LG Q6 ရဲ့အကောင်းဆုံးစွမ်းဆောင်ချက် ၅ခု

LG Q6 က LG G6 အလယ်အလတ်တန်းဖုန်းဆိုရင်လည်း မမှားပါဘူး။ ပြောရမယ်ဆိုရင် LG G6 ကို အရွယ်အသွေးပိုင်း လျှော့ချပြီး ဖန်တီးထားတဲ့ ဖုန်း ဖြစ်ပါတယ်။ LG Q6 ရဲ့ဒီဇိုင်းက LG G6 နှင့် တော်တော် တူပါတယ်။ ဒါပေမယ့် ကွဲပြားခြားနားမှု အချို့လည်း ရှိနေပါတယ်။ LG Q6 မှာ G6 လိုပဲ မျက်နှာပြင်အပြည့် ရုပ်ထွက် သုံးထားပြီး သတ္တုဘောင်သုံးထားပါတယ်။ အသေးစိတ်ကြည့်မယ်ဆိုရင် အသေအချာမြင်ရပါမယ်။ ဒါပေမယ့် G6 မှာလို မှန်သုံးထားတာ မဟုတ်ဘဲ ပလတ်စတစ် အသုံးပြုထားပါတယ်။ LG Q6 မှာ ကျောဘက်ကင်မရာတစ်ခုပဲ ပါဝင်ပါတယ်။ ကင်မရာကို အလယ်မှာ မထားဘဲ ညာထောင့်မှာ ထည့်သွင်းထားပါတယ်။ ဖုန်းဒီဇိုင်းတည်ဆောက်ပုံက ကောင်းမွန်ပါတယ်။

FULL VIEW DISPLAY

LG Q6 ရဲ့ Main Selling Point က FullView Display ဖြစ်ပါတယ်။ G6 လိုပဲ 18:9 သုံးထားပါတယ်။ မျက်နှာပြင်အပြည့်နီးပါး ရုပ်ထွက် ဖြစ်ပါတယ်။LG Q6 က မျက်နှာပြင် ၅.၅ လက်မရှိပါတယ်။ ဒါကြောင့်လည်း လက်တစ်ဖက်တည်းနဲ့ အလွယ်တကူ ကျစ်ကျစ်လစ်လစ် အသုံးပြုနိုင်ပါမယ်။ ရုပ်ထွက်ပိုင်းက ထင်မှတ်ထားတာထက် ကောင်းမွန်နေပါတယ်။ 2160×1080 lPS LCD ရုပ်ထွက် အသုံးပြုထားပါတယ်။ အရောင်ပေးစွမ်းမှုတိကျပါတယ်။ LG က ရုပ်ထွက်ပိုင်း ထုတ်လုပ်ရာမှာ ထိပ်တန်း နေရာ တစ်နေရာ ဘာကြောင့် ရရှိထားတယ်ဆိုတာ ဒီဖုန်းနဲ့ သက်သေပြထားပါတယ်။ ရုပ်ထွက်ကို Gorilla Glass 3 မှန်နှင့် အကာအကွယ်ပေးထားပါတယ်။

SNAPDRAGON 435 ပရိုဆက်ဆာ

LG Q6 ကို Octa-core Qualcomm Snapdragon 435 နှင့် ပါဝါထောက်ပံ့ထားပါတယ်။ Snapdragon 435 ပရိုဆက်ဆာဟာ  MediaTek Chip အချို့ထက် စွမ်းဆောင်ရည် မြင့်မားပါတယ်။  Adreno 505 GPU သုံးထားပါတယ်။ ဂိမ်းကစားတဲ့အခါ၊ ၀က်ဘ်ဆိုက်တွေ ကြည့်တဲ့အခါ အထစ်အငေါ့မရှိတာ တွေ့ရပါတယ်။ RAM3GB သုံးထားတာပါတယ်။ ဘာပဲဖြစ်ဖြစ် သာမန် အသုံးပြုသူများအတွက် လုံလောက်တဲ့ ပမာဏ ဖြစ်ပါတယ်။ LG Q6 မှာ Storage 32GB ပါဝင်ပါတယ်။ မလုံလောက်ရင် microSD မှ တစ်ဆင့် ထပ်မံ တိုးမြှင့်နိုင်ပါတယ်။ SlM ကတ်နှစ်ကတ် သုံးနိုင်ပါမယ်။

