ထိုင်တဲ့ပုံစံကပြောတဲ့ သင့်အကြောင်း

ကိုယ်ခန္ဓာအစိတ်အပိုင်း အသွင်အပြင်၊ နေပုံထိုင်ပုံ အစရှိတဲ့ အကြောင်းအရာတွေနဲ့ လူတစ်ယောက်ရဲ့ အမူအကျင့်ကို အကြမ်းအားဖြင့် ခန့်မှန်းကြတာဟာ ဟိုအရင်ကတည်းက ဖြစ်ပါတယ်။ မှန်တယ်၊ မမှန်ဘူး အငြင်းပွားစရာတွေရှိပေမဲ့ လူအတော်များများက စိတ်ဝင်စားကြတာဟာ အမှန်ပါပဲနော်။ ဒီတစ်ခါမှာတော့ လူတစ်ယောက်ရဲ့ ထိုင်တဲ့ပုံစံကိုကြည့်ပြီး အမူအကျင့်တွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ပုံစံ (၁)

ဒီလိုလူတွေက ပြဿနာတွေကို အလွယ်တကူ ပြီးသွားစေတဲ့လူမျိုးပါ။ ပေါင်းသင်းဆက်ဆံရလွယ်ကူပြီး ဘယ်လိုအခြေအနေမျိုးကိုမဆို အေးအေးဆေးဆေး ရင်ဆိုင်နိုင်ပါတယ်။ ကလေးတစ်ယောက်လို ပေါ့ပါးတဲ့အပြုအမူရှိပြီး စိတ်ကူးအကြံတစ်ခုတည်းကို ကြာကြာဆုပ်ကိုင်မထားတတ်ပါဘူး။ စိတ်ကူးစိတ်သန်း သာလွန်ကောင်းမွန်ပြီး ချစ်စရာအပြုအမူများကို ပိုင်ဆိုင်ထားပါတယ်။

ပုံစံ (၂)

ဒီလိုလူတွေက အိပ်မက်စိတ်ကူးနဲ့နေတတ်သူတွေ ဖြစ်ပါတယ်။ တီထွင်ဖန်တီးမှု အလွန်ကောင်ပြီး ဆန်းသစ်တဲ့အကြံဥာဏ်တွေကြောင့် အသင်းအဖွဲ့နှင့် အဖွဲ့အစည်းတွေမှာ အရေးပါသူဖြစ်ပါတယ်။ ဖော်ရွေခြင်း၊ တက်ကြွခြင်း၊ စိတ်ဝင်တစားရှိခြင်းတို့ကြောင့် အပေါင်းအသင်းတွေက ချစ်ခင်ကြပါတယ်။ ခရီးသွားခြင်းကို အလွန်နှစ်သက်ပါတယ်။ ဆုံးဖြတ်ချက်ချပြီးရင် မတွန့်ဆုတ်ဘဲ လန်းဆန်းတက်ကြွစွာ လုပ်ဆောင်တက်ပါတယ်။

ပုံစံ (၃)

ဒီလိုလူတွေက ကိုယ့်ကိုယ်ကို သက်သောင့်သက်သာ နေတတ်သူတွေဖြစ်ပါတယ်။ မိမိကို တွန်းအားပေးခြင်း၊ ဖိအားပေးခြင်းတွေ လက်မခံပါဘူး။ ဒါပေမဲ့ အဝတ်အစားနဲ့ပတ်သက်လို့ အရွေးသန်ပြီး ခန့်မှန်းရခက်ပါတယ်။ တခြားသူတွေရဲ့အထင်အမြင်မှာ သူတို့ကို ဖြစ်သလိုနေတတ်သူတွေလို့ ထင်နိုင်ပေမဲ့ အမှန်တော့ လုံးဝမဟုတ်ပါဘူး။ သူတို့ရဲ့တစ်ခုတည်းသော အားနည်းချက်ကတော့ အာရုံစူးစိုက်မှုအားနည်းခြင်း ဖြစ်ပါတယ်။

ပုံစံ (၄)

ဒီလိုလူတွေက နောက်ကျခြင်းကို လုံးဝမကြိုက်ပါဘူး။ ထက်မြက်ခြင်း၊ စိတ်အားထက်သန်ခြင်းနှင့် အနစ်နာခံတတ်တဲ့စိတ်တို့ ရှိပါတယ်။ ပွင့်လင်းခြင်း၊ ရိုးသားဖြောင့်မတ်ခြင်းနှင့် မျှဝေခံစားတတ်ခြင်းတို့ ပိုင်ဆိုင်ပါတယ်။ ဘဝရဲ့အပြောင်းအလဲတွေကို အလွယ်တကူ လိုက်လျောညီထွေ နေတတ်သူတွေ ဖြစ်ပါတယ်။

ပုံစံ (၅)

ဒီလိုလူတွေက အလောတကြီးလုပ်ဆောင်ခြင်း လုံးဝမပြုမူတွေပါ။ အရာရာတိုင်းဟာ သူ့အချိန်နှင့်သူရှိတယ်လို့ ယုံကြည်သူတွေဖြစ်ပါတယ်။ ဒါကြောင့် အလုပ်လုပ်တဲ့အခါမှာလည်း အချိန်ယူပြီးမှ သေသေချာချာ လုပ်ဆောင်တတ်ပါတယ်။ တစ်ခါတစ်ရံမှာ ခေါင်းမာလွန်းသူတွေလည်း ဖြစ်ပါတယ်။ အလုပ်ကြိုးစားပြီး ရည်မှန်းချက်ကြီးပါတယ်။ မိမိရဲ့ရုပ်အသွင်အပြင်ကို ဂရုစိုက်ပြီး အလှအပကြိုက်ပါတယ်။

ခမ်းမူး (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*