အလှကြိုက်တဲ့မမများအတွက် အလှအပဆိုင်ရာ အရေးပေါ်ပြဿနာဖြေရှင်းနည်းများ

ဘယ်လိုအသက်အရွယ်မှာပဲ ဖြစ်ဖြစ် အသားအရေပြဿနာနဲ့ ရင်ဆိုင်ကြုံတွေ့ရမှာပါပဲ။ အမြဲထာဝစဉ်လှပနေပြီး အပြစ်အနာအဆာမရှိ လှပတဲ့သူဆိုတာ တကယ့်ကိုရှားပါတယ်။ ဘယ်လောက်ပဲလှပလွန်းနေပါစေ၊ အလှအပနဲ့ပတ်သတ်တဲ့ ချို့ယွင်းချက်လေးတွေတော့ အနည်းနဲ့အများရှိနေတတ်ပါတယ်။ ဒီတော့ သွားခါနီးလာခါနီးမှာ ဒီလိုချို့ယွင်းချက် ပြဿနာလေးတွေကို အလျင်မြန်ဆုံး ဖုံးအုပ်နိုင်ဖို့အတွက် အရေးပေါ်ဖြေရှင်း နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) အနီရောင်အဖုအပိန့်တွေထွက်နေတယ်ဆိုရင်

နေလောင်ဒဏ်နဲ့ ဝက်ခြံကြောင့် အသားအရေနီမြန်းပြီး redness လို့ခေါ်တဲ့ အဖုအပိန့်တွေထွက်နေတဲ့အခါ calming cream, BB cream ကိုလိမ်းပေးပါ။ ပျက်စီးလွယ်တဲ့အသားအရေပိုင်ရှင်များနဲ့ sensitive skin အတွက် သင့်တော်တဲ့ cream တစ်မျိုးပါပဲ။ မိတ်ကပ်ပြင်တဲ့အခါမှာ ဒီအနီရောင်အဖုတွေကို မသိသာစေရလေအောင် eye shadow ကိုအစိမ်းရောင်လိုမျိုး အရောင်တောက်ပတာလေးတွေ ခြယ်သပြီး အဖုတွေမသိသာအောင် ထိန်းထားနိုင်ပါတယ်။

(၂) ဝက်ခြံထွက်နေရင်

မိတ်ကပ်လိမ်းတဲ့အခါမှာ စိတ်ကသိကအောက်ဖြစ်စေတာကတော့ ဝက်ခြံတွေပါပဲ။ ဒီအတွက်တော့ concealer ကိုအသုံးပြုပြီး ဖုံးကွယ်ပေးလို့ရပါတယ်။ ဘရက်ရှ်အသေးလေးနဲ့ သေချာဖုံးကွယ်လိမ်းခြယ်မယ်ဆိုရင် ဝက်ခြံဖုတွေ မသိသာစေတော့ပါဘူး။ မိတ်ကပ်မလိမ်းခင် ရေခဲကပ်ပေးတာမျိုးကလည်း မျက်နှာပေါ်က အညစ်အကြေးတွေကို ဖယ်ရှားပေးပြီး ဖုထွက်နေတဲ့ ဝက်ခြံပြားသွားတာကြောင့် မိတ်ကပ်လိမ်းတဲ့အခါ အဆင်ပြေစေမှာပါ။

(၃) မျက်ကွင်းညိုနေရင်

ညဘက်အိပ်ရေးပျက်လို့ ရုံးသွားခါနီးမှာ မျက်ကွင်းညိုနေရင် အလှပျက်ရပါတယ်နော်။ ဒါ့ကြောင့်မို့လို့ ညဘက်အိပ်ရာမဝင်ခင်မှာ eye cream လေးလိမ်းပေးဖို့ လိုပါတယ်နော်။ မနက်အိပ်ရာထချိန်မှာလည်း မိတ်ကပ်မလိမ်းခင် နာရီဝက်လောက်အလိုမှာ သခွားသီးဝိုင်းလေးကပ်ထားပေးမယ်ဆိုရင် မျက်ကွင်းညိုတာသက်သာစေမှာပါ။

(၄) ဆံပင်အဆီပြန်နေရင်

အရေးတကြီးသွားစရာရှိလာတဲ့အခါကျမှ ခေါင်းလျှော်ဖို့အချိန်ကလည်း မရှိတော့ဘူးဆိုရင်တော့ အရေးပေါ်နည်းလမ်းလေးကို သိထားဖို့ လိုပါတယ်နော်။ ဆံပင်ကို hair dryer နဲ့ဦးစွာမှုတ်လိုက်ပါ။ ပြီးရင်တော့ hair spray ဖျန်းလိုက်ပြီး ဘီးအကြဲလေးနဲ့ ဖြီးပေးပါ။ ဒါဆိုရင်တော့ အဆီပြန်ပြီး ပြားကပ်နေတဲ့ဆံပင်က ထူထူထဲထဲလေးဖြစ်လာတာကို တွေ့ရမှာပါ။

(၅) ပြာနေတဲ့နှုတ်ခမ်းသားအတွက်

နှုတ်ခမ်းသားက ညစ်ညစ်ကြီးဖြစ်နေတယ်ဆိုရင်တော့ အသက်ဝင်တဲ့ နှုတ်ခမ်းသားတစ်စုံကို မရရှိနိုင်ပါဘူး။ ဒါ့ကြောင့်မို့လို့ သဘာဝအတိုင်း ပန်းရောင်သမ်းစေဖို့ ဒီနည်းလမ်းလေးကို အသုံးပြုနိုင်ပါတယ်။ သကြားနဲ့ သံလွင်ဆီကို ရောနှောပြီး နှုတ်ခမ်းသားပေါ်ကို ပွတ်တိုက်ပေးပါ။ ပြီးရင်တော့ ညအိပ်ရာမဝင်ခင် lip balm လေးဆိုးပေးပါ။ မနက်အိပ်ရာထိချိန်မှာ ပန်းရောင်သမ်းတဲ့ နှုတ်ခမ်းသားတစ်စုံကို ပိုင်ဆိုင်နိုင်မှာပါနော်။

နန်း(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*