၂၀၁၈ ခုနှစ် တရုတ်နှစ်သစ်ကူးကို ကြိုဆိုသည့်အနေဖြင့် အမေရိကန် သုည ဒေါ်လာ မှ စတင်၍ ကျသင့်မည့် ပရိုမိုးရှင်းလက်မှတ် ဆယ်သိန်းကျော်ကို Vietjet မှ ပေးအပ်

၂၀၁၈ ခုနှစ် တရုတ်နှစ်သစ်ကူးကို ကြိုဆိုသည့်အနေဖြင့် အမေရိကန် သုည ဒေါ်လာ မှ စတင်၍ ကျသင့်မည့် ပရိုမိုးရှင်းလက်မှတ် ဆယ်သိန်းကျော်ကို Vietjet မှ ပေးအပ်

ဗီယက်နမ်၏အကြီးမားဆုံးပွဲတော်မှ မြန်မာခရီးသွားများအား ကြိုဆိုလျက်ရှိ

(ရန်ကုန်၊ စက်တင်ဘာ ၂၇၊ ၂ဝ၁၇) – Vietjet လေကြောင်းလိုင်းသည် ၂၀၁၈ခုနှစ်၊ တရုတ်နှစ်သစ်ကိုကြိုဆိုသည့်အားဖြင့် အမေရိကန် သုည ဒေါ်လာ (အခွန်အခနှုန်းများမပါ)မှ စတင်၍ ကျသင့်မည့် အထူးဈေးနှုန်းလက်မှတ်ပေါင်း တစ်ဆယ့်နှစ်သိန်းနှစ်သောင်းကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်မှ ၂၉ ရက်အထိ ရောင်းချပေးသွားမည်ဖြစ်ပါသည်။ မြန်မာခရီးသွားများအနေဖြင့် ပရိုမိုးရှင်းမှတဆင့် တရုတ်နှစ်သစ်ကူးကာလအတွင်း ဗီယက်နမ်နိုင်ငံ၏ အခမ်းနားဆုံးပွဲတော်ကြီးတွင် ပါဝင်ဆင်နွှဲရန် တန်ဖိုးသင့်ခရီးစဉ်များ စီစဉ်နိုင်မည်ဖြစ်သည်။

ယခုပရိုမိုးရှင်းလက်မှတ်များသည် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်မှ ၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက် အတွင်း ရန်ကုန်မှ ဟိုချီမင်းနှင့် ဟနွိုင်းမြို့များသို့ ပျံသန်းသော နိုင်ငံတကာလေကြောင်းပျံသန်းမှု ခရီးစဉ်များအတွက် အကျုံးဝင်မည် ဖြစ်ပါသည် ရန်ကုန်-ဟိုချီမင်း နှင့် ရန်ကုန်-ဟနွိုင်း ခရီးစဉ်များကို တစ်နေ့လျင် တစ်ကြောင်းနှုန်းဖြင့် တစ်ပတ်လျင် ခုနှစ်ရက်(နေ့စဉ်) ပြေးဆွဲလျက်ရှိပါသည်။ ပရိုမိုးရှင်းလက်မှတ်များသည် ရန်ကုန်မြို့အပြင် ဆိုးလ်၊ ဘူဆန် (တောင်ကိုရီးယား)၊ ဟောင်ကောင်၊ Kaohsiung၊ ထိုင်ပေ၊ ထိုင်နမ်၊ ထိုင်ချွန် (ထိုင်ဝမ်)၊ စင်ကာပူ၊ ဘန်ကောက် (ထိုင်း)၊ ကွာလာလမ်ပူ (မလေးရှား)၊ ဆီယမ်ရိ (ကမ္ဘောဒီးယား) အပါအဝင် Vietjet ၏ နိုင်ငံတကာ လေကြောင်းခရီးစဉ်အားလုံးတွင်လည်း အကျုံးဝင်ပါသည်။

