အမေရိကန်ဒေါ်လာ သုညမှ စတင်၍ကျသင့်မည့် လေယာဉ်လက်မှတ်ပေါင်း ငါးသိန်းပါဝင်သော Vietjet ၏ ပရိုမိုးရှင်းအစီအစဉ်ကို ယခုရာသီအတွင်း နောက်ထပ်တစ်ကြိမ် ဆက်လက်ကျင်းပ

Vietjet သည် ယခုနှစ်အတွင်း ၄င်း၏အကြီးမားဆုံး ပရိုမိုးရှင်း အစီအစဉ်ကို ဆက်လက်ကျင်းပလျက်ရှိရာ ဇန်န၀ါရီလ   ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ နေ့ရက်များအတွင်း    အမေရိကန် ဒ်ါလာ  သုည(အခွန်အခနှုန်းထားများမပါ)မှ စတင်သည့် ပရိုမိုးရှင်း   လေယာဉ်လက်မှတ် ပေါင်း ငါးသိန်းကို  ပေးအပ်သွားမည်ဖြစ်ပါသည်။

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ Vietjet နှင့် ပျံသန်းမည့်ခရီးသည်များသည် ဗီယက်နမ်ဒေါင် ၁ ဘီလီယံ (မြန်မာငွေ သိန်း ၆၀နီးပါး) တန်ဖိုးရှိ လေယာဉ်လက်မှတ်များနှင့် ဆုငွေများကိုလည်း ကံစမ်းနိုင်မည်ဖြစ်ပါသည်။ ထို့အတူ ၂၀၁၈ခုနှစ်၊ ဇန်န၀ါရီလ ၃၀ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အတွင်း “Vietjet Sky Fun” ဂိမ်းကို Apple App Store နှင့် Google Play Store တို့တွင် အခမဲ့ ဒေါင်းလုပ်ရယူ ကစားသော ခရီးသည်များသည်လည်း ဗီယက်နမ်ပြည်တွင်းနှင့် နိုင်ငံတကာခရီးစဉ်လက်မှတ်များကို ကံစမ်းနိုင်မည်ဖြစ်ပါသည်။

Vietjet ၏ “Enjoy Sky Festival” ပရိုမိုးရှင်းလက်မှတ်များသည် ၂၀၁၈ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အတွင်း (ဗီယက်နမ်အမျိုးသားပိတ်ရက်များမှအပ) ရန်ကုန်မှ ဗီယက်နမ်ကိုပျံသန်းမည့် နိုင်ငံတကာလေကြောင်းလိုင်းများအတွက် အကျုံးဝင်မည်ဖြစ်ပါသည်။ ပရိုမိုးရှင်းလက်မှတ်များရယူရင်း  ဖေဖော်ဝါရီလ၊ မတ်လနှင့် ဧပြီလများရှိ ပိတ်ရက်ရှည်များတွင် ခရီးသွားများအနေဖြင့် ဗီယက်နမ်နိုင်ငံ၏ သာယာလှပသော ရာသီဥတုကိုခံစားရင်း ယဉ်ကျေးမှုများ၊ အစားအစာအသစ်များကို  လေ့လာနိုင်မည်ဖြစ်ပါသည်။

ရန်ကုန်မြို့မှထွက်ခွာသည့်ခရီးစဉ်များအပြင် အလားတူကာလအတွင်း ပျံသန်းမည့် Vietjet ၏ ပြည်တွင်းခရီးစဉ်များနှင့် တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ ထိုင်း၊ စင်ကာပူ၊ မလေးရှားနှင့် ကမ္ဘောဒီးယား စသည့် နိုင်ငံတကာ ခရီးစဉ်လမ်းကြောင်းအားလုံးအတွက် အကျုံးဝင်မည်ဖြစ်ပါသည်။

