တစ်ကိုယ်တည်းတစ်မားတွေ Valentine’s day ကို ဒီလိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းလိုက်ပါ

ချစ်သူစုံတွဲတွေ celebration လုပ်ကြတဲ့ Valentine’s day မှာ ချစ်သူတွေဒိတ်လုပ်ကြပြီး ချစ်ခြင်း မျှဝေကြပါတယ်။ ဒါပေမယ့် ချစ်သူမရှိတဲ့သူ၊ တစ်ကိုယ်တည်းသမား Single တွေအနေနဲ့လည်း valentine’s day ကို ပျော်ပျော်ရွှင်ရွှင်မဖြတ်သန်း ရဘူးလို့ ဘယ်သူပြောလဲ။ ချစ်သူရည်းစားမရှိလည်း ကိုယ်ချစ်ရတဲ့မိသားစုဝင် ဒါမှမဟုတ် တစ်ယောက်တည်းလည်း ပျော်ပျော်ကြီး အချိန်ကုန်ဆုံးလို့ ရပါတယ်။ ကဲ…. ဒီတော့ Single လေးတွေအတွက် ပျော်စရာကောင်းမယ့် valentine’s day plan တွေကို ပြောပြလိုက်ပါတယ်နော်။

(၁) ကိုယ့်ရဲ့single သူငယ်ချင်းတွေနဲ့ အချိန်ကုန်ဆုံးပါ

ကိုယ်နဲ့ဘဝတူ single သူငယ်ချင်းတွေ စုပြီးတော့ ဒိတ်လုပ်လို့ ရပါတယ်နော်။ valentine’s day ဆိုတာ ချစ်သူသမီးရည်းစားတွေပဲ celebration လုပ်ရတဲ့ နေ့မဟုတ်ပါဘူး။ ကိုယ်ချစ်ရတဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့လည်း ဒိတ်လုပ်ပြီး valentine’s day ကို ပျော်ပျော်ပါးပါးကြီး ဖြတ်သန်းနိုင်ပါတယ်။

(၂) Spa သွားပါ

V’day နေ့ဆိုတော့ နေရာအတော်များများမှာ စုံတွဲတွေနဲ့ ပြည့်နှက်နေမှာပဲလေ။ စားသောက်ဆိုင်၊ ရုပ်ရှင်ရုံ၊ ပန်းခြံ စတဲ့နေရာတွေမှာ လူတွေနဲ့ ရှုပ်ထွေးနေလို့ အေးအေးဆေးဆေးပဲ နေချင်တယ် ဆိုရင်တော့ Spa သွားပြီး ဇိမ်ခံအနားယူလိုက်ပါ။ ဒါမှမဟုတ် အိမ်မှာပဲ ရေချိုးကန်ထဲ ရေနွေးစိမ်ပြီး ဝိုင်သောက်တာ၊ သီချင်းအေးအေးလေးနားထောင်ပြီး အေးအေးဆေးဆေး အနားယူနိုင်ပါတယ်။

(၃) ဘား သွားပါ

ဒီလိုနေ့မျိုးမှာ တချို့စင်ဂယ်တွေအတွက်တော့ အရက်၊ ဘီယာ၊ ဝိုင် တွေက အဖော်မွန်ကောင်းပါပဲ။ ဒီတော့ အေးအေးဆေးဆေးထိုင်လို့ ရမယ့် ဘား တစ်ခုမှာ ကော့တေး၊ ဝိုင် တွေကို တစ်ယောက်တည်း ဇိမ်ကျကျသောက်သုံးလိုက်ပါ။

(၄) အိမ်မွေးတိရိစ္ဆာန်နဲ့ဆော့ကစားပါ

အိမ်တွင်းပုန်း single လေးတွေအတွက် မပျင်းရလေအောင် အိမ်ကခွေးကလေးတွေ၊ ကြောင်ကလေး တွေနဲ့ အတူဆော့ကစားလိုက်ပါ။ သူတို့လေးတွေကလည်း သင်ချစ်ရတဲ့ သူတွေပဲ မဟုတ်လား။ ခွေးကလေး၊ ကြောင်ကလေးစတဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေနဲ့ ဆော့ကစား တာက စိတ်ဖိစီးမှု ကိုလည်း လျော့ပါးစေသလို၊ အထီးကျန်ဆန်ချိန်တွေမှာဆို သူတို့လေး တွေက အဖော်မွန်ကောင်း တွေပါပဲ။

(၅) အိမ်မှာရုပ်ရှင်ကြည့်ပါ

ရုပ်ရှင်ရုံထိ သွားကြည့်နေစရာမလိုပါဘူး။ သည်းထိပ်ရင်ဖိုဇာတ်ကား၊ ဒါမှမဟုတ် ဇာတ်ကားကောင်း တွေကိုဝယ်ထားပြီး အိမ်မှာအေးဆေးကြည့်လို့ ရပါတယ်။ အိမ်မှာ မုန့်လုပ်စားလိုက်၊ ရုပ်ရှင်လေးကြည့် လိုက်နဲ့ ဘယ်လောက် ဇိမ်ရှိလိုက်သလဲ။

နန်း(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*