MIL STD 801G

LG Q6 မှာ အသုံးပြုထားတဲ့ ပလတ်စတစ် ဖြစ်ပါတယ်။ အလွယ်တကူ အစင်းရာပေါ်စေတာ တွေ့ရပါတယ်။ သို့ပေမယ့် အခြားစွမ်းဆောင်ချက်တစ်ခုကတော့ အားရစရပါ။ ဖုန်းရဲ့အကြမ်းခံနိုင်စွမ်းအတွက် စစ်ဘက်ဆိုင်ရာအဆင့် ၁၄မျိုးနဲ့ စမ်းသပ်ထားတာဖြစ်ပါတယ်။ ဒီစမ်းသပ်မှု တွေထဲမှာ အပူချိန်၊သဘာဝပတ်ဝန်းကျင်ဒဏ်၊ ဖိအားတုန်ခါမှုနဲ့ဆောင့်မိတာ ခံနိုင်စွမ်း၊ ဆား၊သဲ၊မြေမှုန်နဲ့ ရေနစ်မြုပ်ခြင်းဆိုတဲ့ ဒဏ်ခံနိုင်မှုတွေမှာ စစ်ဘက်ဆိုင်ရာအဆင့် 810G ထိစမ်းသပ်အောင်မြင် ထားတာဖြစ်ပါ တယ်။

FACE RECOGNITION

လက်ဗွေရာစနစ် မပါဝင်ပါဘူး။ ဒါပေမယ့် LG ဟာ ဖုန်းလုံခြုံရေးအတွက် မျက်နှာစကင်စနစ် ထည့်သွင်းပေးထားပါတယ်။ ကောင်းမွန်တဲ့ အစားထိုး သုံးစွဲမှု တစ်ခု ဖြစ်ပါတယ်။ Face Recognition စနစ်ပါတယ်ဆိုတော့လုံခြုံမှု ရှိလားဆိုတာ မေးစရာတောင်မလိုပါဘူး။ မျက်နှာမြင်လိုက်တာနဲ့ တုံ့ပြန်မှုကောင်းတဲ့ sensor ကြောင့် သင့်ဖုန်းကို လုံခြုံမှု အပြည့်ပေးနိုင်တယ်ဆိုတာ အသေအချာပါပဲ။ Setup လုပ်ရတာလည်း လွယ်ကူမြန်ဆန်ပါတယ်။

ANDROID 7.1.1

LG Q6 မှာ Android 7.1.1 Nougat အခြေခံ LG ရဲ့ UX 6.0 အသုံးပြုထားပါတယ်။ LG G6 နဲ့ ဆော့ဝဲလပ်ပိုင်း အတူတူ ဖြစ်ပါတယ်။ ဆော့ဝဲလ်ပိုင်းနဲ့ပတ်သက်ပြီး အသုံးပြုသူတွေ ကျေနပ်မှု ရရှိဖို့ သေချာပါတယ်။ LG Q6 မှာ microUSB အသုံးပြုထားပါတယ်။ USB Type C မသုံးတဲ့သူတွေအတွက် အဆင်ပြေပါတယ်။ LG Q6 မှာ ဘက်ထရီ 3000 mAh ပါဝင်ပါတယ်။ အလျှင်အမြန် အားသွင်းစနစ် မပါဝင်ပါဘူး။ ဒါပေမယ့် ၅၀ ရာခိုင်နှုန်း အားသွင်းဖို့ ၄၅ မိနစ်ပဲ အချိန်ယူရတာကြောင့် မဆိုးဘူးလို့ ပြောရပါမယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*