လေယာဉ်လက်မှတ်များကို Vietjet ၏ ရွှေရောင်နာရီများအဖြစ် သတ်မှတ်ထားသော မြန်မာစံတော်ချိန် နံနက် ၁၁ နာရီခွဲမှ နေ့လည် ၁ နာရီခွဲအတွင်း အထူးလျှော့ဈေးနှုန်းထားများဖြင့်  Vietjet ၏ www.vietjetair.com    ဝက်ဘ်ဆိုက် (စမတ်ဖုန်းများဖြင့် အသုံးပြုလိုပါက https://m.vietjetair.com) သို့မဟုတ် www.facebook.com/vietjetvietnam တို့မှတဆင့် (“Booking” tab ကိုနှိပ်၍) ၀ယ်ယူနိုင်မှာဖြစ်ပါသည်။ ထို့အတူ Vietjet ၏ တိုက်ရိုက်တယ်လီဖုန်းလိုင်းဖြစ်သည့် +84 19001886 ကို ဖုန်းခေါ်ဆို၍လည်းကောင်း ၊ ပြည်တွင်းပြည်ပ လေယာဉ်အရောင်းဌာန များတွင်လည်းကောင်း မေးမြန်းဝယ်ယူနိုင်ပါသည်။  ငွေပေးချေမှုကို Visa, MasterCard, JCB, KCP နှင့် American Express တို့၏ ကြိုတင်ငွေပေးကဒ်၊ အကြွေး ၀ယ်ကဒ်များ နှင့် အင်တာနက်ဘဏ်လုပ်ငန်းအတွက် စာရင်းသွင်းထားသည့် ဗီယက်နမ်နိုင်ငံရှိ ဘဏ် ၃၂ ခုမှ ထုတ်ပေးသော ATM ကတ်များဖြင့် လွယ်ကူစွာ ဆောင်ရွက်နိုင်ပါသည်။

ခရီးသည်အခြေပြုလေကြောင်းလိုင်းတစ်ခုအဖြစ်ရပ်တည်ရန် ရည်သန်ရင်း Vietjet သည် ခရီးစဉ်လမ်းကြောင်းသစ်များ တိုးချဲ့ဖွင့်လှစ်လျက်ရှိသလို လေယာဉ်အသစ်စက်စက်များ အားဖြည့်ခြင်း၊  ခေတ်မီနည်းပညာများတွင် ရင်းနှီးမြှုပ်နှံခြင်းနှင့် ခရီးသည်များ၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် လေယာဉ်ပေါ်တွင် ထပ်တိုးဝန်ဆောင်မှုများနှင့် ပစ္စည်းများကို ၀န်ဆောင်ပေးလျက်ရှိပါသည်။ Vietjet ၏ စိတ်လှုပ်ရှားဖွယ် ပရိုးမိုးရှင်းအစီအစဉ်များနှင့် ဖျော်ဖြေရေးအစီအစဉ်များကြောင့် ခရီးသည်များ၏ ချစ်မြတ်နိုးမှုကို ခံရသော ရှေ့ပြေးလေကြောင်းလိုင်းတစ်ခု ဖြစ်ပါသည်။ Vietjet ၏အဆင့်မြင့် ၀န်ဆောင်မှု၊ လေယာဉ် စီးနင်းခ အထူးနှုန်းထားများနှင့်  လေယာဉ်လက်မှတ် အတန်းအစား အမျိုးမျိုးတို့အပါအ၀င် ခရီးသည်များအနေဖြင့် သက်တောင့်သက်သာရှိသော ထိုင်ခုံများပါဝင်သည့်  လေယာဉ်အသစ်များစီးနင်းပြီး  အရသာရှိသော ပူပူနွေးနွေး စားသောက်ဖွယ်ရာများ၊  လေယာဉ်အတွင်း ထပ်တိုးဝန်ဆောင်မှုများကို  ဖော်ရွေပျူငှာသော လေယာဉ်ဝန်ထမ်းများမှတဆင့်ရယူပြီး ပျော်ရွှင်ဖွယ် ခရီးစဉ်များ  ဖန်တီးနိုင်မည်ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*