Latest post

သင့်ချစ်သူက သင့်ကိုမယုံကြည်ဘူးဆိုတာ ဖော်ပြနေတဲ့အချက်တွေ

အချစ်တစ်ခုထဲရှိရုံနဲ့ ပျော်ရွှင်စရာကောင်းတဲ့ Relationship တစ်ခုကို တည်ဆောက်လို့ မရပါဘူး။ တစ်ဦးနဲ့တစ်ဦး နားလည်မှု၊ ယုံကြည်မှုနဲ့ သစ္စာတရားတွေ ပေါင်းစည်းမှု ရှိနေမှ တည်မြဲတဲ့အချစ်ရေးကို ရရှိနိုင်မှာပါ။ ဒါပေမယ့် ယုံကြည်မှုဆိုတာကတော့ အလွယ်တကူ တည်ဆောက်လို့ ရတဲ့အရာတော့ မဟုတ်ပါဘူး။ ယုံကြည်မှု ပျက်ယွင်းစေတဲ့ အမူအကျင့်လေးတစ်ခု ပြုလုပ်မိသွားရင်တောင် သင့်ရဲ့ RS ကခဏအတွင်း ပျက်စီးသွားနိုင်ပါတယ်။ တခါတရံမှာ သင်ကဘာမှ မဖောက်ပြန်ဘဲနဲ့ ချစ်သူရဲ့သံသယစိတ်ဝင်ခံရတာမျိုး ကြုံဖူးကြမယ်ထင်ပါတယ်။ ချစ်သူတစ်ဦးနဲ့တစ်ဦး ယုံကြည်မှုရှိဖို့ဆိုတာက တကယ့်ကိုအရေးပါတဲ့အရာမို့လို့ ဒီလိုသံသယစိတ်တွေက သင်တို့အချစ်ရေးကို ယိမ်းယိုင်သွားစေပါတယ်။ ဒီတော့… သင့်ရဲ့ချစ်သူက သင့်ကို ယုံကြည်မှုမရှိဘူးဆိုတာကို ဖော်ပြနေတဲ့ လက္ခဏာရပ်တွေကို ပြောပြချင်ပါတယ်။ သံသယစိတ်နဲ့ အချစ်ခံနေရတဲ့ RS တစ်ခုကို ရှေ့ဆက်တည်ဆောက်သင့်သလား ဆိုတာကိုတော့ သင်ကိုယ်တိုင်ပဲ ဆုံးဖြတ်ပါ။

(၁) သင့်ရဲ့အတိတ်ကိုပြန်လည်တူးဆွတတ်တယ်

သင့်ချစ်သူက မကြာခဏ ဆိုသလိုသင့်ရဲ့ အတိတ်က ရည်းစားဟောင်းအကြောင်းကို မေးမြန်းတာ၊ သင့်ကိုအပြစ်တင်ဝေဖန်တာမျိုး ပြုလုပ်နေတယ်ဆိုရင် သင်ဟာ သံသယစိတ်နဲ့ အချစ်ခံနေရသူပါ။ အတိတ်ကရည်စားဟောင်းနဲ့ နှိုင်းယှဉ်ပြောတာ၊ သင်အတိတ်က မှားယွင်းခဲ့တာ၊ သင်အတိတ်က ရည်းစားဟောင်းကိုတော့ ဘယ်လိုချစ်ခဲ့တာ စသဖြင့် အမျိုးမျိုး အပြစ်ရှာနေတယ်ဆိုတာဟာ သင့်ကိုမယုံကြည်နိုင်သေးလို့ပါ။

(၂) သင့်ဆီကအကူအညီမယူဘူး

သင့်ချစ်သူက ဘာပဲလုပ်လုပ်သင့်ဆီက အကူအညီမတောင်းတတ်ပါဘူး။ ဒါဟာ သင့်ကိုယုံကြည်မှု မရှိတာကို ဖော်ပြနေတဲ့ လက္ခဏာရပ်ပါပဲ။ သင့်ကိုအယုံအကြည်မရှိလို့ကိုပဲ သူကိုယ်တိုင်ပဲအရာရာ ဦးဆောင်လုပ်နေမယ်၊ တခါတရံမှာ သင့်ကိုအသိမပေးဘဲ ပြုလုပ်လိုက်တဲ့ ကိစ္စတွေလည်း ရှိနေတတ်ပါတယ်။

(၃) ဆိုရှယ်မီဒီယာပေါ်ကလှုပ်ရှားမှုတိုင်းကိုစောင့်ကြည့်နေတတ်တယ်

သင့်ရဲ့Privacy ကိစ္စတစ်ခုချင်းစီကို လိုက်ပြီးစစ်ဆေးမေးမြန်းနေမယ်၊ ဆိုရှယ်မီဒီယာပေါ်က လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေတတ်တယ်ဆိုတာဟာ သင့်အပေါ် ယုံကြည်မှုလျော့နည်းနေသေးလို့ပါ။ သင်ဘာလုပ်နေမလဲ၊ ဘယ်သူနဲ့ chat နေမလဲ၊ ဘယ်သူ့ကို ကွန့်မန့်ပေးနေလဲ စတဲ့အသေးအမွှားကိစ္စကအစ စောင့်ကြည့်နေတတ်ပါတယ်။

(၄) သင့်ဖုန်းကို ယူကြည့်မယ်

သင်နဲ့တွေ့တဲ့အခါမျိုးမှာ သင့်ဖုန်းကို ယူကြည့်မယ်၊ call log၊ Message Box တွေကို စစ်ခံနေရသေးဆိုရင်တော့ သင့်ချစ်သူက သင့်အပေါ် အယုံအကြည်ကင်းမဲ့နေတာပါ။ သင့်ဖုန်းကို ယူမကြည့်ဘူးဆိုရင်တောင် သူနဲ့အတူရှိတဲ့အချိန် ဖုန်းလာရင် မသိသလိုဘေးကပ်နားထောင်နေမယ်၊ မက်ဆေ့ဝင်လာရင် မသိသလိုကြည့်မယ် ဆိုရင်တော့ သင့်အပေါ်သံသယဝင်နေတဲ့ အမူအရာတွေပါ။

(၅) အမြဲတမ်းလိုလို စိုးရိမ်ကြောင့်ကြနေတတ်တယ်

သင်က သူ့ကိုတကယ်မချစ်ဘူးလို့ သံသယဝင်နေမှတော့ ဘယ်တော့ထားသွားခံရမလဲဆိုပြီး သူ့ဘက်က အတွေးပေါင်းများစွာနဲ့ စိုးရိမ်ကြောက်ရွံ့နေတတ်ပါတယ်။ သင်တကယ်ချစ်ရဲ့လား၊ ထားသွားမှာလားဆိုပြီး မကြာခဏမေးနေတတ်ပြီး စိတ်မချသလို ဖြစ်နေတတ်တယ်ဆိုရင်တော့ သင့်ကိုသံသယစိတ်ရှိနေတုန်းပါပဲ။

နန်း(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*