Silent တွဲခံနေရကြောင်း သိစေနိုင်မယ့် အချက်များ

ကိုယ့်ရဲ့ relationship တစ်ခုဟာ official မဟုတ်ဘဲ silent အတွဲခံနေရတဲ့ RS တစ်ခုလားဆိုတာ သိဖို့လိုပါတယ်။ အချို့သူတွေက တစ်ဘဝလုံးစာ လက်တွဲဖို့မစဉ်းစားဘဲ ယာယီအပျော်သဘောတွဲတာကြောင့် လူသိရှင်ကြားအဖြစ်မခံဘဲ မသိသူမသိ silent အဖြစ်သာ တွဲကြပါတယ်။ ကိုယ်ဟာ ဒီလိုအတွဲခံနေရပြီဆိုတာကို သိနိုင်တဲ့ အကြောင်းအချက်လေးတွေ ရှိပါတယ်။

၁။ လျှို့ဝှက်တယ်

ပုံမှန်အားဖြင့် တစ်ဘဝလုံးစာ လက်တွဲဖို့ထိရည်ရွယ်ထားကြသူတွေဟာ တစ်ယောက်အကြောင်း တစ်ယောက် ပွင့်လင်းစွာ ပြောပြတတ်ကြပါတယ်။ ဒီလိုမဟုတ်ဘဲ သူ့အကြောင်းမေးလိုက်တဲ့အခါတိုင်း အပေါ်ယံလောက်သာ ပြောပြပြီး အသေးစိတ်ကျကျ ပြောပြဖို့ ဝန်လေးတွန့်ဆုတ်နေတတ်သူဆိုလျှင်တော့ သတိထားပါ။

၂။ အနေစိမ်းတယ်

ယခုလို ဆိုရှယ်မီဒီယာများ အသုံးပြုမှုတိုးတက်နေတဲ့အချိန်မှာ RS အများစုဟာ အွန်လိုင်းပေါ်မှာ တွေ့ဆုံမှုတွေက ပိုပြီးများလာပါတယ်။ သို့သော် ဖုန်းပြောခြင်း၊ စာပို့ခြင်းတွေမှာ ချစ်သူရည်းစားလို နွေးထွေးကြင်နာမှုပြပြီး လက်တွေ့အပြင်မှာ ချိန်းဆိုတွေ့တဲ့အခါ ခပ်စိမ်းစိမ်း ပြုမူဆက်ဆံတတ်တယ်ဆိုရင်တော့ သူဟာ ကိုယ့်အပေါ် silent အဖြစ်သာ သဘောထားကြောင်း ရာခိုင်နှုန်း များပြားပါတယ်။

၃။ ကိုယ့်အကြောင်း သူ့ပတ်ဝန်းကျင်တွင် မသိစေချင်ဘူး

ဒါကတော့ ရှင်းပါတယ်။ ကိုယ့်အပေါ် silent အဖြစ်သဘောထားတဲ့ လူတစ်ယောက်ဟာ သူ့ဝန်းကျင်မှာ ကိုယ့်ကိုသိနေတာ လိုလားမှာမဟုတ်ပါဘူး။ အချိန်တစ်ခုရသည်အထိ ကိုယ့်ကို သူ၏အသိုင်းအဝိုင်းနှင့် တွေ့ဆုံမိတ်ဆက်စေတာမျိုးမရှိတာကလည်း စိုးရိမ်စရာပါ။ နောက်ပြီး လူမှုကွန်ယက်ကို တွင်တွင်ကျယ်ကျယ် သုံးနေကြတဲ့အချိန်မျိုးမှာ ကိုယ့်ဓါတ်ပုံ၊ ကိုယ်နှင့်ပတ်သတ်တဲ့အရာကို တစ်ခါမှ တင်လေ့မရှိတာကလည်း စိတ်အနှောင့်အယှက်ဖြစ်စရာပါပဲ။ အချို့သူတွေက privacy နှင့် အသိုင်းအဝိုင်းကို အသုံးချကာ အခွင့်အရေးယူကာ ပြုမူတတ်ကြပါတယ်။

၎။ အနာဂတ်ရှေ့ရေးအကြောင်းဘယ်တော့မှမပြောဘူး

ကိုယ့်အပေါ် တစ်ဘဝလုံးလက်တွဲမည်ဟု မတွေးထားတဲ့အတွက် သူ့ရဲ့အနာဂတ်မှာ ကိုယ်မပါသလို အဲ့လိုအကြောင်းတွေကိုလည်း ပြောလေ့ရှိမှာ မဟုတ်ပါဘူး။ အထူးသဖြင့် လက်ထပ်ခြင်းအကြောင်းပေါ့။ ကိုယ့်ဘက်က အတည်တကျပြောခဲ့လျှင်တောင် အပြောင်အပျက်စကားတွေဖြင့် လျှောချ၊ စကားလမ်းကြောင်းများ လွှဲတတ်ပါတယ်။

ကဲ.. relationship ဆိုတာ တစ်ခါတစ်ရံ ကိုယ့်ဘက့်မှ ရေရှည်လက်တွဲဖော်အဖြစ် သတ်မှတ်ထားသော်လည်း သူ့ဘက်မှာ silent အနေအထားလောက်သာ သဘောထားတတ်တာမျိုးပါ။ Silent တွဲခံရတယ်ဆိုကတည်းက မိမိအပေါ် သေချာမှုမရှိလို့ပါ။ ကိုယ့်အပေါ် သေချာရေရာမှုမရှိတဲ့သူအပေါ် အများကြီးစိတ်နှစ်မိသွားရင် ထိခိုက်မှု ကြီးနိုင်တာကြောင့် တချို့အရာလေးတွေအပေါ် သတိထားစေလိုပါတယ်။

CHAN (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*