Latest post

အစာအိမ်ရောဂါသမားများအတွက် ဆောင်ရန်၊ ရှောင်ရန်များ

Young man with severe stomach ache holding his stomach

အစာအိမ်ရောဂါဆေးများကို အမြဲသောက်သုံးနေရတာကလည်း ရေရှည်အတွက် မကောင်းလှပါဘူး။ မိမိကိုယ်တိုင်ပဲ နေထိုင်စားသောက်မှုပုံစံတွေကို ပြောင်းလဲဖို့ လိုနေပါပြီ။ အစာအိမ်အချဉ်ပေါက်ခြင်း၊ အစာအိမ်နာခြင်းစတဲ့ အစာအိမ်ရောဂါနဲ့ပတ်သတ်တာတွေကို ခံစားနေရသူဆိုရင်တော့ အခုဖော်ပြပေးမယ့် ဆောင်ရန်၊ ရှောင်ရန်အချက်လေးများကို သတိထားမိစေဖို့ ဖော်ပြပေးလိုက်ပါတယ်နော်။

(၁) ငှက်ပျောသီးစားပါ။

ငှက်ပျောသီးမှာပါဝင်တဲ့ Vitamin B6 က အဆိပ်အတောက်များထုတ်လွှတ်မှုကို ထိန်းချုပ်ပေးနိုင်သည့်အပြင် အစာအိမ်တွင်းရှိ Acid များပြန်စီးခြင်းကို သက်သာစေနိုင်ပါတယ်။ ဆေးပညာရှင်များပြောကြားချက်အရ သစ်သီးဝလံများကို နေ့စဉ်ပုံမှန်စားတာဟာ အစာအိမ်အချဉ်ပေါက်ခြင်းကို ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။

(၂) ခေါင်းအုံးအမြင့်ဖြင့်အိပ်စက်အနားယူပါ။

အစာအိမ်နာနေသူများအနေနဲ့ ညအိပ်ချိန်မှာ ဦးခေါင်းနဲ့ပခုံးကို အနည်းငယ်မြှင့်တင်ထားပေးပါ။ ဦးခေါင်းနဲ့ပခုံးကို ၆လက်မခန့်မြင့်တဲ့ အနေအထားအတိုင်း အိပ်စက်နိုင်ဖို့  ခေါင်းအုံးခပ်မြင့်မြင့်လေးနဲ့ အိပ်ဖို့လိုပါတယ်။ ဒီလိုအနေအထားနဲ့ အိပ်စက်ခြင်းက အစာအိမ်ပြွန်တွင်းမှာရှိတဲ့ အဆိပ်အတောက်များ အထက်သို့တက်မလာစေရန် တားမြစ်ပေးနိုင်ပါတယ်။

(၃) အုတ်ဂျုံ၊ ပြောင်းဆန် စားပါ။

အစာအိမ်နာသူများအတွက် အထူးသင့်လျော်ပြီး အာဟာရဓာတ်ပြည့်ဝတဲ့ အစားအစာတစ်ခုပဲဖြစ်ပါတယ်။ အစာအိမ်နာနေတာကြောင့် ဘာမှစားမရဖြစ်နေသူများ အာဟာရချို့တဲ့သွားမှာကို စိတ်ပူစရာမလိုတော့ပါဘူး။ အုတ်ဂျုံ၊ ပြောင်းဆန်မှာ ထူးခြားတဲ့ အစွမ်းအာနိသင်တွေမပါပေမယ့် အစာချေဖျက်ရာမှာ လွယ်ကူမြန်ဆန်တာကြောင့် အစာအိမ်နာသူများအတွက် အထူးသင့်လျော်တဲ့ ဖြည့်စွက်အစာတစ်မျိုးဖြစ်ပါတယ်။

(၄) ရေအေးမသောက်ပါနဲ့။

အစာအိမ်ရောဂါခံစားနေရသူအများစုဟာဆိုရင် အစာအိမ်နာကျင်ချိန်မှာ ရေသောက်လိုက်လျှင် သက်သာလာမယ်လို့ထင်တတ်ကြပါတယ်။ အမှန်တကယ်လည်း သက်သာလာတာကို တွေ့ရပါလိမ့်မယ်။ အချိန်ခဏမျှသာ သက်သာခြင်းဖြစ်ပါတယ်။ ရေအေးသောက်ခြင်းက အစာအိမ်တွင်းမှာရှိတဲ့ အက်ဆစ်ဓာတ်များထုတ်လွှတ်မှုကို ပိုပြီးအားပေးလိုက်သလို ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် အစာအိမ်နာချိန်မှာ ရေဆာရင်တောင် ရေနွေးနွေးလေးကို အနည်းငယ်မျှသာသောက်သုံးသင့်ပါတယ်။

နန်း(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*