တူနာငါးတွေက ကျန်းမာရေးကို ထိခိုက်စေတာကြောင့် သိပ်မစားသင့်

ပင်လယ်ငါးဖြစ်တဲ့ တူနာငါးတွေဟာ ကျန်းမာရေးကို ထိခိုက်စေတဲ့ ဓါတ်တွေ ပါဝင်လို့ သိပ်မစားသင့်ဘူးလို့ ဆိုပါတယ်။ အဓိကအားဖြင့် တူနာငါးဆီသွပ်ဘူးတွေမှာ ပါဝင်တဲ့ မာကျူရီ နဲ့ polychlorinated biphenyls ခေါ်တဲ့ ဓါတ်တွေဟာ ကျန်းမာရေးအတွက် ထိခိုက်စေပါတယ်။ထိုပါဝင်ပစ္စည်း ၂မျိုးဟာ ပင်လယ်ရေ နှင့် ပင်လယ်ရဲ့အောက်ခြေ အနည်တွေမှာ တည်ရှိနေတတ်ပါတယ်။

သို့သော်လည်း သိပ္ပံပညာရှင်တွေရဲ့ လေ့လာသုံးသပ်ချက်အရ အန္တရာယ်ရှိတဲ့ ထိုအဆိပ်အတောက်တွေဟာ ငါးမန်းနှင့် နှုတ်သီးရှည်ငါး(swordfish)တွေနဲ့ယှဉ်လျှင် တူနာငါးမှာ ၃ဆလောက်သာ ပါဝင်တယ်လို့ ဆိုပါတယ်။ အမျိုးသားတွေအနေဖြင့် တူနာငါးကို တစ်ပါတ်လျှင် ၄ကြိမ်ထက် ပိုမစားသင့်သလို အမျိုးသမီးများမှာ တစ်ပါတ် ၂ကြိမ်ထက် ပိုမစားသင့်ဘူးလို့ ဆိုပါတယ်။

တူနာငါးဟာ ကျန်းမာရေးအတွက် စားသင့်တဲ့ ငါးတွေထဲမှာ မပါဝင်ပါဘူး။အငန်ကဲပြီး အဆီများလွန်းတာကြောင့် ဖြစ်ပါတယ်။ဒါ့အပြင် လူ့ခန္ဓာကိုယ်အတွက် မကောင်းတဲ့ ကာဗွန်ဟိုက်ဒရိတ်တွေလည်း ပေါကြွယ်ဝပါတယ်။ ပရိုတိန်းကြွယ်ဝပြီး လူကိုတော့ မဝစေပါဘူး။တူနာငါးကိုစားသင့်တဲ့အချိန်ကတော့ ဝိတ်လျှော့နေတဲ့အချိန်ပဲ ဖြစ်ပါတယ်။

CHAN(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*