Staff Office တစ်ယောက်အနေနဲ့  ကိုယ့်စားပွဲမှာ မဖြစ်မနေထားသင့်တဲ့ပစ္စည်းတွေက ဘာတွေလဲ….???

၁။ မိတ်ဆွေတစ်ယောက်ယောက်နဲ့  အလုပ်ကိစ္စ Appointment ရှိတဲ့အခါ (သို့ )
ရုံဆင်းလို့ ကိုယ်ချစ်သူလေးနဲ့  Date လုပ်တဲ့အခါမျိုးမှာ ချွေးနံ့ ပျောက်ဆေး ၊
Hand Gel ၊ အနံ့ အသက်ပျောက်ဆေး ၊ ပလုတ်ကျင်းဆေး ကဲ့သို့ သော တစ်ကိုယ်ရေ
သန့် ရှင်းဖို့အတွက် သုံးတဲ့ပစ္စည်းများ ဆောင်ထားပါ။

၂။ နေ့ စဉ်ပြုလုပ်ရသည့် စာရွက်စာတမ်းများ ၊ လချုပ်စာရင်းများလုပ်ရာတွင် ကော်ဘူး ၊
စတပ်ပလာ ၊ စာရွက်ညှပ်ကလစ်လေးများ အသုံးလိုနိုင်သောကြောင့် မြင်သာသည့်နေရာတွင် ထားရှိပါ။

၃။ မိမိချစ်မြတ်နိုးရသော ခင်ပွန်းသည် ၊ ဇနီး ၊ ကလေး ၊ မိသားစုဓာတ်ပုံ (သို့ )
အိမ်မွေးတိရစ္ဆာန်ချစ်တတ်သူတစ်ယောက်ဖြစ်ပါကလည်း ကြောင် ၊ ခွေး ၊ ငါး
စသည့်မိမိနှစ်သက်ရာဓာတ်ပုံတစ်ပုံကို စားပွဲပေါ်တွင် ထားရှိခြင်းဖြင့် အလုပ်လုပ်ရာတွင်
စိတ်ပျော်ရွင်မှု ၊ တက်ကြွမှုကို ဖြစ်ပေါ်စေရုံသာမက သည်းခံနိုင်စွမ်းကို တိုးမြှင့်ပေးစေတယ်။

၎။ တစ်ရှူးဘောက် ထားရှိခြင်း။ အကယ်၍ ဆောင်းရာသီလိုရာသီဥတုမျိုး (သို့ )
သင်ဟာမကြာခဏ နှာချေတတ်သူဖြစ်ပါကလည်း မထင်မှတ်ဘဲ ရုတ်တရက်
နှာချေလိုက်သည့်အခါမျိုးတွင် မိမိ၏လုပ်ဖော်ကိုင်ဖက်များရှေ့တွင်
ရှက်ကိုးရှက်ကန်းဖြစ်စေမည့် စိတ်ကသိကအောက်ဖြစ်စမည့် ကိစ္စများမှ ကင်းဝေးစေနိုင်ပါတယ်။

၅။ သကြားဓာတ်က ဆာလောင်မှုကိုလျော့ချပေးနိုင်သောကြောင့် သကြားလုံးဘူး ၊
ချိုချဉ်ဘူးများ ထားရှိခြင်း။ (သို့ ) ပေါ့ပေါ့ပါးပါးစားလို့ ရတဲ့ Snack များထားရှိပါ။

၆။ ရေဆာသည့်အခါ အလွယ်တကူသောက်နိုင်အောင် စားပွဲပေါ်တွင် ရေဘူးထားရှိခြင်းဖြင့်
ခန္ဓာကိုယ်အတွက် ကုန်ဆုံးသွားသောရေဓာတ်ကို ပြန်လည်ဖြည့်ပးနိုင်ရုံသာမက အာရုံစူးစိုက်မှု
အားကောင်းစေတယ်။

၇။ အကြောင်းအမျိုးမျိုးကြောင့် တစ်ခါတစ်ရံ Ph ဘက်ထရီ ကုန်သွားနိုင်သောကြောင့်
Power Bank ဆောင်ထားသင့်ပါတယ်။

အားလုံး ပျော်ရွှင်တဲ့ လုပ်ငန်းခွင်ပိုင်ဆိုင်နိုင်ပါစေ။

ယမုံ(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*