မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာပါတဲ့ X20 Plus UD ကို Vivo မိတ်ဆက်

CES 2018 ပွဲမှာ အကြိုပြသခဲ့တဲ့ ဖုန်းကို Vivo အနေနဲ့ တရားဝင် မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ အမည်ကတော့ X20 Plus UD ဖြစ်ပြီး မျက်နှာပြင်အောက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားတဲ့ ကမ္ဘာ့ ပထမဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။

သူ့မှာ Clear ID 9500 Sensor ကို သူ့ရဲ့ အောက်မှာ အလုပ်လုပ်စေတဲ့ AMOLED Display တပ်ဆင်ထားပြီး အခြား Specifications များကတော့ ထွက်ရှိပြီးသား Vivo X20 Plus နဲ့ တူညီပါတယ်။ သူ့မှာ ၆.၄၃ လက်မ 18:9 Screen တပ်ဆင်ထားပြီး Resolution မှာ FullHD+ (2160×1080) ဖြစ်ပါတယ်။ 4GB RAM , 128GB Storage များ ထည့်သွင်းထားပါတယ်။ Hybrid SIM Slot ထည့်သွင်းထားတဲ့အတွက် Storage ကို မြှင့်တင်နိုင်ပါတယ်။

Vivo က X20 Plus UD မှာ အနောက်ကင်မရာနှစ်လုံးဖြင့် အဆင့်မြှင့်ထားပါတယ်။  12MP+5MP Camera များ ဖြစ်ပါတယ်။ အရှေ့ဘက်မှာ 12MP Camera နဲ့ LED Flash ပူးတွဲထားပါတယ်။ ဘက်ထရီက 3905mAh ဖြစ်ပြီး USB-C Port ပါပါတယ်။ 4G VoLTE , Bluetooth 5.0 များ ပါပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ၅၆၅ ဒေါ်လာဖြင့် ရောင်းချပေးမှာ ဖြစ်ပါတယ်။

ကေကေ(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*