Latest post

အရည်အသွေးမြင့် စမတ်ဖုန်းများကို ပြိုင်စံရှား ဈေးနှုန်းတွေနဲ့ ယူဆောင်လာမယ့် TECNO Mobile

ရန်ကုန်၊ မြန်မာ၊ ဖေဖော်ဝါရီ ၂၂၊ ၂၀၁၈ – ထုတ်ကုန်အသစ်တွေ ဈေးကွက်ထဲသို့ ၀င်ရောက်လာ  တာနှင့်အမျှ မြန်မာ့စမတ်ဖုန်း ဈေးကွက်သည်လည်း တဖြည်းဖြည်း တိုးတက်ကျယ်ပြန့်လာပါတယ်။ အခုလို ဈေးကွက်ပြိုင်ဆိုင်မှုတွေ ကျယ်ပြန့်လာတာနဲ့အမျှ မိုဘိုင်းဖုန်း သုံးစွဲသူတွေ အတွက်လည်း ထူးခြားဆန်းသစ်တဲ့ ကောင်းကျိုးတွေ ရရှိပါတယ်။ ကမ္ဘာတစ်ဝန်းရှိ အထင်ကရ မိုဘိုင်းလ်ဖုန်း အမှတ်တံဆိပ်များဟာ သုံးစွဲသူများအတွက် အရည်အသွေးကောင်း ထုတ်ကုန်များကို အပြို င်အဆိုင် ဈေးနှုန်းလျှော့ချပြီး ရောင်းချနေကြ စမြဲပါ။

TECNO Mobile ကတော့ နိုင်ငံတကာဈေးကွက်၊ အထူးသဖြင့် အာဖရိကဈေးကွက်မှာ နာမည်ကောင်းတွေ ရရှိထားပြီး မကြာမီမှာတော့ မြန်မာ့စမတ်ဖုန်း ဈေးကွက်ထဲကို အသစ် ၀င်ရောက်လာ တော့မယ့် မိုဘိုင်းလ်ဖုန်း အမှတ်တံဆိပ် တစ်ခုပဲ ဖြစ်ပါတယ်။

TECNO ဟာ အရည်အသွေးကောင်း စမတ်ဖုန်းများကို ချိုသာတဲ့ ဈေးနှုန်းနဲ့ ရောင်းချပေးသွားရန်မက သုံးစွဲသူများ၏ လူမှုဘ၀နှင့် အလေ့အထများအတွက်ပါ အလေးအနက်ထားတဲ့ မိုဘိုင်းဖုန်း အမှတ်တံဆိပ် ဖြစ်ပါတယ်။ TECNO အမှတ်တံဆိပ်ဖြင့် စမတ်ဖုန်း အသစ် (၃) လုံး မြန်မာပြည် ဈေးကွက်ထဲသို့ မကြာမီမှာ ၀င်ရောက်လာပါတော့မယ်။ ၄င်း စမတ်ဖုန်း အသစ် (၃) လုံးမှာ CAMON CM၊ SPARK CM နှင့် SPARK တို့ ဖြစ်ပါတယ်။ CAMON CM နှင့် SPARK CM တို့မှာတော့ ဘေးဘောင်မဲ့ မျက်နှာပြင်ပြည့် (Bezel-Less) Full-Screen Display ပါဝင်မှာဖြစ်ပြီး ဘက်ထရီကလည်း သာမန်သုံးစွဲမှုအတွက် တစ်ရက်ခွဲ အထိ တာရှည်ခံမှာ ဖြစ်ပါတယ်။ CAMON CM နဲ့ SPARK CM တို့မှာ Android Nougat ထည့်သွင်းပေးထားပြီး စမတ်ဖုန်း နောက်ကျောမှာ လက်ဗွေရာ လုံခြုံရေးစနစ် တပ်ဆင်ပေးထားပါတယ်။

