Latest post

အပြည်ပြည်ဆိုင်ရာမှာရှိကြတဲ့ အံ့ဖွယ်အကောင်းဆုံး နှင့် အလှပဆုံး တံတားများ

ဖန်တီးမှုအားကောင်းကောင်း နဲ့ တကယ့် ခိုင်ခိုင်မာမာ တည်ဆောက်ထားတဲ့ တံတားကြီးတွေ နိုင်ငံတကာမှာ ရှိကြပါတယ်။ မြင်လိုက်ရုံနဲ့တင် တော်တော်လှပါလား၊ မိုက်ပါလားလို့ ပြောရလောက်တဲ့အထိကို ဒီဇိုင်းဆန်းသစ်တဲ့ တံတားတွေပါ။ တံတားဆောက်တဲ့ အင်ဂျင်နီယာတွေအပြင် ဆောက်လုပ်ရေးကို ဝါသနာပါတဲ့သူတွေလည်း လေ့လာကြည့်ရှုလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်နော်။

Banpo Bridge Korea

တောင်ကိုရီးယား ဇာတ်လမ်းတွဲတွေမှာပါတဲ့ ဟန်မြစ်က တံတားကြီးပေါ့။

Devils Bridge Germany

တကယ်ကို လှပတဲ့ တံတားလေးပါ..

Tower Bridge

လန်ဒန်မြို့ကြီးရဲ့ အထင်ကရတွေထဲက တစ်ခုပါဝင်တဲ့ တံတားကြီးပါ

Millennium Bridge

London Millennium Footbridge လို့ခေါ်ဝေါ်ကြတဲ့ တံတားကြီးပါ.. စတီးတွေကို အဓိကအသုံးပြုပြီး တည်ဆောက်ထားတဲ့ ကြိုးတံတားပေါ့။

Multnomah Falls Bridge

ရေတံခွန်တွေကြားထဲက တံတားလေးပါ။ ကိုလံဘီယာမှာ တည်ရှိပါတယ်။

Trift Bridge

ဒါကတော့ ရိုးရျင်းတဲ့ ကြိုးတံတားအမျိုးအစားပါပဲ။ ပေ 320 ကျော်အမြင့်ရှိပြီး  အရှည်ကတော့ ပေ ၅၅၀ ကျော် ရှိပါတယ်။

Magdeburg Water Bridge

ဒီလို ရေပေါ်တံတားလေးကတော့ ဂျာမနီမြို့နယ်မှာ တည်ရှိနေတာပါ.. ချစ်စရာလေးနော်..

Jiangzhou Immortal Bridge

တရုတ်ပြည်က သဘာဝအတိုင်း ဖြစ်တည်နေတဲ့ တံတားပါ။ ခရီးသွားတွေ အရောက်များကြတဲ့ နေရာတစ်ခုဆိုလည်း မမှားပါဘူး။

Lego Bridge

ဂျာမနီလို The Lego-Brücke လို့ခေါ်ဝေါ်ပြီးတော့ ကွန်ကရစ် တံတား အမျိုးအစားပါပဲ။

CHAN (ရွှေအင်းလေး)

 

Be the first to comment

Leave a Reply

Your email address will not be published.


*