အမွှာညီအစ်ကိုနှစ်ယောက်နဲ့ လက်ထပ်ခဲ့ကြတဲ့ အမွှာညီအစ်မနှစ်ယောက်

အမွှာနှစ်တွဲရဲ့ ပုံပြင်ဆန်ဆန် အချစ်ဇာတ်လမ်းလေးပါပဲ။ အမွှာညီအစ်ကိုနှစ်ယောက်က အမွှာညီအစ်မနှစ်ယောက်ကို ၂ ရက် ၂ လက လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ ဒါ့အပြင် သူတို့အတွဲနှစ်တွဲက သူတို့နိုင်ငံရဲ့ အမွှာနေ့ပွဲတော်တစ်နေ့မှာ လက်ထပ်ပွဲကို အတူတူကျင်းပခဲ့ကြပါတယ်။

သူတို့တွေက ပြီးခဲ့တဲ့နှစ် အမွှာတွေ့ဆုံပွဲတစ်ခုမှာ စတင်တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ ညီအစ်ကိုနှစ်ယောက်စလုံး ချစ်မြတ်နိုးတဲ့ အမွှာညီအစ်မနဲ့သာ လက်ထပ်မယ်ဆိုတဲ့ အမွှာညီအစ်ကိုနှစ်ယောက်ရဲ့ဆန္ဒက ပြည့်ဝသွားခဲ့ပါတယ်။ အမွှာအချင်းချင်းလက်ထပ်ကြတဲ့အပေါ် အမွှာညီအစ်မနှစ်ဦးကလည်း အမွှာတွေကြားက ဆက်ဆံရေးကို အမွှာအချင်းချင်းက ပိုနားလည်ပေးနိုင်တယ်လို့ ဆိုပါတယ်။ လက်ထပ်ပြီးနောက် သူတို့ဟာ တစ်အိမ်ထဲအတူတူနေကြပြီး အတူတူကလေးရဖို့ မျှော်လင့်တယ်လို့ ဆိုထားပါတယ်။

ခမ်းမူး (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*