ပရိုမိုးရှင်းလက်မှတ်များကို (မြန်မာစံတော်ချိန်) နံနက် ၁၁နာရီခွဲမှ နေ့လည် ၁နာရီခွဲ အတွင်း www.vietjetair.com (စမတ်ဖုန်းများဖြင့်လည်း ကြည့်ရှုနိုင်သည့် https://m.vietjetair.com) သို့မဟုတ် (“Booking” tab ကိုသာ နှိပ်၍)  www.facebook.com/vietjetvietnamတွင် ကြိုတင် booking ပြုလုပ်နိုင်သည်။ ငွေပေးချေမှုများကို Visa၊ Mastercard၊ JCB၊ KCP နှင့် American Express ကတ်တို့၏ ကြိုတင်ငွေပေးကဒ်၊ အကြွေးဝယ်ကတ်များဖြင့် လွယ်ကူစွာပြုလုပ်နိုင်သည်။

 

အစောဆုံးဝယ်ယူသောခရီးသည်များသည် အထူးဈေးနှုန်းများကို ရရှိနိုင်ပြီး လက်မှတ်ပြတ်သွားခြင်း သောကနှင့် ကင်းဝေးနိုင်မည်ဖြစ်ပါသည်။ ခရီးသွာလာမှုထူထပ်သောအချိန်တွင် အဆင်ပြေ ချေမွေ့စေရန် ခရီးသည်များအနေဖြင့် check-in နှင့် carry-on luggage များအတွက် Vietjet ၏ စည်းမျဉ်းများကို www.vietjetair.com. တွင် ကြိုတင်ဝင်ရောက်ကြည့်ရှုထားပါရန် အကြံပြုအပ်ပါသည်။

ဗီယက်နမ်တရုတ်နှစ်သစ်ကူးပွဲတော်(တက်)သည် ဗီယက်နမ်နိုင်ငံတွင် အကြီးမားဆုံးနှင့် ရှေးအကျဆုံး ပွဲတော်ဖြစ်ပါသည်။ ပွဲတော်အတွင်း မြို့ကြီးများ၊ အထူးသဖြင့် ဟနွိုင်းနှင့် ဟိုချီမင်းမြို့များတွင် အရောင်စုံလင် စည်ကားလှပလျက်ရှိပါသည်။ ဗီယက်နမ်နှစ်ကူးပွဲတော်ကို တရုတ်နှစ်ကူးပွဲကျင်းပသည့်  နေ့ရက်များအတိုင်းကျင်းပခြင်းဖြစ်ပြီး ပွဲတော်မှတဆင့် ခရီးသွားများအနေဖြင့် ဗီယက်နမ်နိုင်ငံ၏ ယဉ်ကျေးမှုနှင့် ပွဲတော်အငွေ့အသက်များကို အပြည့်အ၀ခံစားနိုင်မည်ဖြစ်ပါသည်။

Vietjet သည် နိုင်ငံတကာလေကြောင်းခရီးစဉ်များ ပျံသန်းမှုအကြိမ် ပမာဏကိုလည်း ဆက်လက်တိုး  မြှင့်လျက်ရှိသလို  ခရီးစဉ်လိုအပ်ချက်များ  အထူးသဖြင့် နှစ်သစ်ကူးအားလပ်ရက်အတွင်း မိသားစုများ ပြန်လည်ဆုံဆည်းမှုတွင် အထောက်အပံ့ဖြစ်ရန်အလို့ငှာ  အခေါက်ရေများ တိုးချဲ့ပြေးဆွဲလျက်ရှိပါသည်။  Vietjet သည်    ၎င်း၏အဆင့်မြင့် ၀န်ဆောင်မှု၊  အထူးလေယာဉ် စီးနှင်းခ နှုန်းထားများနှင့်  လေယာဉ်လက်မှတ် အတန်းအစား အမျိုးမျိုးတို့အပါအ၀င် သက်တောင့်သက်သာရှိသော ထိုင်ခုံများ၊ အရသာရှိသော ပူပူနွေးနွေးစားသောက်ဖွယ်ရာများ၊လေယာဉ်ပျံသန်းစဉ်အတွင်း အံ့သြဖွယ် အထူးအစီအစဉ်များဖြင့်  ဖော်ရွေပျူငှာသော လေယာဉ်ဝန်ထမ်းများမှ ခရီးသည်များအတွက် ပျော်ရွှင်ဖွယ် ခရီးစဉ်ဖြစ်အောင် ၀န်ဆောင်မှုပေးလျက်ရှိပါသည်။

 

(*) ဖော်ပြပါနှုန်းထားသည် အခွန်အခနှုန်းထားများ မပါဝင်ပါ။

ShweInnlay_Team

Be the first to comment

Leave a Reply

Your email address will not be published.


*