လန်းဆန်းလှပတဲ့ Selfies တွေ ရိုက်ကူးပေးနိုင်တဲ့ အရှေ့ဖက် Selfie Camera၊ ပုံထွက်နှုန်း အထူးကောင်းမွန်ပြီး ကြည်လင်ပြတ်သားတဲ့ ဓါတ်ပုံ ရရှိနိုင်တဲ့ နောက်ကျောဖက် Rear Camera တွေ ပါတယ့် ကင်မရာဖုန်း အသားပေး စမတ်ဖုန်းတစ်ခုကို ရှာဖွေနေတယ် ဆိုရင်တော့ အဝေးကြီးကို ကြည့်မနေပါနဲ့တော့။  CAMON CM နှင့် SPARK CM စီးရီးများကတော့ သင့်ရဲ့အိပ်မက်ထဲက စမတ်ဖုန်းတွေပဲ ဖြစ်ပါတယ်။ နေ့ည အချိန်မရွေး၊ အလင်းရောင် မကောင်းမှာကို စိတ်ပူစရာ မလိုတော့ပါဘူး။ ဖုန်း (၂) ခုလုံးမှာ တပ်ဆင်ပေးထားတဲ့ ကင်မရာများရဲ့ Aperture က အလင်းရောင် ဝင်ရောက်မှု နည်းပါးတဲ့ အခြေအနေတွင် အလင်း လုံလောက်စွာ ပေးနိုင်မှာဖြစ်ပြီး၊ မှောင်မိုက်နေတဲ့ အခန်းထဲမှာပင် Selfies များကို အလင်းရောင်ပေး နိုင်တဲ့ Single-Flash နှင့် နောက်ကျောပြင် ကင်မရာအတွက် (၄) ခုတွဲ Quad Flash တို့ တပ်ဆင်ပေးထားပါတယ်။

စိတ်တိုင်းကျတဲ့ Selfies ကောင်း တစ်ပုံ ရရှိနိုင်ဖို့ Selfies ဓါတ်ပုံများစွာ ရိုက်ကူးခဲ့ရတဲ့ နေ့ရက်များကို မေ့ထားလိုက်ပါတော့။ TECNO Mobile ရဲ့ CAMON CM နဲ့ SPARK CM တို့နဲ့ ရိုက်ကူးမယ်ဆိုရင် Selfies ဓာတ်ပုံတိုင်းဟာ အနုပညာမြောက်နေမှာ သေချာပါတယ်။ ၂၀၁၈ ခုနှစ်အတွက် မြန်မာနိုင်ငံ ဈေးကွက်မှာ စိတ်ဝင်စားမှု အခံရဆုံး စမတ်ဖုန်းများကို လာမယ့် ဖေဖော်ဝါရီ (၂၆) ရက်နေ့မှာ မိတ်ဆက်ပြသ သွားတော့မှာ ဖြစ်ပါတယ်။

CAMON CM ကိုပဲ ဝယ်ဝယ်၊ SPARK CM ကိုပဲသုံးသုံး ဒီစမတ်ဖုန်း (၂) ခုလုံးမှာ အရည်အသွေးမြင့် ကင်မရာနှင့် လွယ်ကူချောမွေ့ပြီး စွမ်းရည်မြင့်တဲ့ လုပ်ဆောင်ချက်တွေကို ရရှိနိုင်မှာပါ။ ဂိမ်းကစားခြင်းသာမက လုပ်ဆောင်ချက်အများအပြားကို Multitask တစ်ပြိုင်နက် ပြုလုပ်ချင်းအတွက်လည်း သင့်တော်ပါတယ်။ TECNO Mobile ရဲ့ ပြိုင်ဖက်များကို အပြင်ထန်ဆုံး ထိုးနှက်ချက်ကတော့ ဈေးနှုန်းပဲဖြစ်ပြီး စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများကို အထူးချိုသာတဲ့ ဈေးနှုန်းနဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

