အချစ်စစ်ဆိုတာ အမှန်တကယ်ရှိကြောင်း သက်သေထူပြနေတဲ့ ကိုရီးယား အဘိုးအဘွားစုံတွဲ

အချစ်စစ် နဲ့ မကြုံဖူးသေးတဲ့သူတိုင်း အချစ်ဆိုတာ အမှန်တကယ် မရှိဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဆိုးဝါးတဲ့ အချစ်တွေ ၊ နာကြင်ရတဲ့ အချစ်တွေကိုသာ ပိုင်ဆိုင်ခဲ့ဖူးတဲ့ သူတွေအဖို့ အချစ်စစ်ဆိုတာ သူတို့အတွက် မဲ့ပြုံးတစ်ခုကိုသာ ဖန်တီးပေးပါလိမ့်မယ် ။ လောကမှာ အချစ်စစ် အမှန်တကယ်ရှိနေသေးတယ်ဆိုတဲ့အကြောင်း ကိုရီးယားနိုင်ငံရဲ့ အသက်ကြီး အဘိုးအဘွားစုံတွဲက သက်သေပြလိုက်ပါပြီ ။

ဒီအဘိုးနဲ့အဘွားဟာ အတူတူနေလာခဲ့တာ ၆၅ နှစ် ရှိခဲ့ပြီ ဖြစ်ပါတယ် ။ အဘွားကတော့ အယ်လ်ဇိုင်းမား ရောဂါဝေဒနာကို ခံစားနေရပြီး ခင်ပွန်းဖြစ်သူနဲ့ ပတ်သက်သမျှ အားလုံးကို မေ့လျော့နေပြီပဲ ဖြစ်ပါတယ် ။

သူမဟာ ခင်ပွန်းဖြစ်သူကို သူစိမ်းတစ်ယောက်လို့သာ နေ့စဉ် တွေးထင်နေလျက်ရှိသော်လည်း ခင်ပွန်းဖြစ်သူ အဘိုးကတော့ သူ့ရဲ့အချစ်တွေကို မျိုးစုံဖော်ပြကာ သူ့ကို မေ့မသွားဖို့အတွက် အဖွားနားမှာ အမြဲလိုလို တောင်းပန်တိုးလျှိုးလျက် ရှိပါတယ် ။

အဘိုးဟာ အဘွားဖြစ်သူရဲ့ အလှအပနဲ့ ပတ်သက်ပြီး အနားမှာနေကာ အမြဲတမ်း မရပ်မနား ချီးကျူးပြောဆိုလေ့ ရှိပါတယ် ။  အဘွားကိုလည်း သူမဟာ အချိန်တိုင်းမှာ အမြဲလှနေခဲ့ကြောင်း တီးတိုးပြောပြနေလေ့ ရှိပါတယ် ။

အဘွားဖြစ်သူရဲ့ လေချဉ်တက်သံ ၊ လေလည်သံကပင် သူ့အတွက် လှပတဲ့ သံစဉ်တစ်ခု ဖြစ်နေသလိုပါပဲတဲ့  ။ ဘယ်လောက်တောင် မြတ်နိုးစရာကောင်းတဲ့ အချစ်စိတ်များပါလဲနော်.. ကိုယ့်အပေါ် မမှတ်မိတော့တဲ့ ဇနီးသည်အပေါ် ချစ်ခင်မြတ်နိုးမှု မလျော့သွားဘဲ အမြဲလိုအနားမှာ ဂရုစိုက် ဖေးမရင်း သူ့ရဲ့အချစ်တွေနဲ့ လက်တွဲထားနေတုန်းပါ ။

သူတို့ရဲ့ ချစ်သက်တမ်းဟာ ၆၅နှစ်ကြာတည်ရှိနေပြီး ယခုအချိန်ထိကို ဘယ်နေရာသွားသွား လက်တွဲပြီး သွားနေတုန်းပါပဲတဲ့ ။ ဘယ်လိုအသေးအမွှားကိစ္စမျိုးကို လုပ်လုပ် ၊ အဘိုးဟာ အဘွားအပေါ် ချစ်ခင်မြတ်နိုးတဲ့စိတ်နဲ့ ဂရုတစိုက် ကြည့်ရှုနေတတ်ပါတယ် ။

သိပ်ကို မြတ်နိုးစရာကောင်းတဲ့ “ အချစ်စစ် ” ဆိုတာ ဒါပါပဲ…

CHAN (ရွှေအင်းလေး)

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*