ကိုယ်ဝန်ရပြီးနောက် ထွက်ပြေးတိမ်းရှောင်သွားတဲ့ အွန်လိုင်းချစ်သူအမျိုးသားကို ဆိုင်းပုဒ်ထောင်ပြီးအကြောင်းကြား

မက္ကဆီကိုက ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးဟာ သူမရဲ့ ကိုယ်ဝန်နဲ့သက်ဆိုင်သူ အမျိုးသားတစ်ဦး ကို အကြောင်းကြားဖို့ မြို့တော်မှာဆိုရင် ကြီးမားတဲ့ ဆိုင်းပုဒ်ကြီးတစ်ခုထောင်ကာ လူပျောက်ရှာဖွေမှု ပြုလုပ်ခဲ့ပါတယ်။ ဖေ့ဘွတ်ကနေ တဆင့် အမျိုးသား တစ်ဦးနဲ့ ရင်းနှီးချစ်ကြိုက်ခဲ့ပြီးနောက်မှာ ကိုယ်ဝန် ရသွားခဲ့တဲ့ သူမကို အဆက်အသွယ်လုံးဝဖြတ်တောက်ကာ ရှောင်ပြေးသွားခဲ့တဲ့ အမျိုးသားကို ကိုယ် ဝန်ရခဲ့ကြောင်းနဲ့ လက်သည်တရားခံဖြစ်ကြောင်း၊ ပြန်လည်ဆက်သွယ်ပေးဖို့ကို ကြေညာခဲ့တာဖြစ် တယ်လို့ သိရပါတယ်။

အမည်မဖော်လိုသူ သူမရဲ့ အံ့အားသင့်စရာကောင်းတဲ့ ဒီလိုမျိုး ဆိုင်းပုဒ်ထောင်ကြေညာခြင်းကို မက္က ဆီကို၊ ဆန်လူးဝစ်ပိုလိုစ်မြို့တော်က ဆေလ်ဗာဒေါနာဗာရိပ်သာလန်းနဲ့ မာရီယာနိုဂျင်နက်ဇ် လမ်းတစ် လျှောက်ရဲ့ လူမြင်နိုင်မယ့်ခပ်မြင့်မြင့် ကြော်ငြာဆိုင်းပုဒ်တွေ ပြုလုပ်ခဲ့ တာကို တွေ့ရပါတယ်။ နောက်ပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေတုန်းကဆိုရင်လည်း သူမဟာ ဆိုရှယ်နက်ဝက်နဲ့ လူမှုကွန်ရက် စာမျက်နှာ တွေမှာ သူမကိုယ်ဝန်ရှိကြောင်းနဲ့ သက်ဆိုင်သူအမျိုးသားအကြောင်းတွေကို ဝေမျှသတင်းပေးခဲ့တာ မျိုးတွေလည်း အများအပြား လုပ်ဆောင်ခဲ့သေးတယ်လို့ သိရပါတယ်။

အွန်လိုင်းဖေ့ဘွတ်အကောင့်အသုံးပြုခြင်း လူချင်းသိခဲ့ကြပြီး ငြိစွန်းခဲ့ရာမှ သူမကို ချန်ရစ်ထားခဲ့တဲ့ ချစ်သူအမျိုးသားကို သိရဖို့နဲ့ အဆက်အသွယ်ရဖို့ ဒီနည်းလမ်းတစ်ခုသာရှိတော့အတွက် ဒီလိုကြော်ငြာ ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ အဆိုပါ အမျိုးသားဟာ လူပါ သတင်းဖျောက်ဖျက်နေခဲ့တဲ့အပြင်ကို သူမဆီက ဆက်သွယ်လာမယ့် ဖုန်းနံပါတ်နဲ့ ဖေ့ဘွတ်အကောင့်တွေကိုလည်း ဘလော့ပစ်ခဲ့ကာ ရှောင် ထွက်သွားခဲ့ခြင်းဖြစ်ပါတယ်။ အတူနေထိုင်ခဲ့ကြပြီး ကိုယ်ဝန်ရှိသွားခဲ့တဲ့အကြောင်းကို သတင်းပေးခြင်း ဖြစ်ကြောင်းနဲ့ ကိုယ်ဝန်နဲ့ သက်ဆိုင်တဲ့အမျိုးသားကို ပြန်လည်ဆက်သွယ်လာဖို့ တိုက်တွန်းထားခြင်း ဖြစ်တယ်လို့လည်း သိရပါတယ်။

မေ(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*