“Uniqlo” Fashion ရဲ့ မျက်နှာသစ်မော်ဒယ်ဖြစ်လာတဲ့ မင်းသမီးလေး Kim Go Eun

ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး လူကြိုက်များခဲ့တဲ့“Goblin” မှင်စာ ဇာတ်လမ်းတွဲဖြင့် လူသိများခဲ့တဲ့ သရုပ်ဆောင် မင်းသမီးလေး Kim Go Eun ဟာ ကမ္ဘာကျော် ဖက်ရှင် brand ဖြစ်တဲ့ Uniqlo ရဲ့ မော်ဒယ်အသစ် ဖြစ်လာခဲ့ပါပြီ။

Go Eun ဟာ ချောမောလှပလွန်းတဲ့အသွင်မဟုတ်ဘဲ မျက်လုံးမှေးမှေး အပြုံးချိုချိုလေးနဲ့ ချစ်စရာကောင်းတဲ့ အသွင်အပြင်ကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်။

Uniqlo ဟာ သူမရဲ့ ရိုးရှင်တဲ့သွင်ပြင် ၊ အလုပ်ကြိုးစားမှုတွေကြောင့် သူတို့ brand နှင့် လိုက်ဖက်ညီမည်ဟု ယူဆကာ သူမကို မော်ဒယ်လ်အသစ်အဖြစ် ကမ်းလှမ်းခဲ့ခြင်း ဖြစ်ပါတယ်။

Go Eun ဟာUniqlo အမှတ်တံဆိပ် အဝတ်အစားများကို နေ့စဉ်ဝတ်နေရုံမက ဇာတ်လမ်းရိုက်တဲ့အခါမှာလည်း  ကာရိုက်တာ တော်တော်များများအတွက် အဆင်ပြေတာကြောင့် အမြဲဝတ်ဆင်ဖြစ်တယ်လို့ ဆိုထားပါတယ်။

သူမဟာ ဖေဖော်ဝါရီလအကုန်မှာ Uniqlo New Model အဖြစ် စတင်လုပ်ကိုင်သွားမှာပဲဖြစ်ပါတယ်။ သူမရဲ့ ချစ်စရာကောင်းတဲ့ပုံလေးတွေကို အောက်မှာ ကြည့်ရှုခံစားနိုင်ပါတယ်နော်။

မသိဘူး..အဲ့ မျက်မှေးလေးကို ချစ်တယ်…

CHAN (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*