တော်ဝင်မင်္ဂလာပွဲမှာ ဗစ်တိုးရီးယားဘက်ခမ်း မျက်နှာပျက်နေတဲ့အကြောင်းက…

တော်ဝင်မင်္ဂလာပွဲမှာ လူပြောအများဆုံးဖြစ်ခဲ့တဲ့ ဗစ်တိုးရီးယားဘက်ခမ်းရဲ့ မျက်နှာသေအပြုံးမဲ့တဲ့ ပုံရိပ်ပါပဲ။ ခင်ပွန်းဖြစ်သူ ဒေးဗစ်လက်ကိုတွဲပြီး တော်ဝင်မင်္ဂလာဆောင်ကို တက်ရောက်လာခဲ့တဲ့ ဗစ်တိုးရီးယားဘက်ခမ်းရဲ့ မျက်နှာအမူအရာဟာဆိုရင် တကယ့်ကို စိတ်ပျက်ဖို့ကောင်းပြီး ကျက်သရေ လုံးဝမရှိဘူးလို့ ဆိုရှယ်မှာ ပြစ်တင်ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

ဟုတ်ပါတယ်.. တကယ်လည်း ဗစ်တိုးရီးယားက လုံးဝအရယ်အမောမရှိခဲ့ပါဘူး။ မျက်နှာမကောင်းဘူး။ စိတ်ထဲတစ်ခုခုကို ခံစားနေရလို့ မြိုသိပ်ထားရတယ်ဆိုတဲ့ ခံစားမှုက အတိုင်းသားမျက်နှာမှာ ထင်းနေပါ တယ်။ မကောင်းတတ်သာလို့သာ လူတွေရှေ့ အသက်မပါတဲ့ အရယ်အပြုံးပြရပေမယ့်လည်း သူမဟာ စိတ်ပါလက်ပါ မရှိဟန်ပါဘူး။ ဒါ့ကြောင့်မို့လို့ တော်ဝင်မင်္ဂလာဆောင်ကို လေးစားသမှုမရှိဘူးလို့ ပြော ကြတာပါ။

ဒါပေမယ့် သူမဘာ့ကြောင့် ဒီလိုမျက်နှာမရွှင်မပြဖြစ်နေရသလဲဆိုတာ အကြောင်းအရင်းတစ်ခုလို့ ဆိုရ မယ့် အရာရှိကို ရှိနေပါတယ်။ သတင်းသမားတွေရဲ့ သတင်းအာရုံခံစားမှုကောင်းမှုကြောင့် သူမရဲ့ ဒီလိုမျက်နှာသေနေရတဲ့ အကြောင်းအရင်းကို တွေ့ခဲ့ရပါတယ်။ တကယ်တော့ ဗစ်တိုးရီးယားဘက်ခမ်း က ခင်ပွန်းဖြစ်သူနဲ့ပတ်သက်ပြီး နက်နက်နဲနဲခံစားခဲ့ရတဲ့ စိတ်ခံစားမှုကြောင့်လို့ သိရပါတယ်။

မင်္ဂလာပွဲမတိုင်မီညမှာ ခင်ပွန်းဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းဟာ ဇနီးဖြစ်သူမပါပဲ night out ပါတီတက်ခဲ့ တယ်လို့ သိရပါတယ်။ ပွဲစီစဉ်သူ ပရီစင်တာမိန်းကလေး ကာရာရဲ့ မွေးနေ့ပါတီပွဲကို တက်ရောက်ခဲ့တဲ့ ဒေးဗစ်ဘက်ခမ်းနဲ့ ကာရာရဲ့ ဓာတ်ပုံတွေကို အင်စတာဂ ရမ်အကောင့်မှာ မြင်တွေ့ခဲ့ရပြီးနောက်မှာ ဒေးဗစ်အပေါ် ဗစ်တိုးရီးယားက စိတ်အချင်းအခန့်မသင့် ကျိတ်ခဲမရဖြစ်ခဲ့ကြလိမ့်မယ်လို့ ခန့်မှန်း ရပါ တယ်။

ကာရာရဲ့အင်စတာဂရမ်မှာဆိုရင် ဒေးဗစ်နဲ့တွဲရိုက်ထားတဲ့ ဓာတ်ပုံနဲ့အတူ ဒေးဗစ်နဲ့ ဆုံတွေ့ခဲ့ပြီး ဘောလုံးအကျော်အမော်ရဲ့ မွေးနေ့ဆုတောင်းနဲ့ သူမအတွက် သောက်စားစရာတွေယူခဲ့တယ်ဆို တဲ့အကြောင်းနဲ့ ဘက်ခမ်းနဲ့ တွေ့ဆုံရတာ တကယ့်ကို စိတ်လှုပ်ရှားဖို့ကောင်းတယ်ဆိုတဲ့အကြောင်း ကို ရေးသားပြီး ပို့စ်တင်ထားခဲ့တာဖြစ်ပါတယ်။ ဒီ့အတွက်ကြောင့်လည်း ဗစ်တိုးရီးယားက စိတ်ဆိုးခဲ့ တာဖြစ်မှာပါ။ သိပ်ပြီးတော့လည်း ဒီပို့စ်ဟာ မကြာလိုက်ပါဘူး။ ကာယကံရှင်မိန်းကလေးက ဖျက်ပစ် သွားခဲ့ပါတယ်။

မေ(ရွှေအင်းလေး)

YOU MAY ALSO LIKE

Be the first to comment

Leave a Reply

Your email address will not be published.


*