ကမ္ဘာတစ်ဝန်းက ဇိမ်ခံလို့အကောင်းဆုံး အဆင့်မြင့်ဟိုတယ်များ

ခရီးသွားတဲ့အခါမှာ သက်တောင့်သက်သာနဲ့ အပန်းဖြေအနားယူနိုင်မှ ပျော်ရွှင်စရာခရီးစဉ်လေးကို ဖန်တီးနိုင်မှာပါ။ ကိုယ်တည်းခိုမယ့် ဟိုတယ်က service လည်း ကောင်းပြီး၊ ဇိမ်ကျမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။ ဒါ့ကြောင့် မို့လို့ ကမ္ဘာပတ်ပြီး ခရီးသွားတဲ့သူတွေ အတွက် ကမ္ဘာ တစ်ဝန်းမှာ ရှိတဲ့ အဆင်မြင့်ဆုံး Service ပေးပြီး ဇိမ်ခံလို့အကောင်းဆုံး ဟိုတယ်များကို ဖော်ပြပေးချင်ပါတယ်။

(၁) Mardan Palace Hotel, Turkey

ဒီဟိုတယ်ကို ရုရှားဘီလျံနာသူဌေးကြီး Telman Ismailov ကဆောင်လုပ်ခဲ့တာဖြစ်ပြီး ကုန်ကျ စရိတ်ပေါင်း ဒေါ်လာ ၁ ဒဿမ ၆၅ ဘီလီလျံ ကုန်ကျခံပြီး အခမ်းနားဆုံး ဆောက်လုပ်ခဲ့တဲ့ အတွက် ဥရောပတခွင်မှာ ဇိမ်အကျဆုံးဟိုတယ် စာရင်းဝင်ပါတယ်။ Mardan Palace Hotel မှာက အကြီးဆုံး ရေကူးကန်တည်ရှိနေတာကိုက ထူးခြားချက်တစ်ခုပါပဲ။

(၂) Emirates Palace Hotel, Abu Dhabi

တော်ဝင်ဆန်ဆန် နေချင်တဲ့သူတွေအတွက် ကမ္ဘာပေါ်က အခမ်းနားဆုံးသော နောက်ထပ် ဟိုတယ် တစ်ခုကတော့ Abu Dhabi က Emirates Palace Hotel ကြီးပါပဲ။ ဒီဟိုတယ်ကို ဆောက်လုပ်ဖို့ အတွက် ဒေါ်လာ ၃ဘီလီလျံကုန်ကျခံ ထားတာဖြစ်ပြီး ဟိုတယ်ခန်းရဲ့ ပြင်ဆင်ထားမှုက တကယ့်ကို ခမ်းနားလွန်းလှပါတယ်။

(၃) Atlantis Paradise Island, Bahamas

Bahamas မှာရှိတဲ့ Atlantis Paradise Island ဟာဆိုရင် ဇိမ်ခံလို့အကောင်းဆုံး resort တစ်ခုပါပဲ။ ၂၃ လွှာမှာရှိတဲ့ Royal Tower Bridge Suite ကို ကြိုတင်ဘိုကင်လုပ်ပြီး အပန်းဖြေမယ်ဆိုရင်တော့ ခမ်းနားတဲ့ အိပ်ခန်း ၁၀ခန်းအပြင်  ထမင်းစားခန်း၊ စန္ဒယားခန်းတို့နဲ့ ဇိမ်ကျကျနေရမှာပါ။ တစ်ခုလုံးကို ငှားရမ်းလိုက်ပြီး မိမိစိတ်ကြိုက် နေထိုင်နိုင်တာကြောင့် အေးအေးဆေးဆေးသမားတွေ အတွက် အကောင်းဆုံး resort တစ်ခုပါပဲ။

(၄) Burj Al Arab Hotel, Dubai

ဟိုတယ်က ပင်လယ်ထဲ ရွက်လွှင့်နေတဲ့ ပုံစံအတိုင်း ဒီဇိုင်းအလန်းစားနဲ့ ဆောက်လုပ်ထားတာ ဖြစ်ပြီး တကယ့်သူဌေးကြီးတွေ တည်းခိုတဲ့ ကမ္ဘာ့ဇိမ်အကျဆုံး ဟိုတယ်တွေထဲက တစ်ခုအပါအဝင်ပါပဲ။ ဟိုတယ်ခန်း တစ်ခန်း အတွက် ကိုယ်ပိုင်အိမ်အကူ တစ်ယောက်ထားရှိပေးထားပြီး 24/7 service ပေးတဲ့ ဟိုတယ်ကြီးတစ်ခုပါပဲ။

(၅) Palms, Las Vegas

Las Vegas ကိုရောက်လို့ ဇိမ်ကျကျနဲ့ မြို့ရဲ့ ခမ်းနားမှုအရသာကို အပြည့်အဝ ခံစားကြည့်ချင်တယ် ဆိုရင်တော့ Palms ဟိုတယ်ကို ရွေးချယ်လိုက်ပါ။ Palms ရဲ့ roof top အခန်းတစ်ခုချင်းစီတိုင်း အတွက် ဖန်လုံဓာတ်လှေကားကို ထားရှိပေးထားပြီး Gym ခန်း၊ ချွေးထုတ်ခန်း အပြင် လူအယောက် ၂၅၀ လောက်ဆံ့တဲ့ Vegas Style party ပြုလုပ်ဖို့ နေရာလည်း ထားရှိပေးထားပါသေးတယ်။

နန်း(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*