အသားခြောက်သူများ အမြဲလုပ်ဆောင်သင့်တဲ့ အရေးကြီးအချက်များ

အသားအရေခြောက်သူတွေဟာ အဆီပြန်သူထက် ရုပ်ပိုင်းဆိုင်ရာ အိုမင်းရင့်ရော်မှု ပိုမြန်စေပါတယ်။အသားခြောက်ခြင်းဟာ ယားယံခြင်း၊အက်ကွဲခြင်း၊အဖတ်လန်ခြင်း၊တစ်ခါတစ်ရံတွင် သွေးထွက်ခြင်းအထိ ဖြစ်နိုင်ပါတယ်။ဒါတင်မက အရေးအကြောင်းတွေကိုပါ သိသိသာသာ ဖြစ်လာစေပါတယ်။မူလအသားအရေခြောက်တတ်သူတွေသာမက ဆောင်းတွင်း အသားခြောက်သူများပါ အောက်ပါအချက်တွေကို လိုက်နာဖို့ လိုပါတယ်။

၁။ရေချိုးခြင်းမှဖြစ်တဲ့အသားခြောက်ခြင်းကို ကြိုတင်ကာကွယ်ထားပါ။

  • ရေချိုးလျှင် လေမဝင်စေရန် တံခါးပိတ်ချိုးပါ။
  • ရေချိုးချိန်ကို ၅မိနစ်(သို့)၁၀မိနစ်ထက် မကျော်လွန်ပါစေနှင့်။
  • ရေပူအစား ရေနွေးသုံးချိုးပါ။
  • အမွှေးနံ့နည်းကာ ပျော့ပြောင်းသော သန့်စင်ပစ္စည်းတွေကိုသာ သုံးပါ။
  • မကြာခဏ ရေချိုးခြင်း၊မျက်နှာသစ်ခြင်း မပြုရပါ။
  • ရေချိုးပြီးလျှင် ခြောက်သွေ့သွားအောင် သဘက်ဖြင့် ညှင်သာစွာ သုတ်ပါ။
  • ခြောက်သွားတာနှင့် အစိုဓါတ်ထိန်းရန် moisturizer တစ်မျိုးမျိုး လိမ်းပေးပါ။

၂။ရေအသုံးပြုပြီးတိုင်း moisturizer လိမ်းပါ။

ရေချိးခြင်း၊မျက်နှာသစ်ခြင်း၊လက်ဆေးခြင်း စသဖြင့် ရေနှင့်ထိတွေ့ပြီးတိုင်းမှာ ရေခြောက်အောင် သုတ်ပြီးတာနှင့် အသားအရေ အစိုဓါတ်ထိန်းသိမ်းပေးရန် moisturizer တစ်ခုခုကို လိမ်းပေးရပါမယ်။လိုးရှင်းဖြစ်စေ၊ခရင်မ်ဖြစ်စေ၊ointments ဖြစ်စေ လိမ်းပေးဖို့ မမေ့ပါနှင့် ။

၃။လိုးရှင်းထက် Cream နှင့် Ointment အမျိုးအစားကို သုံးပါ။

Ointment နှင့် ခရင်မ် အမျိုးအစား moisturizer ဟာ လိုရှင်းထက် ပိုပြီးတော့ အရေပြားကို အစိုဓါတ်ထိမ်းပေးကာ ယားယံခြင်းတွေကိုပါ သက်သာစေပါတယ်။

၎။နှုတ်ခမ်းနီအဆီ(Lip Balm)ဆောင်ပါ။

အသားခြောက်သူတွေဟာ နှုတ်ခမ်းခြောက်သွေ့မှု ပြဿနာကိုပါ တပြိုင်တည်းခံစားရပါတယ်။ ဒါကြောင့် နှုတ်ခမ်းသား ကျန်းမာလှပဖို့ရာ နှုတ်ခမ်းအဆီကို အမြဲဆိုးပေးပါ။ညအိပ်ခါနီးတိုင်းမှာလည်း ဆိုးပေးဖို့ မမေ့ပါနှင့်။

၅။လက်အိတ်ဝတ်ပါ။

ချမ်းအေးတဲ့ရာသီ အပြင်ထွက်တဲ့အခါ အသားခြောက်မှု သက်သာအောင် လက်အိတ်ဝတ်သွားပါ။

၆။အမွှေးနံ့နည်းပြီး ပျော့ပြောင်းသော skin care product တွေသာသုံးပါ။

အနံ့မွှေးမွှေးလေးတွေ ကြိုက်တတ်ကြလို့ skin care product တွေဝယ်မယ်ဆို အမွှေးနံ့ပါတာလေးတွေမှ ရွေးဝယ်တတ်ကြပါတယ်။သို့သော် အသားအရေခြောက်သူတွေကတော့ skin care product တွေ ရွေးချယ်ဝယ်ယူတဲ့အခါ Chemical နည်းနိုင်သမျှနည်းပြီး အမွှေးနံ့မပါလေကောင်းလေပါပဲ။

CHAN (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*