ဒီလိုယောကျာ်းမျိုးဆိုဝေးဝေးရှောင်

(၁)သင့်ရှေ့မှာတခြားမိန်းကလေးနဲ့ကြည်နူးနေတဲ့သူ

သင်နဲ့အတူအပြင်သွားတဲ့အခါမှာ သူ့သူငယ်ချင်းမိန်းကလေးများနဲ့တွေ့ရင် လိုတာထက်ပိုပြီးနှုတ်ဆက်နေတာမျိုး၊ ဖင်ပုတ်ခေါင်းပုတ်နှင့် စနောက်ကျီစယ်နေတာမျိုး၊ သင့်ကိုဘေးမှာထားပြီး တခြားမိန်းကလေးများနှင့်အကြည်ဆိုက်ကာ ရောရောနှောနှောနေတတ်တဲ့သူမျိုးဆိုရင် ဝေးဝေးသာပြေးပေတော့။

(၂)အခြားမိန်းကလေးတစ်ယောက်ယောက်နှင့်ဖုန်းဆက်၊ မက်ဆေ့ခ်ျပို့သူ

အွန်လိုင်းပေါ်မှာ အမြဲလိုလိုကောင်မလေးတွေနဲ့စကားပြောနေတာဟာ မကောင်းတဲ့လက္ခဏာပါ။ သူငယ်ချင်းမိန်းကလေးများ၊ အစ်မ၀မ်းကွဲများနှင့် နှုတ်ဆက်စကားပြော၊ Chattingထိုင်တာတွေကိုမဆိုလိုပါ။ ထိုမိန်းကလေးတစ်ယောက်ထဲကိုပဲ အလွန်အမင်းစကားပြောနေခြင်း၊ သင်ဘေးမှာရှိနေတာတောင် ဖုန်းဆက်၊ မက်ဆေ့ခ်ျပို့ပြီးအရေးတယူလုပ်နေတယ်ဆိုတာဟာ သူ့ဆီမှာဒုတိယလူရှိနေပြီဆိုတဲ့သဘောပါပဲ။

(၃)အခြားမိန်းကလေးတစ်ယောက်နှင့်ပတ်သတ်ပြီးဖေ့စ်ဘုတ်ပေါ်မှာခံစားပြနေတတ်သူ

သင့်အကြောင်းခံစားချက်များမဟုတ်ပဲ အခြားမိန်းကလေးတစ်ယောက်အကြောင်းကို လူမှုကွန်ယက်ပေါ်မှာ ခံစားပြနေတာမျိုးတွေ့ရင်တော့ ဒါဟာ မီးနီအဆင့်ရောက်နေပါပြီ။ သင့်ကိုသူတကယ်မချစ်ပါဘူး။ သင့်ကိုဘယ်လောက်ထိချစ်တယ်လို့တဖွဖွပြောနေပေမယ့် သင့်အတွက်ခံစားချက် သူ့ဆီမှာဘာမှမရှိဘူးဆိုတာသိသာလွန်းလှပါတယ်။

(၄)တခြားမိန်းကလေးဆီမှာရင်ဖွင့်တတ်သူ

Relationshipတစ်ခုတည်ဆောက်တယ်ဆိုတာဟာ လူနှစ်ယောက်ရဲ့ဘ၀ကိုပေါင်းစပ်တာဖြစ်တာကြောင့် အသင်းအဖွဲ့စိတ်ဓာတ်မျိုးထားသင့်ပါတယ်။ တစ်ဦးနဲ့တစ်ဦးလိုအပ်ချက်တွေ အားနည်းချက်တွေကိုဆွေးနွေးကြပြီး ပျော်ရွှင်ဖွယ်Relationshipတစ်ခုကို ဘယ်လိုကောင်းမွန်အောင်တည်ဆောက်မလဲဆိုတာ အရေးကြီးဆုံးပါပဲ။ အဲ့လိုမဟုတ်ပဲ တခြားမိန်းကလေးတစ်ယောက်ဆီမှာ သင့်ရဲ့အားနည်းချက်တွေကြောင့် သူစိတ်ညစ်ရတဲ့အကြောင်းတွေကို အိုဗာလုပ်ပြီးရင်ဖွင့်ပြနေတာဟာ သင့်ကို မလေးစားရာကျသွားပါပြီ။

(၅)သင့်နောက်ကွယ်မှာကြိတ်ပုန်းခုတ်နေတဲ့သူ

ဒါဟာအဆိုးဆုံးအချက်ပါပဲ။ သင့်သူငယ်ချင်းတွေသင့်ကိုသတင်းပေးတာနဲ့ ပေါ့ဆမနေသင့်ပါဘူး။ အလေးအနက်တွေးတောပြီး သင့်အတွက်ကောင်းရာကောင်းကြောင်း ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ပါ။

သင့်ဘက်ကဘယ်လောက်ပဲပေးဆပ်ပြီးချစ်တယ်ဆိုပေအုံးတော့ သူ့ရဲ့လုပ်ရပ်တွေကြောင့် သင်နာကျင်နေရတာဟာ သူနဲ့လမ်းခွဲပြီးလို့နာကျင်ခံစားရမှာထက် ဆယ်ဆပိုနာကျင်စေပါတယ်။ ဒါ့ကြောင့် သင့်ဖက်ကပဲပြတ်ပြတ်သားသားဆုံးဖြတ်ဖို့လိုပါတော့တယ်။

စံပယ်(ရွှေအင်းလေး)