အသက်ထက်ဝက်လောက် အရွယ်တင်နုပျိုလွန်းတဲ့ ညီအစ်မသုံးယောက်

Lure Hsu လို့ အမည်ရတဲ့ ထိုင်ဝမ်မှ အသက် ၄၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ ငယ်ရွယ်နုပျိုလွန်းတဲ့ သူမရဲ့အလှကြောင့် အွန်းလိုင်းမှာ ရေပန်းစားနေသူပဲဖြစ်ပါတယ်။

သူမရဲ့ရုပ်ရည်ကိုကြည့်ရင် အသက် ၂၀ ဝန်းကျင်လို့ထင်ရပြီး ကလေးနှစ်ယောက်အမေနှင့် အသက် ၄၀ကျော်အမျိုးသမီးဆိုတာ ထင်ရက်စရာကိုမရှိပါဘူး။ သူမဟာ အခန်းတွင်းအလှဆင်ဒီဇိုင်နာနှင့် ဖက်ရှင်ဘလော့ဂါအဖြစ် လုပ်ကိုင်နေသူဖြစ်ပါတယ်။ နောက်ပြီး ဒီလို အရွယ်တင်နုပျိုမှုရဲ့လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိထားတာဟာ မိသားစုထဲမှာ သူမတစ်ယောက်တည်း မဟုတ်ပါဘူး။

ဘယ်မှညာ (အသက် ၄၁ နှစ်အရွယ် Lure ၊ အသက် ၄၀ နှစ်အရွယ် Fayfay၊ အသက် ၃၆ နှစ်အရွယ် Sharon)

သူမရဲ့ညီမတွေဖြစ်တဲ့ အသက် ၄၀ နှစ်အရွယ် Fayfay နှင့် အသက် ၃၆ နှစ်အရွယ် Sharon တို့ဟာလည်း သူမလို ငယ်ရွယ်နုပျိုမှု၊ လှပမှုကို ကိုယ်စီရရှိကြပါတယ်။ သူတို့ညီအစ်မသုံးယောက်ရဲ့ အလှအပနှင့် အရွယ်တင်နုပျိုမှုဟာ မိခင်ဖြစ်သူဆီက အမွေရရှိတာပါလို့ သူတို့ကဆိုပါတယ်။ လက်ရှိမှာ အနားယူထားတဲ့ အကမယ်ဖြစ်သူ အသက် ၆၀ နှစ်အရွယ် မိခင်ကိုယ်တိုင်ကလည်း အသက် ၃၀ အရွယ်လို့ထင်ရလောက်အောင် ထက်ဝက်နုပျိုပါတယ်။

မိသားစုဝင်တွေရဲ့ အရွယ်တင်နုပျိုမှုနှင့် သွယ်လျလှပမှုဟာ ဟင်းသီးဟင်းရွက်စားပြီး ထိန်းသိမ်းတယ်လို့ Lure  က ဆိုပါတယ်။ ဒါ့အပြင် ရေအများအပြား သောက်သုံးပါတယ်။ အစိုဓာတ်ထိန်းခရင်မ်ကို တစ်နေ့နှစ်ကြိမ် အသုံးပြုခြင်းက အရေးကြောင်းများမဖြစ်ဖို့ ကာကွယ်ပေးတယ်လို့ သူမက အကြံပြုစကားဆိုပါတယ်။

ခမ်းမူး (ရွှေအင်းလေး)

YOU MAY ALSO LIKE

Be the first to comment

Leave a Reply

Your email address will not be published.


*