TECNO Mobiles ဟာ ယင်းတို့ ထုတ်လုပ်ရောင်းချတဲ့ စမတ်ဖုန်းများကို (၁၃) လ အာမခံ ပေးထားတဲ့အပြင် စမတ်ဖုန်း မျက်နှာပြင် ကွဲအက်ခဲ့ပါက ပြုပြင်ပေးမယ့် (၃) လ အာမခံလည်း ထည့်သွင်းပေးထား ပါသေးတယ်။ အထူးခြားဆုံးကတော့ TECNO Mobile ရဲ့ ရက် (၁၀၀) အာမခံဖြစ်ပြီး ဝယ်ယူချိန်မှ ရက် (၁၀၀) အတွင်း လဲလှယ်ပေးမယ့် Replacement အာမခံလည်း ပါရှိပါသေးတယ်။

TECNO CAMON CM နဲ့ SPARK CM တို့ရဲ့ စွမ်းဆောင်ရည်ပိုင်း၊ လုပ်ဆောင်ချက်ပိုင်းဆိုင်ရာ အသေးစိတ်များကို TECNO Mobile ရဲ့ အင်တာနက် စာမျက်နှာ www.tecno-mobile.com နဲ့ Facebook စာမျက်နှာ www.facebook.com/tecnomobilemyanmar တို့တွင် ကြည့်ရှုနိုင်ပါတယ်။ သင်ဟာ Selfie ရိုက်ကူးရတာ မြတ်နိုးပြီး အရည်အသွေးကောင်းတဲ့ ဓါတ်ပုံများကို စမတ်ဖုန်းဖြင့် ရိုက်ကူးလိုပါက TECNO CAMON စီးရီးကတော့ သင့်အတွက် အသင့်တော်ဆုံးပဲ ဖြစ်ပါလိမ့်မယ်။

 

TECNO Mobile အကြောင်း

          TECNO သည်Transsion R&D လက်အောက်တွင် ထုတ်လုပ်ဖြန့်ဖြူးနေတဲ့ လက်ရှိအာဖရိက ရဲ့ ထိပ်ဆုံးမိုဘိုင်းဖုန်းတံဆိပ် (၃)ခုထဲမှာ တစ်ခုပါဝင်တဲ့ မိုဘိုင်းဖုန်းအမှတ်တံဆိပ်ဖြစ်ပါတယ်။ ကမ္ဘာ တစ်ဝန်းတွင် စက်ရုံပေါင်း ၅ခုဖြင့် တစ်နေ့လျှင် ဟန်းဆက် အလုံးပေါင်း (၃၀၀,၀၀၀)ကျော် ထုတ်လုပ် နေပါတယ်။ ရှန်ဟိုင်း၊ ဘေကျင်း၊ လားဂိုစ် (နိုင်ဂျီးရီးယား)နှင့် နိုင်ရိုဘီ (ကင်ညာ) တို့တွင် အတွေ့အကြုံရှိ ကျွမ်းကျင်ပညာရှင်အယောက် (၈၀၀)ကျော်ဖြင့် Transsion R&D centersများထား ရှိပြီးအရည်အသွေးပြည့်မှီတဲ့ ပြင်သစ်မှ ဒီဇိုင်းအဖွဲ့က အထောက်အပံ့ပေးထားပါတယ်။ လက်ရှိ အချိန်မှာတော့ TECNO ဟာ၎င်းတို့ရဲ့  Smartphones ၊ tablets နှင့် Feature Phones ထုတ်ကုန်    များကို ချိုသာတဲ့ဈေးနှုန်းတွေနဲ့ နိုင်ငံပေါင်း (၄၀)ကျော်မှာဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။ အသေးစိတ်အချက် အလက်များ သိရှိလိုပါက –

Website: http://www.tecno-mobile.com

Facebook: https://web.facebook.com/TECNOMobileMyanmar/

ShweInnlay

Be the first to comment

Leave a Reply

Your email address will not be published.


*