ကင်ဆာရောဂါခံစားနေရတဲ့မောင်ဖြစ်သူကို ဆေးကုပေးဖို့ အစ်မဖြစ်သူက သူမရဲ့ဘဝကိုရောင်းစားပြီး စရိတ်ရှာဖွေနေ

တရုတ်နိုင်ငံက အသက် ၁၉ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးဟာ ကင်ဆာရောဂါခံစားနေရတဲ့ မောင်ဖြစ်သူအတွက် ဆေးကုသစရိတ် ရဖို့ သူမကိုယ် သူမ ရောင်းစားနေပါတယ်။ တရုတ်၊ ရှန်ဒေါင်း ပြည်နယ်၊ ဂျီနန်မြို့တော် ကလေးဆေးရုံအပြင်ဘက်မှာဆိုရင် အဆိုပါ အသက် ၁၉ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူ မိန်းကလေးငယ်ဟာ ဆိုင်းပုဒ်တစ်ခုထောင်ထားပြီး ဖြတ်သွားဖြတ်လာလူတွေ ကြားထဲ သူမကို သူမ ရောင်းစားနေတာကို တွေ့ရပါတယ်။

ဆိုင်းပုဒ်မှာ ရေးထားတဲ့ စာတမ်းတွေထဲမှာဆိုရင် သူမရဲ့ အသက်၊ အမည်နဲ့ အကြောင်းအရာတွေကို ရေးသားထားပြီးတော့ “ ကျွန်မရဲ့ အမည်က ရှာအိုရှာအိုလီဖြစ်ပြီးတော့ လီအိုချန်းမြို့တော်ကပါ။ ဘွဲ့ ရတစ်ယောက်ဖြစ်ပေမယ့် ပညာရေးကိုဆက်လက်တက်ရောက်ဖို့ မဖြစ်တော့ပဲ ပိုက်ဆံရဖို့ အသည်း အသန်လိုအပ်နေသူပါ။ ဒါ့ကြောင့်မို့လို့ ကျွန်မကိုယ် ကျွန်မ ရောင်းစားချင်ပါတယ်။ ကင်ဆာနဲ့ ဦး နှောက်သေ ဝေဒနာခံစားနေရတဲ့ ကျွန်မမောင်လေးအတွက် ပိုက်ဆံလိုပါတယ်။ ဒါ့ကြောင့်မို့လို့ ကျွန်မ ကို ယွမ်သုံးသိန်းနဲ့ ဝယ်ယူနိုင် ပါတယ်။ ကျွန်မရဲ့ တစ်ဘဝလုံးကအချိန်တွေအားလုံးကို ဝယ်ယူပြီး တော့ ကျွန်မကို တစ်ဘဝလုံး ခိုင်းစားနိုင်ပါတယ်” လို့ စာတန်းရေထားပါတယ်။

အစ်မဖြစ်သူက မောင်ဖြစ်သူခံစားနေရတဲ့ဝေဒနာကို မကြည့်ရက်နိုင်တော့လို့ မောင်လေးအတွက် ဝေ ဒနာသက်သာစေမယ့် ဆေးဝါးကုသမှုပြုလုပ်ပေးဖို့ ငွေကြေးရှာဖွေနေတာဖြစ်ပါတယ်။ ဒီ့အတွက် ကြောင့်လည်း သူမရဲ့ပညာရေးကိုရပ်တန့်ခဲ့ပြီးတော့ မောင်လေးရဲ့ ဆေးဝါးကုသစရိတ်နဲ့ ပြုစုစောင့် ရှောက်မှုတွေပြုလုပ်ပေးလာတာဖြစ်ပါတယ်။ အသက် ၁၁ နှစ်မှာ ဦးနှောက်သေရော ဂါစတင်ခံစားရလို့ လယ်အလုပ်လုပ်ကိုင်တဲ့ မိသားစုမှာ ဆေးဝါးကုန်ကျစရိတ်တွေနဲ့ပဲ မိသားစုရဲ့ စီးပွားရေးကျဆင်းခဲ့ပြီး ငွေကြေး အခက်အခဲတွေဖြစ်လာခဲ့တာပါ။

ငွေရရှိဖို့ နည်းလမ်းလည်း လုံးဝမရှိတော့တာကြောင့် အစ်မဖြစ်သူမှာ သူမကိုယ် ရောင်းစားပြီး ငွေကြေး ရနိုင်မယ့် နည်းလမ်းကို ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ တာဝန်ခံဆရာဝန်တွေရဲ့ ပြောကြားချက်အရတော့ ကင်ဆာဝေဒနာခံစားနေရတဲ့ မောင်ဖြစ်သူမှာ ရိုးတွင်းခြင်ဆီ အစားထိုးကုသဖို့ လိုအပ်ပြီးတော့ ပြန် လည် သက်သာလာဖို့တော့ ရာခိုင်နှုန်းနည်းတယ်လို့ သိရပါတယ်။ ခွဲစိပ်ကုသမှုပြုလုပ်ဖို့အတွက်ဆိုရင် တော့ ယွမ်ငွေ လေးငါးသိန်း လိုအပ်မယ်ဆိုတဲ့အကြောင်းကြောင့် ငွေကြေးဝင်ငွေနည်းပါးတဲ့ သူမတို့ မိသားစု ဒီငွေကြေးကို မရှာဖွေနိုင်ခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။ ဒီ့အတွက်ကြောင့် သူမရဲ့ဘဝကို ရောင်းစားပြီး မောင်ဖြစ်သူရဲ့ ဆေးကုသစရိတ်ရှာဖွေနေတာလည်း ဖြစ်ပါတယ်။

မေ(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*