စွမ်းဆောင်ရည်မြင့်ချင်သူများ ဒါတွေများများစား

ယောက်ျားလေးရော၊ မိန်းကလေးရော ချစ်တင်းနှောတဲ့အခါမှာ အားအင်အပြည့်နဲ့ စိတ်ကျေနပ်မှုအပြည့်ရချင်တယ် ဆိုရင်တော့ ကျန်းမာသန်စွမ်းဖို့ လိုပါတယ်နော်။ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ဖို့လည်း လိုအပ်သလို နေထိုင်စားသောက်မှုကိုလည်း အထူးဂရုစိုက်ဖို့ လိုပါတယ်နော်။ အထူးသဖြင့် စွမ်းဆောင်ရည်မြင့်မားချင်သူများအတွက် အားအင်ဖြစ်စေတဲ့အစားအစာများကို ဖော်ပြပေးချင်ပါတယ်။

(၁) ချောကလက်

မိန်းကလေးတွေအတွက်တော့ သတင်ကောင်းပါပဲနော်။ မိန်းကလေးတွေကလည်း ချောကလက်ကြိုက်နှစ်သက်ကြတာ များသလို ကောင်လေးတွေကလည်း ကိုယ့်ချစ်ရသူကို ချစ်ခင်မြတ်နိုးတဲ့သင်္ကေတအနေနဲ့ ချောကလက်လက်ဆောင်ပေးကြတယ်မဟုတ်ပါလား။ ချောကလက်မှာပါဝင်တဲ့ ဓာတ်ပစ္စည်းက မောပန်းနွမ်းနယ်မှုကို ထိန်းချုပ်ပေးနိုင်ပြီး ပျော်ရွှင်မှုဟော်မုန်းကို ထုတ်လွှတ်ပေးနိုင်တာကြောင့် သင့်ကိုစိတ်ကျေနပ်မှုအပြည့်အဝပေးနိုင်မယ့် အစားအစာတစ်ခုပါပဲနော်။

(၂) ဂျင်စင်းလက်ဖက်ရည်

ဂျင်းစင်းကတော့ ယောက်ျားတွေအတွက် အားဆေးလို့ပြောရင်လည်း မမှားပါဘူး။ ကျန်းမာတဲ့ကျားဟော်မုန်းဓာတ်ကို ထုတ်လွှတ်ပေးနိုင်တာကြောင့် အိမ်ထောင်သုခ သာယာချင်တယ်ဆိုရင်တော့ ဂျင်စင်းလက်ဖက်ရည်ကိုသောက်သုံးသင့်ပါတယ်နော်။

(၃) ကြက်သွန်ဖြူ

ကြက်သွန်ဖြူက ဆေးဖက်ဝင်တာကို သိကြမှာပါ။ ကြက်သွန်ဖြူက သွေးလည်ပတ်မှုကောင်းမွန်စေတာကြောင့် ခံစားမှုအထွတ်အထိပ်မရောက်ခင် ပင်ပန်းနွမ်းနယ်ခြင်းမရှိဘဲ ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှု မှန်ကန်နေတာကြောင့် စွမ်းဆောင်ရည်တောင် မြင့်မားစေနိုင်ပါသေးတယ်။

(၄) ဟင်းနုနွယ်

ဟင်းနုနွယ်ရွက်က မဂ္ဂနီဆီယမ်ကြွယ်ဝစွာပါဝင်တာကြောင့် အောက်ပိုင်းသွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ဒါ့အပြင် ဟော်မုန်းဓာတ်များကို နိုးကြားစေတာကြောင့် စိတ်ပါလက်ပါနဲ့ စွမ်းဆောင်ရည်ပြည့်ဝချင်သူတွေအတွက်တော့ ဟင်းနုနွယ်ကို များများစားဖို့ လိုပါတယ်နော်။

စံပယ်(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*