Apple လို ဖုန်းများကို နှေးကွေးအောင် လုပ်ထားခြင်းမရှိလို့ဆိုလိုက်တဲ့ Samsung နဲ့ LG

Apple က iPhone အဟောင်းများကို ရည်ရွယ်ချက်ရှိရှိ နှေးကွေးအောင် ပြုလုပ်ထားတယ်လို့ ၀န်ခံပြောကြားပြီးနောက်မှာ ဝေဖန်မှုများ ၊ တရားစွဲဆိုမှုများစွာ ထွက်ပေါ်လာပါတယ်။ အဲဒီနောက်မှာ Apple က ဒီဖြစ်ရပ်အတွက် တောင်းပန်လိုက်ပြီး လာမယ့်နှစ်မှာ ဘက်ထရီများကို လျှော့ဈေးဖြင့် လဲလှယ်ပေးမယ့် အစီအစဉ်ကို ပြုလုပ်ပေးမယ်လို့ ကြေညာခဲ့ပါတယ်။ အခြား ကုမ္ပဏီထုတ် စမတ်ဖုန်းများကို အသုံးပြုသူများအကြားမှာလည်း သူတို့ရဲ့ ဖုန်းများကို ကုမ္ပဏီများက နှေးကွေးအောင် ပြုလုပ်ထားသလားဆိုတဲ့ စိုးရိမ်မှုများလည်း ထွက်ပေါ်လာပါတယ်။

ပြီးခဲ့တဲ့ နေ့ကတော့ HTC နဲ့ Motorola တို့က သူတို့ရဲ့ ဖုန်းများကို Apple လို နှေးကွေးအောင် မလုပ်ထားဘူးလို့ အတည်ပြုခဲ့ပါတယ်။ ဒီနေ့မှာတော့ Samsung နဲ့ LG တို့ကလည်း အလားတူ အတည်ပြုမှုကို ကြေညာလိုက်ပါတယ်။ LG ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ LG ဟာ ဒီလိုမျိုး ဘယ်တော့မှ မလုပ်ခဲ့ပါဘူး။ နောင်လည်း လုံးဝ လုပ်မှာ မဟုတ်ပါဘူး။ ကုမ္ပဏီဟာ ဖောက်သည်များအတွက် အလွန် စဉ်းစားပေးပါတယ်။ “ လို့ ပြောပါတယ်။ ဆမ်ဆောင်းရဲ့ ပြောရေးဆိုခွင့်ရှိသူက “ ထုတ်ကုန် အရည်အသွေးဟာ ဆမ်ဆောင်း မိုဘိုင်းဌာနရဲ့ အဓိက ဦးစားပေး ဖြစ်ပါတယ်။

Software Algorithm အပါအ၀င် ဆမ်ဆောင်းဖုန်းများရဲ့ ဘက်ထရီသက်တမ်းကို အဆင့်များစွာဖြင့် စစ်ဆေးထားပါတယ်။ ဘက်ထရီ သက်တမ်း ပိုမို ရှည်ကြာအောင် Software Updates ဖြင့် CPU စွမ်းဆောင်ရည်ကို လျှော့ချထားခြင်း မရှိပါဘူး။ “ လို့ အတည်ပြုပြောကြားလိုက်ပါတယ်။

Kk(shweinnlay)

Be the first to comment

Leave a Reply

Your email address will not be published.


*