အစာစားပြီးအချိန်တိုင်း လုံးဝမပြုလုပ်သင့်တဲ့ အပြုအမူများ

အစာစားပြီးတဲ့အခါတိုင်းမှာ လူအများစု ပြုလုပ်မိနေတဲ့ အပြုအမူတွေပဲ ဖြစ်ပါတယ်။ နေ့စဉ်တာဝန်တွေ ပြည့်နှက်နေလို့ ပြီးပြီးရော ပြုလုပ်တဲ့သူတွေလည်း ရှိသလို၊ မသိလို့ ပြုလုပ်မိနေတာတွေလည်း အများကြီးပါပဲ။ ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အတွက် အစာစားပြီး အချိန်တိုင်းလုံးဝ မပြုလုပ်သင့်တဲ့  အပြုအမူများကို သတိထားမိစေဖို့ အတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) အိပ်စက်ခြင်း

အစာစားပြီးတဲ့အခါမှာ အိပ်ချင်လာတယ်ဆိုပြီး အိပ်လိုက်တာမျိုးက မကောင်းတဲ့ အပြုအမူပါပဲ။ အိပ်စက်လိုက်တဲ့အတွက် အစာချေဖျက်စနစ်ကို နှောင့်နှေးသွားစေပြီး နိုးထလာတဲ့အခါမှာလည်း နေထိုင်မကောင်းဖြစ်နေတတ်ပါတယ်။

(၂) ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်တတ်သူတွေ အတွက်တော့ ထမင်းစားပြီး ဆေးလိပ်တစ်လိပ်ဖွာလိုက်ရတာက  သူ့တို့အတွက် အချိုတည်းနည်းတစ်မျိုးပါပဲ။ ဒါပေမယ့် အစာစားပြီးပြီးချင်း ဆေးလိပ်သောက်မယ် ဆိုရင် သင်စားသောက်လိုက်တဲ့ အစားအစာတွေက အာဟာရမဖြစ်တော့ပါဘူး။

(၃) ရေချိုးခြင်း

အစာစားပြီးတဲ့အချိန်တိုင်း ရေချက်ချင်းမချိုးရဘူးလို့ ငယ်စဉ်အခါက မိဘတွေ ဆုံးမခဲ့ကြပါတယ်။ မှန်ပါတယ်။ အစာစားပြီးရေချိုးမယ်ဆိုရင် အစာအိမ်ချေဖျက်မှု စနစ်ကို အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ အတွက် သတိထားသင့်တဲ့ အချက်ပါပဲ။

(၄) သစ်သီးစားခြင်း

လူအများစု ပြုလုပ်မိနေကြတဲ့ အရာတစ်ခုပါပဲ။ အစာစားပြီးတဲ့အခါတိုင်း သစ်သီးစားပြီး အချိုတည်းကြပါတယ်။ အမှန်တကယ်တော့ အစာစားပြီး သစ်သီးစားတာက အစာချေဖျက်မှုကို ထိခိုက်နိုင်တဲ့အတွက် နာရီဝက်၊ တစ်နာရီလောက်ခြားပြီးမှ စားသုံးသင့်ပါတယ်။

(၅) ရေနွေးကြမ်းသောက်ခြင်း

အစာစားနေချိန်တွင်းပဲဖြစ်ဖြစ်၊ အစာစားပြီးရင်ပဲဖြစ်ဖြစ်၊ ရေနွေးကြမ်း သောက်သုံးတာက လက်ဖက်ခြောက်ကထွက်တဲ့ အက်စစ်ဓာတ်တွေက အစာအိမ်တွင်းက ပရိုတင်းဓာတ်တွေကို တင်းမာသွားစေပြီးတော့ အစာခြေဖျက်မှုစနစ်ကို အားနည်းစေပါတယ်။ ဒါ့ကြောင့် ရေနွေးကြမ်းသောက်မယ့်အစား ရေနွေးသောက်သုံးနိုင်ပါတယ်။

(၆) လမ်းမြန်မြန်လျှောက်ခြင်း

အစာစားပြီးရင် ကယ်လိုရီလောင်ကျွမ်းစေဖို့အတွက် လမ်းလျှောက်တာက ကောင်းမွန်တဲ့ လေ့ကျင့်ခန်းဆိုပေမယ့် အစာစားပြီးချင်းတော့ လမ်းမြန်မြန်လျှောက်တာမျိုး မပြုလုပ်သင့်ပါဘူး။ ကိုယ်လက်လှုပ်ရှားမှုက အစာမကြေမှုကို ဖြစ်ပေါ်စေပြီးတော့ ဗိုက်အောင့်တာ၊ ဗိုက်ရစ်တာမျိုး ဖြစ်လာတတ်ပါတယ်။

(၇) ရေခဲရေသောက်သုံးခြင်း

ရေခဲရေသောက်သုံးတာက ကျန်းမာရေးအတွက် ကောင်းကျိုးမပြုပါဘူး။ အထူးသဖြင့် အစာစားပြီးတဲ့ အချိန်တိုင်း ရေခဲရေသောက်သုံးတတ်တဲ့ အကျင့်ကိုပြုပြင်ဖို့ လိုပါတယ်။ ရေခဲရေက အစာချေဖျက်စနစ်ကို ဆိုးကျိုးများစွာ သက်ရောက်နိုင်တဲ့အတွက် အစာစားပြီးချင်း မသောက်သုံးသင့်ပါဘူး။

နန်း(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*