်ဝင် မင်းသမီး လာရာတက်ရောက် ဂုဏ်ပြုခဲ့ပါသေးပေမယ့် နီးစပ်တဲ့အသိုင်းအဝိုင်းနဲ့ သတင်းတွေက တောင်မှ သူမကို သာမန်ဧည့်သည်တစ်ဦးအနေနဲ့ပဲ သိခဲ့ကြပါတယ်။

၂၀၀၆ ခုနှစ်မှာ လာရာလုက ဝယ်လ်တ်ရှိုင်းယားက စာရင်းကိုင်အမျိုးသားတစ်ဦးနဲ့ လက်ထပ်ခဲ့ ပါ တယ်။ ဟယ်ရီလု လို့ အမည်ရတဲ့ ခင်ပွန်းအမျိုးသားဟာ ကယ်လ်ဗင်ကလိန်း အဝတ်အထည်က မော်ဒယ်ဟောင်းတစ်ဦးလည်းဖြစ်ပြီးတော့ သူမတို့ မိသားစုမှာ ကလေး ၃ ဦးလည်း ပိုင်ဆိုင်ထားတယ် လို့သိရပါတယ်။

မေ(ရွှေအင်းလေး)

YOU MAY ALSO LIKE

Be the first to comment

Leave a Reply

Your email address will not be published.


*