အရပ်ပုတဲ့ကိုကိုတွေအတွက် အရပ်ရှည်သယောင်ထင်စေမယ့်ဖက်ရှင်

အရပ်ပုတာကို ဘယ်လိုဖုံးကွယ်ရမလဲဆိုပြီး စဉ်းစားတွေဝေမနေနဲ့တော့။ ဝတ်ပုံစားပုံဖက်ရှင်တွေနဲ့ သင့်ရဲ့ပုံစံကို လုံးဝပြောင်းလဲပစ်လိုက်ပါ။ အရပ်ရှည်သယောင်ထင်စေတဲ့ ဖက်ရှင်မျိုးကို ရွေးချယ်ဝတ်ဆင်တတ်ဖို့အတွက် ဘယ်လိုဝတ်စားဆင်ယင်မှုကိုရှောင်ရမယ်၊ ဘယ်လိုဖက်ရှင်တွေဝတ်ဆင်ရမယ်ဆိုတာကို ရှာဖွေပြီးဖော်ပြပေးလိုက်ပါတယ်နော်။

(၁) ဒေါင်လိုက်အစင်းရှိတဲ့ အဝတ်အစားများကို ရွေးချယ်ဝတ်ဆင်ပါ။

ဒေါင်လိုက်Pattern ပါဝင်တဲ့ အကျီင်္ကိုဝတ်ရင် အဲ့ဒီအ စင်းကြောင်းတွေက သင့်ရဲ့ခန္ဓာကိုယ်ရှည်သလို ဖြစ်စေတာကြောင့် အရပ်ပုတာကို မသိသာစေတော့ပါဘူး။

(၂) ရှုပ်ယှက်ခတ်နေတဲ့သုံးအဆောင်ပစ္စည်းများကို မဆင်ယင်ပါနဲ့။

အဝတ်အစားမှမဟုတ်ပါဘူး။ အသုံးအဆောင်ပစ္စည်းကအစ အသေးစိတ် သေချာရွေးချယ်တတ်ဖို့လိုပါတယ်။ ဥပမာအားဖြင့် ခါးပတ်၊ နာရီ၊ အိတ်၊ နက်ခ်တိုင်၊ လက်ကောက်၊ ဦးထုပ် စသဖြင့်ပေါ့။ ဒါတွေကိုအလွန်အကြူးဆင်ယင်စရာမလိုပါဘူး။ ရိုးရိုးရှင်းရှင်းစတိုင်မျိုးက အရပ်ပုသူတွေအတွက် ပိုပြီးသင့်တော်ပါတယ်။ လူကသေးနေပြီး အသုံးအဆောင်တွေနဲ့ ရှုပ်ယှက်ခတ်နေရင် အရပ်ပုတာ၊ ပိန်သေးတာက ပိုသိသွားစေတာကြောင့်ပါ။

(၃) အထက်၊ အောက်အရောင်တောက်တာမျိုး မဝတ်ဆင်သင့်ပါဘူး။

အရောင်တောက်တောက်ဝတ်ရတာကို ကြိုက်နှစ်သက်တယ် ဆိုရင်တော့ အကျီင်္ကိုအရောင်တောက်တာရွေးပြီး ဘောင်းဘီကိုတော့ အရောင်ခပ်ဖျော့ဖျော့လိုဟာမျိုး ရွေးချယ်ဝတ်ဆင်တတ်ဖို့လိုပါတယ်။ ဒါမှ ခန္ဓာကိုယ်တစ်ခုလုံးကို ခြုံကြည့်မယ်ဆိုရင် အရပ်ရှည်သလိုထင်သွားစေပါတယ်။ ဒ်ီလိုမဟုတ်ဘဲ အထက်၊ အောက်အရောင်တောက်တောက်တစ်ရောင်စီ ဖြစ်နေမယ် ဆိုရင် ခန္ဓာကိုယ်ကအပေါ်ပိုင်းတိုလိုက်၊ အောက်ပိုင်းတိုလိုက်နဲ့ အပိုင်းပိုင်းဖြစ်နေတာကြောင့် အရပ်ပုတာကို ပိုလို့သိသာစေပါတယ်။ အသင့်တော်ဆုံးအရောင်ကတော့ အနက်ရောင်၊ မီးခိုးရောင်၊ ခဲရောင်၊ နက်ပြာရောင်၊ ခဲပုပ်ရောင်စတဲ့ ခပ်မှောင်မှောင်အရောင်တွေက အရပ်ပုတာကို လုံးဝမသိသာစေပါဘူးနော်။

(၄) ခန္ဓာကိုယ်နဲ့ fit ဖြစ်တဲ့အဝတ်အစားကိုရွေးချယ်ဝတ်ဆင်ပါ။

ခပ်ပွပွအဝတ်အစားတွေက ခန္ဓာကိုယ်သေးပြီး ပုနေတာကို ပိုလို့သိသာစေပါတယ်။ ကလေးငယ်က အဖေ့အဝတ်အစားဝတ်ထားသလို ဖြစ်နေပါလိမ့်မယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်နဲ့ Fit ဖြစ်တဲ့ အဝတ်အစားတွေကိုသာ ဝတ်ဆင်သင့်ပါတယ်။ ဒါပေမယ့် fitting ကျတဲ့ဝတ်စုံကြောင့် ခန္ဓာကိုယ်ကအရမ်းသေးနေတယ်ထင်ရင် အေပၚထပ္အက်ီၤ၊ ရွပ္အက်ီၤ၊ အနွေးထည်လေးနဲ့ ပြန်ပြီးဖက်ရှင်ကျကျဝတ်ဆင်လိုက်ပါနော်။

(၅) အာရုံလွဲပါ။

သင့်ရဲ့အရပ်အမောင်း၊ ခြေထောက်တိုတိုလေးတွေဆီကို လူတွေအမြင်မရောက်စေဖို့ မျက်နှာပိုင်း၊ အပေါ်ပိုင်းကို ပြင်ဆင်ခြယ်သရာမှာ အဓိကကျလှပါတယ်။ သပ်ရပ်တဲ့ ပြင်ဆင်ဖြီးလိမ်းမှုများနဲ့ လူတွေအမြင်ကို ဖမ်းစားနိုင်ပါတယ်နော်။

နန်း(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*