အမျိုးသမီးများ အောက်ခံဘောင်းဘီမဝတ်သင့်တဲ့ အကြောင်းအရင်း

အောက်ခံဘောင်းဘီကြောင့် သက်တောင့်သက်သာမရှိရတဲ့ နေ့ရက်တွေကို အမျိုးသမီးတိုင်း ခံစားဖူးမှာပါ ။ ဒီလို အတွင်းခံဘောင်းဘီတွေဟာ တကယ်ပဲ နေ့စဉ်ဝတ်ပေးဖို့ လိုအပ်ရဲ့လားဆိုတာလည်း စဉ်းစားစရာပါပဲ ။ မဝတ်တော့ရော ဘာဖြစ်မှာလဲ ???

လေ့လာတွေ့ရှိချက်တွေအရ အောက်ခံဘောင်းဘီတွေကို နေ့စဉ် မဝတ်သင့်ပါဘူးလို့ ဆိုပါတယ် ။ မဝတ်သင့်တဲ့ အကြောင်းအချက်တွေကိုလည်း အောက်ပါအတိုင်း ဖော်ပြထားပါသေးတယ်။

၁။ လေဝင်လေထွက်ကောင်းတယ်

အတွင်းခံမဝတ်ခြင်းက အမျိုးသမီးအင်္ဂါအတွက် လေဝင်လေထွက်ကို တိုက်ရိုက်ထိတွေ့စေပါတယ် ။ မိမိရဲ့ အမျိုးသမီးအစိတ်အပိုင်းကို အောက်ခံဘောင်းဘီတွေနဲ့ ဖုံးအုပ်ထားတာကြောင့် လေဝင်လေထွက် ကောင်းကောင်းရရှိမှာ မဟုတ်ပါဘူး ။ ဒီလို လေဝင်လေထွက်မရှိခြင်းက အမျိုးသမီးအင်္ဂါကျန်းမာရေးကို အနှောင့်အယှက် ရှိစေပါတယ် ။ ဒါ့အပြင် အတွင်းခံဘောင်းဘီတွေကြောင့် ပိုးဝင်ရောက်ခြင်းမှလည်း ကင်းဝေးစေမှာပါ ။

၂။ အစိုဓါတ်နည်းစေတယ်

အမျိုးသမီးအင်္ဂါနဲ့ ပတ်သက်ပြီး ပိုးဝင်တာ ၊ ယားယံတာဟာ အစိုဓါတ်များလို့ ဖြစ်ပါတယ် ။ အစိုဓါတ်များတဲ့ နေရာမှာ ဘတ်တီးရီးယားပိုးတွေ ပေါက်ဖွားလေ့ရှိပါတယ် ။ အတွင်းခံကြောင့် အမျိုးသမီးအစိတ်အပိုင်းဟာ လေအဝင်အထွက်မရဘဲ အစိုဓါတ်ကို ကြာရှည်နိုင်စေပါတယ် ။

၃။ငွေကုန်ကြေးကျသက်သာတယ်

ဒါကတော့ ရှင်းပါတယ် ။ မဝတ်တော့ ဝယ်စရာမလိုဘူး ။ ဝယ်စရာမလိုတော့ ပိုက်ဆံမကုန်တော့ဘူးပေါ့ ။

၎။ဟိုကြားဒီကြားညပ်ခြင်းမှကင်းတယ်

ဒါကိုတော့ မိန်းကလေးတွေ အထူးနားလည်မှာပါ ။ တချို့ အတွင်းခံဘောင်းဘီ အတော်များများက လူအမြင်မှာကြည့်ရဆိုးစေပါတယ် ။ အထိုင်အထနေရာတွေမှာဆို ပိုသိသာပါတယ် ။ ဘောင်းဘီ ၊ လုံခြည်ဝတ်တဲ့အခါမှာလည်း အောက်ခံဘောင်းဘီအရာ ထင်းနေခြင်းက စိတ်ပျက်စရာပါ ။ မဝတ်ဘဲနေခြင်းက ဒီဒုက္ခမှ ကင်းဝေးစေပါလိမ့်မယ် ။

၅။ရေကိုချွေတာပြီးသားဖြစ်စေတယ်

အတွင်းခံဘောင်းဘီမဝတ်တော့ လျှော်စရာမလိုဘူး  ။ လျှော်စရာမလိုတော့ ရေလည်းမကုန်တော့ဘူးလေ ။ လူလည်းသက်သာတယ် ၊ ရေလည်းသက်သာတယ် ။

၆။ခင်ပွန်းကိုsurprise ဖြစ်စေတယ်

အတွင်းခံမပါတဲ့ ဇနီးသည်ကို မြင်ရခြင်းက ခင်ပွန်းဖြစ်သူအတွက် ရင်ခုန်စိတ်လှုပ်ရှားမှုကို ပေးစွမ်းနိုင်ပါတယ်တဲ့ ။ ( ဟုတ် ၊ မဟုတ်တော့ အိမ်ထောင်သည်တွေဆီ တိုးတိုးတိတ်တိတ် မေးကြည့်ပါ)

၇။လွတ်လပ်တယ်

အတွင်းခံဘောင်းဘီမဝတ်ခြင်းက သင့်ကို သက်တောင့်သက်သာဖြစ်စေပြီး လွတ်လပ်ခြင်းအရသာကို အပြည့်အဝ ခံစားနိုင်မှာပါ။

ကဲ..ကောင်မလေးတွေ ဒီပို့စ်ကိုဖတ်ပြီး ရှိတဲ့ ဘောင်းဘီတွေကိုလည်း မလွှင့်ပစ်လိုက်ပါနဲ့ဦး ။ ဘီဒိုထဲထည့်ထားပြီး လိုအပ်တဲ့အခါမျိုးတော့ ဝတ်ကြရဦးမှာပါပဲ။

CHAN (ရွှေအင်းလေး)

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*