၂သိန်းဝန်းကျင်နဲ့ ဒီဇိုင်းလန်းလန်းသုံးနိုင်မယ့် စမတ်ဖုန်းများ

Xiaomi Redmi Note 4

Price – 198,000

အရည်အသွေးကောင်းမွန်သော သတ္တုဖြင့်တည်ဆောက်ထားပြီး ဒီဇိုင်းပုံစံမှာ ပါးပါးလျလျရှိပါတယ်။ ထောင့်ချိုးများတွင် အ၀န်းအ၀ိုက်ပုံစံရှိပြီး အဓိကကင်မရာကို ဖုန်းရဲ့အနောက်ဘက်တွင် အ၀ိုင်းပုံစံထည့်သွင်းပေးထားပါတယ်။ ကင်မရာ၏အောက်ဘက်တွင် Fingerprint Sensor ကို အ၀ိုင်းပုံစံတပ်ဆင်ပေးထားပါတယ်။ Note 4 ရဲ့ အရွယ်အစားပမာဏကတော့ 151x76x 8.4 mm ရှိပြီး၊ အလေးချိန်မှာ 175g ဖြစ်ပါတယ်။ ဆင်းကတ်နှစ်ကတ်ထည့်သွင်းအသုံးပြုနိုင်မယ့် ဖုန်းအမျိုးအစားပါ။ ထည့်သွင်းသုံးစွဲရမယ့် ဆင်းကတ်အရွယ်အစားကတော့ Micro နဲ့ Nano SIM ပါ။ ဖုန်းမျက်နှာပြင်တွင် IPS LCD Capacitive Touchscreen ကို သုံးစွဲပေး ထားပါတယ်။ ဖုန်းရဲ့မျက်နှာပြင်အကျယ်အ၀န်းကတော့ 5.5 inches ဖြစ်ပြီး မြင်ကွင်းစွမ်းရည်အပိုင်းတွင် 1080×1920 pixels ပမာဏကိုထည့် သွင်းပေးထားပါတယ်။ တစ်လက်မမှာရှိမယ့် pixel ပမာဏသိပ်သည်းဆကတော့ 401ppi ပါ။ Multitouch စနစ်တွင် MIUI 8.0 ကို သုံးစွဲနိုင်ပါမယ်။ အဓိက ကင်မရာသည် 13MP, f/2.0 စွမ်းရည်ရှိပြီး Dual LED(Dual Tone) Flash စနစ်နဲ့ တွဲဖက်အသုံးပြုနိုင်ပါမယ်။ ရှေ့ကင်မရာငယ်ကတော့ 5MP, f/2.0 စွမ်းရည်ရှိပါတယ်။ မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAM 2GB နှင့် ROM 16GB ပါရှိအောင် ဆောင်ရွက်ပေးထားပြီး၊ အချက်အလက်အများအပြား သိမ်းဆည်းလိုပါ ကလည်း Card Slot စနစ်ကို အသုံးပြု၍ မှတ်ဥာဏ်ပမာဏကို ချဲ့ထွင်အသုံးပြုနိုင်ပါမယ်။ Chipset တွင် Mediatek MT6797 Helio X20 အမျိုးအစားကို အသုံးပြုပေးထားပြီး CPU ဟာ Deca Core 2.1GHz စွမ်းရည်ရှိပါတယ်။ GPU မှာ Mali-T880 MP4 အမျိုးအစားပါ။ အသုံးပြုနိုင်မယ့် Android Version ကတော့ Marshmallow ပါ။

 

Meizu M3 Note

Price – 199,000(32GB)

Meizu ဟာ M3 Note ဖုန်းရဲ့ပုံပန်းသဏ္ဌာန်ကတော့ ထောင့်ဘက်စွန်း များတွင် အ၀န်းအ၀ိုင်းဖြင့် သေသပ်လှပသော ပုံစံရှိပါတယ်။ ဖုန်းရဲ့အရွယ်အစား ပမာဏသည် 153.6 × 75.5 × 8.2 mm ရှိကာ အလေးချိန်သည် 163g ဖြစ်ပါတယ်။ ဆင်းကတ်နှစ်ကတ် ထည့်သွင်းအသုံးပြုနိုင်သော ဖုန်းအမျိုးအစားပါ။ အသုံးပြုရမယ့် ဆင်းကတ်အမျိုးအစားကတော့ Nano SIM ဖြစ်ပါတယ်။ ဖုန်းမျက်နှာပြင်မှာ LTPS IPS LCD capacitive touchscreen အမျိုး အစားဖြစ်ပါတယ်။ ဖုန်းရဲ့ မျက်နှာပြင်အကျယ် အ၀န်းကတော့ 5.5 inches ပါ။ မြင်ကွင်းစွမ်းရည်အတွက် ထောက်ပံ့ပေး ထားသော Pixels ပမာဏမှာ 1080 × 1920 ဖြစ်ပြီး တစ်လက်မမှာရှိမယ့် Pixel ပမာဏသိပ်သည်းဆကတော့ 403 ppi ပါ။ ဖုန်းကာကွယ်မှုအပိုင်းတွင်လည်း Dinorex T2X-1 scratch/shock resistant glass ပါရှိပါသေးတယ်။ Multitouch စနစ်တွင် Flyme UI ကို သုံးစွဲနိုင်ပါမယ်။ အဓိကကင်မရာမှာ 13 MP , f/2.2 ဖြစ်ပြီး၊ Dual LED  (Dual Tone) Flash ပါရှိပါသေးတယ်။ ရှေ့ကင်မရာငယ်ကတော့ 5 MP, f/2.0 စွမ်းရည်ဖြစ်ပါတယ်။ ဗီဒီယိုရိုက်ကူးနိုင်မယ့် စွမ်းရည်ကတော့ 1080p ဖြစ်ပြီး နှုန်းမှာ တစ်စက္ကန့်ကို 30 Frames ဖြစ်ပါတယ်။ မှတ်ဥာဏ်ပမာဏအပိုင်းတွင် နှစ်မျိုးနှစ်စား ရှိပါတယ်။ ROM 16 GB ပါရှိပါက RAM မှာ 2 GB ဖြစ်ပါတယ်။ RAM 3GB ဖြစ်လျှင် ROM မှာ 32 GB ပါ။ Cardslot စနစ် ပါရှိသောကြောင့်လည်း မှတ်ဥာဏ်ပမာဏကို ချဲ့ထွင်သုံးစွဲနိုင်ပါသေးတယ်။ အသုံးပြုပေးထားသော Chipset အမျိုးအစားမှာ Mediatek MT 6755 Helio P 10 ဖြစ်ပါတယ်။ Finger Print Sensor လည်း ပါရှိပါသေးတယ်။ အားသွင်းအသုံးပြုရမယ့် ဘက်ထရီအမျိုးအစားကတော့ 4100 mAh ဖြစ်ခြင်းကြောင့် ဖုန်းကို အချိန်ကြာမြင့်စွာ သုံးစွဲနိုင်ပါလိမ့်မယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*