နေ့စဉ် ရေချိုးရင်း သေးပေါက်တဲ့ အလေ့အကျင့်က မယုံကြည်နိုင်ဖွယ်ရာ ကောင်းကျိုးတွေရှိနေ

ရေချိုးရင်း သေးပေါက်ချဖူးတယ်ဆိုတာ ဝန်ခံဖို့ အချိန်ရောက်ပြီ။ ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေ ၈၀ ရာခိုင်နှုန်းက ဒီလို အလေ့အကျင့် ရှိကြတယ့်။ကြားရတာ အနည်းငယ်ဆိုးပေမယ့် ရေချိုးရင်း သေးပေါက်လိုက်တာဟာ ဘယ်လိုတောင် ကောင်းကျိုးတွေရှိတယ်ဆိုတာ အောက်မှာ တစ်ချက် ကြည့်လိုက်ရအောင်..

၁။အကုန်အကျနည်းတယ်။

သန့်စင်ခန်းမှာ ဆီးသွားတဲ့အခါ ရေကို သပ်သပ်သုံးရတယ်။ ရေချိုးရင်းတစ်ခါတည်း ကိစ္စရှင်းလိုက်တော့ ရေပိုမကုန်တော့ဘူး။ရေပိုမကုန်တဲ့အတွက် ရေဖိုးမသက်သာသွားဘူးလား။

၂။ပတ်ဝန်းကျင်အတွက်ကောင်းတယ်။

ရေချိုးရင်း ရှူးပေါက်ချတာက ရေအသုံးနည်းသွားရုံတင်မကပါဘူး။ တစ်သျှူးစက္ကူအသုံးလည်း နည်းသွားပါတယ်။ စက္ကူတွေ မလိုအပ်ဘဲ မသုံးမိတော့ သစ်ပင်တွေခုတ်စရာမလို၊ ပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ရာ ရောက်တာပေါ့။

၃။ကျန်းမာရေးနဲ့ပိုပြီးညီညွတ်တယ်။

သန့်စင်ခန်းဝင်ပြီးတဲ့အခါ တစ်သျှူးအသုံးပြုကာ သန့်စင်ကြပါတယ်။ အထူးသဖြင့် အမျိုးသမီးများအတွက် ဒီလိုခြောက်သွေ့တဲ့ တစ်သျှူးဖြင့် စအိုနှင့် မိန်းမကိုယ်ကို နောက်မှရှေ့သို့သုတ်တဲ့အခါ ဘတ်တီးရီးယားတွေကို ဖြစ်လာစေပြီး မလိုအပ်တဲ့ ပိုးကူးစက်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ ရေချိုးရင်း ဆီးသွားတဲ့အခါမှာ ရေဖြင့်ဆေးကြောပြီးသားဖြစ်တဲ့အတွက် ဒီိလိုပြဿနာရပ်တွေကနေ နည်းပါးသွားစေပါတယ်။

၎။မှိုသေစေတယ်။

ဆီးမှာ မှိုတွေကိုသေစေတဲ့ စွမ်းအင်ရှိလို့ သင့်ခြေချောင်းကြားတွေ ၊ ခြေထိပ်တွေမှာ မှိုဖြစ်ခြင်းတွေမရှိတော့ဘူးလေ။

၅။အသားအရေကောင်းစေတယ်။

အချို့နိုင်ငံတွေမှာ ကျင်ငယ်ရည်ကိုသုံးပြီး အသားအရေပြုပြင်ထိန်းသိမ်းတာတွေ ကြားဖူးကြမှာပါ။ ဆီးဟာ အသားအရေကို နူးညံ့ချောမွေ့စေတဲ့အတွက် ရေချိုးရင်းနဲ့ ဆီးသွားလိုက်ခြင်းက မိမိရဲ့ အသားအရေအတွက် ကောင်းကျိုးတွေရှိစေပါလိ့မယ်။ မယုံရင် ငုံ့ကြည့်ပါလား.. 😛

၆။ပျော်စရာကောင်းတယ်။

သင်ဟာ ရေချိုးရင်း သေးပေါက်ဖူးတယ်ဆိုရင် ဒီခံစားချက်ကို သိမှာပါ။ ဘယ်လောက်စိတ်ကျေနပ်စရာ ကောင်းလိုက်သလဲဆိုတာ…

CHAN (ရွှေအင်းလေး)

 

 

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*